နောက်ဆုံးသတင်း/ဆောင်းပါးများ

သေဆုံးသည်ဟု ယုံကြည်ခဲ့ရသည့် ရိုဟင်ဂျာ ငါးဦးမှ ကလေး တစ်ဦး အသက်ရှင်ခဲ့

ရခိုင်အကြမ်းဖက် သမားများ၏ ရက်စက်စွာ ဓါးဖြင့်ခုတ်၍ ရေထဲပစ်ချ ခံခဲ့ရသော ၁၁ နှစ် အရွယ် ကလေးငယ် ဒိလ်မိုဟာမတ် (ဘ) ဦးမိုဟာမတ် ဟူစိန်း




အသက်ရှင်ခဲ့သော ဦးအဒူမဂျစ် (ဘ) ဦးအဒူမာလစ်


RB News
14.9.2013

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကတင်ပိုက် ကျေးရွာ အုပ်စုမှ ရိုဟင်ဂျာ ငါးဖမ်း သမား ၆ ဦးကို ရ ခိုင် အကြမ်းသမား များက စက်တင်ဘာလ (၁၀) ရက်နေ့တွင် အကြမ်းဖက် တိုက်ခိုက် ခဲ့ရာ၊ ရိုဟင်ဂျာ ၅ ဦး ပျောက်ဆုံး ခဲ့သွားပြီး သေဆုံး ခဲ့သည်ဟု ယုံကြည် ခဲ့ရသည်။ ပျောက်ဆုံး သွားသူ ၅ ဦးတွင် အသက် ၁၁ နှစ် အရွယ် ကလေး တစ်ဦး ပါဝင် ခဲ့ရာ အဆိုပါ ကလေးသည် ဦးခေါင်းတွင် ပြင်းထန်စွာ ဓါးခုတ် ခံရ သည့် ဒဏ်ရာ များဖြင့် စက်တင်ဘာလ (၁၃) ရက်နေ့ နံနက် ၆ နာရီ တွင် ရသေ့တောင် မြို့ နယ်၊ ညောင် ပင်ကြီး ကျေးရွာသို့ ရောက်ရှိ ခဲ့သည်။ 

အဆိုပါ ကလေးငယ်ကို စစ်တွေ ရဲစခန်းမှ ရဲများက စက်လှေဖြင့် စစ်တွေ ဆေးရုံကြီးသို့ ခေါ်ဆောင် လာ ပြီး ဆေး ကုသ၍ စစ်တွေမြို့ အောင်မင်္ဂလာ ရပ်ကွက်သို့ ပို့ဆောင် လိုက်ကြောင်း သတင်း ရရှိပါသည်။ လူ သားချင်းစိတ် နာစိတ် ကင်းမဲ့နေသော ရခိုင်အကြမ်းဖက် သမားများက အဆိုပါ ကလေးငယ်၏ လက်နှင့် ခြေ ထောက် ကို ကြိုးဖြင့် ချည်နှောင်၍ ဦးခေါင်းကို ဓါးဖြင့် နှစ်ချက် တိတိ ခုတ်ပြီး ရေထဲသို့ ပစ်ချ ခဲ့ခြင်း ဖြစ်သည်။

ကလေးငယ် နှင့်အတူ အခြား ရိုဟင်ဂျာ ၄ ဦးကိုလည်း ထိုနည်းတူစွာ ရက်စက် ကြမ်းကြုတ်စွာ ရိုက်နှက်၊ ဓါးဖြင့် ခုတ်၍ လက်နှင့် ခြေထောက် များကို ချည်နှောင်ပြီး ရေထဲသို့ ပစ်ချ ခဲ့သည်။ အဆိုပါ ရိုဟင်ဂျာ ၄ ဦးမှ တစ်ဦး၏ အလောင်းကို စက်တင်ဘာလ (၁၃) ရက်နေ့က တွေ့ရှိခဲ့ပြီး၊ နောက်ထပ် အလောင်း ၂ လောင်းကို ယနေ့ (စက်တင်ဘာလ ၁၄ ရက်) တွင် တွေ့ရှိ ခဲ့သည်။ ကျန်သည့် တစ်ဦး၏ အလောင်းမှာ ယခု အချိန်ထိ ပျောက်ဆုံး လျက်ရှိ ကြောင်း သိရှိ ရပါသည်။ 

ရှာတွေ့ခဲ့သည့် အလောင်း များကို စစ်တွေ မြို့မှ ဆရာဝန် များသွားရောက်၍ ခွဲစိတ် ပြီးနောက်၊ ကတင် ပိုက် ကျေးရွာ အုပ်စုတွင် မြှပ်နှံ သဂြိုဟ် ခဲ့ကြောင်း သတင်း ရရှိပါသည်။

(ဓါတ်ပုံ - စစ်တွေ IDP)

Comment ရေးရန်

Rohingya Exodus