March 13, 2025
 R

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

၂၅ နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ အခမ်းအနား အစိုးရ ဝန်ကြီးများ တက်ရောက်


7.8.2013

ရန်ကုန်မြို့မှာ မြန်မာ ကွန်ဗန်းရှင်း စင်တာမှာ ကျင်းပ နေတဲ့ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်း အနား ဒုတိယ နေ့ကို ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းနဲ့ ဦးအုန်းမြင့်တို့ တက်ရောက်ပြီး ငွေကျပ် ၁၅ သိန်း လှူဒါန်း လိုက်ပါတယ်။

ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဌ ဝန်ကြီး ဦးအောင် မင်းဟာ ရှစ်လေးလုံး ငွေရတု အခမ်း အနားကို အသိ အမှတ်ပြု အားပေးဖို့ တက်ရောက် တာ ဖြစ် တယ်လို့ မြန်မာ ငြိမ်းချမ်းရေး စင်တာက ဦးလှမောင်ရွှေက RFA ကို ပြောပါတယ်။

"ဝန်ကြီး ဦးအောင်မင်း ကတော့ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည် ရင်ကြား စေ့ရေး ကိစ္စ တာဝန် ယူတဲ့ လူကြီး တစ်ယောက် အနေနဲ့ ဒီပွဲကို အသိအမှတ် ပြုပြီး လာအားပေး တာပါ၊ နောက်သူတို့ လှူတဲ့ အလှူငွေ ကိုလည်း ဒီမှာရှိတဲ့ ကော်မတီမှာ ပေးခဲ့ ပါတယ်"

ရှစ်လေးလုံး ငွေရတု အခမ်း အနား ရန်ပုံငွေ အတွက် ဝန်ကြီး ဦးအောင်မင်းက ငွေကျပ် ဆယ်သိန်းနဲ့ ဝန် ကြီး ဦးအုန်းမြင့်က ငါးသိန်းစီ ပေးအပ် လှူဒါန်းခဲ့ တာပါ။

ငွေရတု အခမ်း အနား ဒုတိယနေ့မှာ မြန်မာ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု အတွက် ခေါင်းစဉ် အသီးသီးနဲ့ ကျင်းပတဲ့ ဆွေးနွေးပွဲ မှာလည်း ဝန်ကြီး ဦးအောင်မင်းနဲ့ ဦးအုန်းမြင့်တို့ တက်ရောက်ပြီး ဝန်ကြီး ဦးအောင် မင်းက တိုင်းရင်းသား အရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ အနာဂတ် ပြည်ထောင်စု အရေး ကိစ္စတွေမှာ ဝင်ရောက် ဆွေးနွေး ခဲ့ပါတယ်။

ဝန်ကြီး ဦးအောင်မင်းဟာ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံနဲ့ ပတ်သက်တဲ့ သတင်း ဓာတ်ပုံ၊ ဗီဒီ ယို ပြခန်းနဲ့ နိုင်ငံရေး အကျဉ်းသားတွေ အကြောင်း ပြခန်း ကိုလည်း လိုက်လံ ကြည့်ရှု ခဲ့ပြီး နိုင်ငံရေး အ ကျဉ်းသားတွေ လွတ်မြောက်ဖို့ ဆုတောင်း စကားတွေ ရေးသားတဲ့ နေရာမှာ အောင်မြင် ကြပါစေလို့ ဝန်ကြီး ဦးအောင်မင်းက ရေးသား လက်မှတ် ထိုးပေး ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ် ကလည်း မန္တလေးမြို့မှာ ကျင်းပခဲ့တဲ့ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ အခမ်း အနား မှာလည်း ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းနဲ့ ဦးစိုးသိမ်း တို့က ငွေကျပ် ဆယ်သိန်း လှူဒါန်း ခဲ့ပါတယ်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus