နောက်ဆုံးသတင်း/ဆောင်းပါးများ

နော်ဝေး ရွေးကောက်ပွဲ လေ့လာဖို့ မြန်မာအဖွဲ့ သွားရောက်

နော်ဝေး နိုင်ငံရဲ့ ရွေးကောက်ပွဲ ကျင်းပ ပုံနည်း စနစ်တွေကို လေ့လာဖို့ ထွက်ခွာ သွားကြတဲ့ ၈၈ မျိုးဆက်နဲ့ နိုင်ငံရေး ပါတီ တချို့က ပုဂ္ဂိုလ်များ။ (ဓာတ်ပုံ၊ ကိုအံ့ဘွယ်ကျော် ဖေ့စ်ဘုတ်မှ ကူးယူ ပါသည်။)
မဆုမွန်
15.9.2013

နော်ဝေနိုင်ငံနဲ့ ဂျာမဏီ နိုင်ငံ တွေက လွှတ်တော်နဲ့ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာမှု တွေနဲ့ ပတ် သက်ပြီး ၈၈ မျိုးဆက်တွေ၊ နိုင်ငံရေး ပါတီ တချို့က ကိုယ်စားလှယ် တွေ သွားရောက် လေ့လာ နေကြ ပါ တယ်။ နော်ဝေ ရွေးကောက်ပွဲ ကျင်းပ ပုံနည်း စနစ်နဲ့ ယှဉ်ပြီး မြန်မာ နိုင်ငံရဲ့ ရွေးကောက်ပွဲ စနစ်ကို ပြင်ဆင် ရမှာတွေ ကွာဟချက် တွေကို လေ့လာ နိုင်ခဲ့ တယ်လို့ လေ့လာရေး အဖွဲ့ဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ကိုယ်စားလှယ်က ပြောပါတယ်။ နော်ဝေ နိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်လို့ ဆက်သွယ် မေးမြန်း ထား တဲ့ မဆုမွန် က တင်ပြ ပေးထား ပါတယ်။

၈၈ မျိုးဆက်တွေ၊ ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် အပါအဝင် မွန်ဒီမိုကရေစီ ပါတီ၊ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီ အပါ အဝင် နိုင်ငံရေး ပါ တီ တွေ က ကိုယ်စား လှယ် တွေရဲ့ နော်ဝေ ရွေးကောက် ပွဲနဲ့ ဂျာမဏီ နိုင်ငံ ပါ လီ မန်ကို လေ့လာဖို့ ခရီးစဉ် ကို စက်တင်ဘာလ ၇ ရက်နေ့က စတင် ပါတယ်။ စက်တင်ဘာလ ၉ ရက်နေ့က စတင် ကျင်း ပ နေ တဲ့ နော်ဝေ ရွေးကောက် ပွဲ အတွင်း နော်ဝေ နိုင်ငံရဲ့ မဲပေးနည်း စနစ် မဲရုံ အနေ အထား ကို လေ့ လာပြီး တဲ့နောက် မှာတော့ မြန်မာ နိုင်ငံမှာ လာမယ့် ရွေးကောက်ပွဲ တွေအတွက် ပြင်ဆင် လုပ်ဆောင် စ ရာတွေ အများကြီး တွေ့ခဲ့ ရတယ်လို့ နော်ဝေ ရွေးကောက်ပွဲကို သွားရောက်လေ့လာ ခဲ့ကြတဲ့ ကိုယ်စား လှယ် တွေက ပြောဆို လိုက်ပါတယ်။

နော်ဝေး လွှတ်တော် အတွင်း သွားရောက် လေ့လာ နေသော မြန်မာအဖွဲ့ (ဓာတ်ပုံ၊ ကိုပြုံးချို)

နော်ဝေ နိုင်ငံရဲ့ ရွေးကောက်ပွဲကျင်းပပုံ၊ မဲပေးနည်း စနစ်နဲ့ မဲဆန္ဒရှင် နော်ဝေ ပြည် သူ တွေ ရဲ့ ရွေးကောက် ပွဲ အပေါ် စိတ်ပါ ဝင်စားမှု အပြည့် ရှိတဲ့ နိုင်ငံရေး စိတ်ဓာတ်နဲ့ ပတ် သက်ပြီး ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစောလှိုင်က အခုလို ပြောပါတယ်။

“အော်စ လိုမှာ မဲရုံတွေကို လိုက် ကြည့် တယ်။ မဲရုံတွေ ကတော့ ရှင်းပြ တာပေါ့ဗျာ။ သူတို့ ဆီက စနစ် ဇယားနဲ့ တိတိကျကျနဲ့ အ ကုန် လုံးက -ထူးခြား ချက်က သူတို့ဆီမှာ e-votingပေး လို့ ရ တာရယ်၊ ပီးတော့လေ- ကိုယ်နေတဲ့..ကျနော်တို့ ဆီမှာဆိုရင်တော့မြို့နယ်ပေါ့။ ကိုယ့်မြို့နယ်မှာ ကိုယ်မဟုတ်ဘူး။ ကြုံတဲ့ နေရာ မှာ ကောက် ထည့် ပေးလို့ ရတာရယ်၊ ဒီနှစ် ထူးခြားချက် ကလေ။”

မေး။ ။ နော်ဝေပြည်သူ တွေရဲ့ ရွေးကောက်ပွဲ အပေါ်မှာ စိတ်ဝင်စားတဲ့ အတိုင်းအတာ ကိုရော အန် ကယ်လ် တို့ ဘယ်လောက် အတိုင်း အတာ အထိ တွေ့ရ ပါသလဲ။

ဦးစောလှိုင်။ ။ ကောင်းတယ်၊ အရမ်း ကောင်းတယ်၊ ၇၀ % ကျော်တယ်ဗျ၊ ကျနော် သိရတာ ကတော့ ၇၇ % တောင် မဲပေး တယ်ဗျ။

မေး။ ။ ဟုတ်ကဲ့။ အဲဒါ ဘာ့ကြောင့်လို့ အန်ကယ်လ် ထင်ပါလဲရှင့်။

ဦးစောလှိုင်။ ။ ဒီနှစ်က သူတို့က Changes ကို နည်းနည်း လိုလား နေတယ်။ ဆိုရှယ်- ဒီမိုကရက် တွေက ၂ ခါဆက်တိုက် ရထား ပြီးပြီ။ တချို့ ကလည်း ကွန်ဆာ ဗေးတစ်ကို အားပေး ချင်တယ် ဆိုတော့- ဒါပေမဲ့ သူတို့ နိုင်ငံ မှာက အားကောင်းတာ ကတော့ ဆိုရှယ်- ဒီမိုကရက်က အားကောင်းတယ်။ ဒါပေမဲ့ တချို့ကလည်း ငြီးငွေ့တာလည်း ပါမယ် နဲ့တူတာပဲ။ အပြောင်း အလဲကို လိုလားတဲ့ အုပ်စု ကလည်း အားနဲ့ အင်နဲ့ ပေါ့ဗျာ။ ပိုပြီးတော့ နည်းနည်း မြိုင်သွား တာပေါ့။ 

ဒီမိုကရေစီ ထွန်းကားတဲ့ နော်ဝေ နိုင်ငံက မဲပေးတဲ့ စနစ်နဲမြန်မာ နိုင်ငံမှာ ကျင်းပ ခဲ့တဲ့ ရွေးကောက် ပွဲ တွေမှာ မဲပေး ခဲ့တဲ့ စနစ် တွေဟာ ကွာဟမှု သိပ်များ နေတာ တွေ့ရတယ် လို့လည်း သူက ဆက်ပြော ပါတယ်။

“ကျနော် တို့ဆီမှာ ဖြစ်နေ ပျက်နေတာ တွေက သူတို့ဆီမှာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စတွေ ဖြစ်နေတယ်။ ကျနော်တို့ မေးမယ် ကြံလိုက် ရင်တောင် သူတို့မှာ ဒါမျိုး အတွေ့ အကြုံ မရှိဘူးဗျ။ ကျနော် တို့ဆီက ဟာမျိုးက ကျနော် တို့က တော်တော်ကို ထူးခြား နေတယ်။ သူတို့က အတော်ကို ပြီးပြည့် စုံတဲ့ သမာ သမတ်နဲ့ ကိုယ့် ဂုဏ်သိက္ခာနဲ့ ကိုယ် ညစ်ပတ်တာ လုံးဝ မရှိဘူးဗျ။ အဲဒီတော့ ကျနော် တို့နဲ့ သူတို့နဲ့ က တော်တော် အလှမ်း… ဘယ်လို ခေါ်မလဲ၊ ဟို…ဆက်စပ် လို့တောင် မရသလောက် ဖြစ်နေ တယ်။”

နော်ဝေ နိုင်ငံ ရွေးကောက်ပွဲ တွေကို လာရောက် လေ့လာ ကြတဲ့ ၈၈ မျိုးဆက်တွေ၊ နိုင်ငံရေး ပါတီတွေက ကိုယ်စားလှယ် တွေနဲ့ နော်ဝေရောက် မြန်မာ နိုင်ငံ သားတွေ တွေ့ဆုံခွင့် ရခဲ့ ပါတယ်။ တွေ့ဆုံ ပွဲမှာ လက်ရှိ မြန် မာ့ နိုင်ငံရေး အခြေ အနေ တွေနဲ့ မြန်မာ နိုင်ငံ အပေါ် ကူညီ ပံ့ပိုး လိုတဲ့ ပြည် ပရောက် မြန်မာ နိုင်ငံ သားတွေရဲ့ အခန်း ကဏ္ဍနဲ့ ပတ်သက်ပြီး ဆွေးနွေး ခဲ့ကြတယ်လို့ နော်ဝေ နိုင်ငံရောက် မြန်မာ နိုင်ငံသား ကိုနိုင်ဇော်ဝင်းက ပြောပါတယ်။

“အနာဂတ် နိုင်ငံရေးနဲ့ ပတ်သက်ပြီး သူတို့ ဆောင်ရွက် ရမယ့် ကိစ္စတွေ ပြောတာတော့ အားရစ ရာ တွေတော့ ရှိပါတယ်။ နောက် ဒီမှာရှိတဲ့ လူတွေလည်း ဝမ်းသာ အားရ ကြပါတယ်။ သူတို့က အနာဂတ် ကို သူတို့ ဆောင်ရွက် နိုင်မယ့် ဥစ္စာတွေ၊ လုပ်ချင်တဲ့ ဥစ္စာတွေ၊ လုပ်နိုင်တဲ့ ဥစ္စာတွေ သူတို့ ပြောပြတဲ့ အခါ ကျတော့ ကျနော်တို့ ဘက်ကလည်း အဲဒီ ဖော်ဆောင်ရေး လုပ်ငန်း တွေမှာ ကိုယ်ဘယ်လို အခန်း ကဏ္ဍက ပါဝင်နိုင် မလဲ ဆိုတဲ့ ဥစ္စာ တွေကိုတော့ ဆောင်ရွက် သွားဖို့ ဆန္ဒတွေ ရှိတာ ပေါ့ဗျာ။”

နော်ဝေ နိုင်ငံ အော်စလို မြို့မှာ ရွေးကောက်ပွဲ တွေ လေ့လာ ခဲ့တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ စက်တင်ဘာ ၁၄ ရက် စနေနေ့ မှာတော့ နော်ဝေ နိုင်ငံ အနောက်ခြမ်း Bergen မြို့ကို ခရီးဆက် သွားနေကြပြီ ဖြစ်ပါ တယ်။ Bergenမြို့မှာနိုင်ငံရေးပါတီ တွေနဲ့တွေ့ဆုံဖို့ ရှိသလို Bergen ထောင်ကို လေ့လာဖို့ ရှိပြီး မြန်မာနိုင်ငံ သားတွေနဲ့ လည်း တွေ့ဆုံဖို့ စီစဉ် ထားတယ်လို့ Bergen မြို့က ကိုငွေထွန်း က ပြော ပါတယ်။

“မနက်ဖြန် ကျရင် မြို့လယ် ခေါင်မှာ သူတို့ လည်ဖို့ သွားမယ်။ Tour ---ဆိုတဲ့ နေရာကို သူတို့ ကို ခေါ် သွားမယ်။ ကျနော်တို့ မြို့မှာ ရှိတဲ့နာမည် ကြီးတဲ့ တောင်ပေါ့နော်။ သူတို့ကို အဲဒီကို ခေါ်သွား မယ်။ တန င်္လာနေ့ ကျရင် Bergen မှာ တစ်ခု တည်းသော ထောင်အကြီးဆုံး ပေါ့နော်- ဗမာပြည်က အ ကျဉ်းထောင် နဲ့ ဘယ်လို ကွာသလဲ ဆိုတာ လေ့လာဖို့ ခေါ်သွားပါမယ်။”

လေ့လာရေး ကိုယ်စားလှယ် အဖွဲ့ဟာ နော်ဝေ နိုင်ငံ အခြေစိုက် နော်ဝေ-ဘားမား ကော်မတီရဲ့ ဖိတ်ကြား ချက်နဲ့ နော်ဝေ နိုင်ငံကို လေ့လာ နေကြတာ ဖြစ်ပါတယ်။ နော်ဝေ နိုင်ငံ ခရီးစဉ် ပြီးရင်တော့ ဂျာမဏီ နိုင်ငံ ဘာလင်မြို့ကို စက်တင်ဘာလ ၁၈ ရက်နေ့မှာ သွားရောက်မှာ ဖြစ်ပြီး ပါလီမန် လွှတ်တော်ကို သွားရောက် ဖို့ ရှိတဲ့ အပြင် ဂျာမဏီက နိုင်ငံရေး ပါတီ တွေနဲ့ တွေ့ဆုံပြီး ဂျာမဏီ နိုင်ငံရဲ့ ပြည်ထောင်စု စနစ်နဲ့ ပါလီ မန် နိုင်ငံရေးကို လေ့လာ ကြမှာ ဖြစ်ပါတယ်။ စက်တင်ဘာလ ၂၁ ရက်နေ့ မှာတော့ မြန် မာ နိုင်ငံ ကို ပြန် ကြမှာ ဖြစ်ပါတယ်ရှင်။

Comment ရေးရန်

Rohingya Exodus