March 13, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

အိတ်ဖွင့်ပေးစာ

ခွင့်ပြုချက်ဖြင့် နေအိမ် ပြုပြင်သူများထံမှ စစ်တပ်က ငွေညှစ်



MYARF
RB News
17.5.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း မြင်းလွတ်၊ သပြေတော၊ ဥဒေါင်းနှင့် အနီးအနားရှိ ကျေးရွာများတွင် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် ပြုပြင်ခဲ့သော နေအိမ်များမှ စစ်တပ်နှင့် ၎င်းတို့၏ သတင်းပေး ရှော်ဘိရ်တို့ ပူးပေါင်း၍ ငွေသိန်းချီ ညှစ်ယူလျက် ရှိနေကြောင်း သတင်း ရရှိပါသည်။

ဥဒေါင်း ကျေးရွာအုပ်စု မြောက်ရွာမှ လူကုန်ကူးမှု ပွဲစား ရှော်ဘိရ် (ဘ) ဦးဆိဒိတ်သည် မြင်းလွတ် တောင်ကျော်လမ်း အခြေစိုက် စစ်တပ်စခန်းမှ ဗိုလ်ကြီးနှင့် အတူ အထက်ဖော်ပြပါ ကျေးရွာ အသီးသီးသို့ သွားရောက်၍ နေအိမ် ဆောက်လုပ်ခြင်း၊ ပြုပြင်ခြင်းများ ပြုလုပ်နေသည်ဟု အကြောင်းပြ၍ တစ်အိမ်လျှင် ငွေကျပ် နှစ်သိန်းမှ သုံးသိန်းထိ ညှစ်ယူလျက် ရှိနေကြောင်း ဒေသခံများက RB News သို့ပြောသည်။ အဆိုပါ နေအိမ်များကို သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ပြုပြင်ခွင့် ပေးထားခဲ့သည်။ သို့သော်လည်း ဧပြီလ (၅) ရက်နေ့မှ စ၍ ယခုကဲ့သို့ ငွေညှစ်နေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။

ငွေညှစ်ခံရသူများ အနက် အချို့မှာ --

(၁) ဦးဟာရှိမ် (ဘ) ဦးအဒူဆော်လာမ် - မြင်းလွတ် ချီတာရွာ -- ညှစ်ခံရငွေကျပ် နှစ်သိန်းငါးသောင်း
(၂) ဦးရှော်ဘီ (ဘ) ဦးဟာန်ဖူးရား - မြင်းလွတ် ဇူမ်ဟာဒါရွာ -- ညှစ်ခံရငွေကျပ် နှစ်သိန်းငါးသောင်း
(၃) မော်လ၀ီ ရော်ဟီးမူလ္လာ (ဘ) ဦးမိုဟာမတ်ဆိဒိတ် - မြင်းလွတ် ချီတာရွာ -- ညှစ်ခံရငွေကျပ် နှစ်သိန်း
(၄) ဦးရော်ဖိကုလ်အစ္စလာမ် (ဘ) ဦးမိုဟာမတ်ဆိဒိတ် - မြင်းလွတ် ချီတာရွာ -- ညှစ်ခံရငွေကျပ် တစ်သိန်းငါးသောင်း
(၅) ဦးအဒူမူနာဖ် (ဘ) ဦးမိုဟာမတ်ဟူစိန်း - မြင်းလွတ် -- ညှစ်ခံရငွေကျပ် သုံးသိန်း
(၆) ဦးရှားလောမ် (ဘ) ဦးရှောရီ - မြင်းလွတ် ချီတာရွာ -- ညှစ်ခံရငွေကျပ် တစ်သိန်းငါးသောင်း
(၇) ဦးအီဆုပ် (ဘ) ဦးနူရ်မာလ်ဟာကိမ်း - မြင်းလွတ် ဖွေရာရွာ -- ညှစ်ခံရငွေကျပ် တစ်သိန်းရှစ်သောင်း
(၈) ဦးဟာရှိမ်အုလ္လာ (ဘ) ဦးနော်ဘီဟူစိန်း - မြင်းလွတ် ဖွေရာရွာ -- ညှစ်ခံရငွေကျပ် သုံးသိန်း
(၉) ဦးဆွေတာလောမ် (ဘ) ဦးဆီရာဇူး - မြင်းလွတ် ချီတာရွာ -- ညှစ်ခံရငွေကျပ် နှစ်သိန်းငါးသောင်း
(၁၀) ဦးနော်ဇူမာလီ (ဘ) ဦးမော်ဂူလ် - မြင်းလွတ် ဇူမ်ဟာဒါရွာ -- ညှစ်ခံရငွေကျပ် နှစ်သိန်း -- တို့ဖြစ်သည်။

စစ်တပ် သတင်းပေး ရှော်ဘိရ်သည် မောင်တော တောင်ပိုင်း၊ မြောက်ပိုင်းရှိ ကျေးရွာများသို့ လှည့်လည် သွားရောက်ပြီး ရိုဟင်ဂျာ လူငယ်များကို လှေစီး၍ မလေးရှားသို့ သွားရောက်ရန် စည်းရုံးလေ့ရှိပြီး၊ သွားမည့်သူများကို ခရီးစတင်မည့် နေရာသို့ စုစည်း၍ ခေါ်ဆောင်လာသည့် လူကုန်ကူးမှု ပွဲစား တစ်ဦး ဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ်တွင် မြို့နယ် လူကုန်ကူးမှု တားဆီးရေး တပ်ဖွဲ့စုမှ ၎င်းအား စစ်ဆေးမေးမြန်းရန် ၀ရမ်းထုတ်ခဲ့ကြောင်း၊ ယခုအခါ မြင်းလွတ် တောင်ကျော်လမ်း အခြေစိုက် စစ်တပ်စခန်းမှ ဗိုလ်ကြီးနှင့် ပူးပေါင်း၍ ဗိုလ်ကြီးအား ငွေညှစ်နိုင်မည့် လမ်းကြောင်းများ ရှာဖွေပေးရင်း စစ်တပ်နှင့် အနီးကပ်နေခြင်းမှာ လူကုန်ကူးမှုဖြင့် ဖမ်းဆီး မခံရရန် အတွက်သာ ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus