နောက်ဆုံးသတင်း/ဆောင်းပါးများ

ကွမ်းသီးပင် ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ညှဉ်းပန်း နှိပ်စက်မှု များကို ဖုံးကွယ်ရန် ကြိုးစားနေ

RB News 
28.9.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ ကွမ်းသီးပင် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးအ ထွန်းချေ သည် ဒေသခံ ရိုဟင်ဂျာ မွတ်စလင် များကို အဆက် မပြတ် ခြိမ်းခြောက်၍ ညှဉ်း ပန်း နှိပ် စက် ခြင်း၊ ငွေညှစ်ခြင်းများ ပြုလုပ် လျက်ရှိပြီး၊ ၎င်း၏ အပြစ် များကို ဖုံးကွယ်ရန် နည်းမျိုးစုံဖြင့် ကြိုး စား လျက်ရှိကြောင်း သတင်း ရရှိပါသည်။ 

မောင်တော မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြည်စန်း၏ ညွန်ကြားချက် အရ ကွမ်းသီးပင် ကျေးရွာ အုပ်စု အုပ် ချုပ်ရေး မှူး ဦးအထွန်းချေသည် စက်တင်ဘာလ (၂၃) ရက်နေ့ နံနက် ၁၀ နာရီတွင် ဆယ်အိမ်မှူး၊ ရာအိမ် မှူး များကို အစည်းအဝေး ခေါ်၍ ၎င်းသည် ညှဉ်းပန်း နှိပ်စက်ခြင်း၊ ငွေညှစ်ခြင်းနှင့် မလိုလား အပ် သည့် ပြဿနာ များကို မပြုလုပ်ကြောင်း ထောက်ခံ ပေးရန် ဟုဆို၍ ဆယ်အိမ်မှူး နှင့် ရာအိမ်မှူး များကို အတင်း အဓမ္မ လက်မှတ် ရေးထိုး ခိုင်းခဲ့သည်။ ထို့အပြင် တောင်ပြို လက်ဝဲ သတင်း တပ်ဖွဲ့ရုံး သို့သွားရောက်၍ ၎င်း၏ ငွေညှစ်မှု၊ ညှဉ်းပန်း နှိပ်စက်မှု များကို အထက်သို့ မတင်ပြရန် သတင်း တပ်ဖွဲ့ရုံးမှ အရာရှိ များကို သွားရောက် ပန်ကြား ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

တောင်ပြို လက်ဝဲ သတင်း တပ်ဖွဲ့သို့ လွန်ခဲ့သည့် တစ်လ ကျော်က အသစ် ရောက်ရှိ လာသော ၀န်ထမ်း များသည် အခြား ဌာန ဆိုင်ရာ များနှင့် မတူဘဲ ဒေသခံ များကို အထူး ကူညီ ဆောင်ရွက် ပေးလျက် ရှိပြီး ယခု ကဲ့သို့ ဦးအထွန်းချေ၏ ချဉ်းကပ်မှု ကြောင့် သတင်း တပ်ဖွဲ့မှ အစိုးရသို့ သတင်းမှန် မပေးပို့ဘဲ ထိန် ချန်မည်ကို ဒေသခံများ စိုးရိမ်လျက် ရှိသည်။ 

ဦးအထွန်းချေ သည် သောက်စား မူးယစ်၍ ဒေသခံ များနှင့် ၎င်း၏ သတင်းများကို ရေးသားသော သတင်း မီဒီယာကို ဆဲဆို ကြိမ်းမောင်း လျက်ရှိကြောင်း သိရှိ ရပါသည်။ 

“အထွန်းချေရဲ့ သတင်းတွေကို မီဒီယာ ပေါ်ရောက်အောင် ပို့တဲ့ အတွက် အတော်လေး သောင်း ကျန်း နေ တယ်။ မင်းတို့ ကုလားတွေ ဘာလုပ် နိုင်မှာလဲ။ မင်းတို့ မီဒီယာ ကရော ငါ့ကို ဘာလုပ် နိုင်မှာလဲ။ မင်းတို့ ကုလားတွေကို ညှဉ်းပန်း နှိပ်စက်ဖို့၊ ငွေညှစ်ဖို့ ငါ လိုင်စင် ရထား ပြီးသား။ အဲဒီလို လိုင်စင် ရဖို့ အုပ်ချုပ်ရေး မှူး ရာထူး ရဖို့ အတွက် ငွေ သိန်း ၅၀ ကျော် အကုန်ခံ ခဲ့ရတယ်။ မင်းတို့ ဘယ်ကိုဘဲ တိုင်တိုင် ငါ ဂရု မစိုက်ဘူး။ ငါ့ ကျေးရွာ အုပ်စုမှာ ငါ သမ္မတဘဲ။ အာဏာပိုင် တွေက ငါ့ကို အသိ အမှတ် ပြုတယ် ဆိုတာ မင်းတို့ သိဖို့ လိုတယ် -- လို့ ပြောတယ်။ တောင်ပြို လက်ဝဲက သတင်း တပ်ဖွဲ့ ၀န်ထမ်းသစ် တွေက မှန်မှန် ကန်ကန် ဆောင်ရွက် နေတဲ့ အတွက် သူတို့ မှန်မှန် ကန်ကန် သတင်းပို့ မယ်ဆိုရင်တော့ ကျွန်တော် တို့ ဒေသခံတွေ အထွန်းချေရဲ့ ညှဉ်းပန်း နှိပ်စက်မှု ကနေ လွတ်မယ်လို့ မျှော်လင့်တယ်” ဟု ဒေသခံ တစ် ဦးက ပြောပါသည်။


Comment ရေးရန်

Rohingya Exodus