နောက်ဆုံးသတင်း/ဆောင်းပါးများ

သော့ချက်

ဌေးလွင်ဦး
RB News
17.9.2013

မြန်မာနိုင်ငံ အတွင်းမှာ လူနည်းစု မျိုးနွယ်တွေ အတွက် တိုင်းရင်းသား ဆိုတဲ့ စကားလုံးကို သုံးပြီး တိုင်းရင်းသား ရောဂါ တစ်ရပ်ကို ပီပီပြင်ပြင် ထည့်ထားပြီး လူများစု ဖြစ်နေတဲ့ ဗမာတွေ ကတော့ သူတို့ ကိုယ်သူတို့ တိုင်းရင်းသား ဆိုတဲ့ ဝေါဟာရ ရဲ့ အပြင်ဘက်က ရပ်တည် နေတယ်။ ပြီးတော့ နိုင်ငံသား၊ တိုင်းရင်းသား တွေထက် အဆ ပေါင်း များစွာ ကွာဟတဲ့ နိုင်ငံသား အခွင့် အရေးကို အပြီးသပ် ဆုပ်ကိုင် ထားပါတယ်။ ဒီနေရာ မှာလည်း ဗမာ ဗုဒ္ဓ များ အတွက် အထူး သီးသန့် မဟာ အခွင့် အရေးကို စာရွက် စာပေ ဥပဒေပြု ထားခြင်း မဟုတ် ဘဲလျှက် လူတွေရဲ့ အထင် အမြင် စိတ်မှာ ကိန်းဝပ် နေအောင် ဖန်တီး ထားတဲ့ စနစ်မျိုးနဲ့ ကျင့်သုံး ထားခြင်း ဖြစ်နေ ပါတယ်။ တစ်ကယ် တမ်းကျတော့ ဗမာ ဗုဒ္ဓဘာသာ လူထုကြီး တစ်ရပ် လုံးလည်း ခံစားရတဲ့ အခွင့် အရေး မဟုတ်ပါ။ အထင် အမြင် သာ ခံစား နေရပြီး အာဏာရူး၊ အာဏာမက် တစ်စု အတွက်သာ သီးသန့် ဖန်တီး ထားတဲ့ အခွင့် အရေး တစ်ရပ် ဖြစ်နေ ခြင်းပါ။ ဒါတွေကို ဗမာ လူထု မြင်လာပြီး ထိမ်း မရနိုင်တဲ့ အခါ- ပြုပြင် ပြောင်း လဲရေး ဆို တဲ့ စကားလုံးနဲ့ ဗမာ ဗမာချင်း စုစည်းဘို့ ဖန်တီး လိုက်ပါတယ်။

တိုင်းရင်းသား ဆိုတဲ့ အမည် နာမကို ရရှိထားတဲ့ လူနည်းစု တစ်စုချင်း စီဟာ မိမိတို့ အနေနဲ့ မြန်မာ နိုင်ငံ တစ်ခု လုံးကို ဘုံပိုင် ဆိုင်တယ်၊ မြန်မာ နိုင်ငံဟာ မိမိတို့ရဲ့ မြေ၊ မိမိတို့ရဲ့ နိုင်ငံဆိုတာကို ပါ မေ့လျှော့ နေစေ ပြီး- ငါတို့ တိုင်းရင်းသား နာမည်ရ နယ်မြေလည်း တစ်ခုတည်းနဲ့ မိမိရဲ့ နာမည်တူ လူစုလေး တစ်စု အတွက် သာ စဉ်းစား နေစေ အောင်လည်း အာဏာရှင် တွေက ဖန်တီး ထားနိုင် ခဲ့ပါတယ်။ အခု အချိန် ထိလည်း ဒီအာရုံ ဒီစိတ်ဓါတ်ကို ဖျောက်ဖျက်ဘို့ သတိ မရနိုင်တဲ့ အခြေ အနေမှာ ရှိနေပါ သေးတယ်။ ဒါပေမယ့်- အကယ်၍သာ ဗမာ ဗမာချင်း ညီညွတ်ပြီး ဗမာ ဗမာချင်း အားပြိုင် ရွေးကောက်တဲ့ ဗမာ လူမျိုး အတွက် ဒီမို ကရေစီ စနစ်ကို ထူထောင် နိုင်ခဲ့ရင် ကမ္ဘာက လူမျိုးကြီး မျက်ကန်း ၀ါဒီတွေဟာ သူတို့ နာမည် ပေးခဲ့တဲ့ တိုင်းရင်း သားတွေ အတွက် စိုးစဉ်းမျှ စဉ်းစား ပေးဘို့ မရှိခဲ့ပါ။ သို့သော် ကမ္ဘာ့ အသိုင်း အ၀ိုင်းက ပြောဆို တဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး ဆိုတာမှာ ပြည်တွင်းစစ် ရပ်စဲနိုင်ရေးနဲ့ လူလူချင်း တန်းတူညီမျှ အခွင့် အရေး လည်း က အဓိက သော့ချက် ဖြစ်နေတော့ တိုင်းရင်းသားလို့ ခေါ်ခံနေရတဲ့ လူနည်းစု မျိုးနွယ် တွေနဲ့ အ ဆင် ပြေအောင် တည်ဆောက် ရေးကို ဗမာ မျိုးချစ် တွေ မချစ်သော်လည်း အောင့်ကာ နမ်းရပြန် ပါတယ်။ တစ် ကယ်တော့ သူတို့ ထင်မြင် နေတဲ့ မဟာ လူမျိုးကြီး ဆိုတဲ့ ဗမာတွေဟာ ဆင်းရဲ မွဲတေမှု၊ ပညာမဲ့ မှု၊ နိုင်ငံ တစ်ကာကို ထွက် ကျွန်ခံရမှု တွေက ဆထက်ထမ်းပိုး တိုးလာနေပြီး အဖတ်ဆယ် မရအောင် စုတ်ပြတ် သွားလို့သာ နိုင်ငံ တစ်ကာမှာ Good Credit ရလာ မလားလို့ နိုင်ငံ တစ်ကာကြိုက် ငြိမ်း ချမ်းရေးကို လုပ်ဆောင် နေရခြင်း ဖြစ်ပါတယ်။ လူနည်းစု အပေါ် လူကို လူလို မြင် လို့ ဆိုတဲ့ အရိပ် အယောင် ဒီနေ့ထိ မတွေ့မြင် ရသေးပါဘူး။

ကမ္ဘာ့ အသိုင်း အ၀ိုင်းက လူတွေဟာ လူသား တန်ဘိုးနဲ့ လူပီသတဲ့ အဆင့်ကို ရောက် နေ သူ များ ဖြစ်နေပါပြီ။ ကောင်းတာကို ပြုလုပ်တဲ့ အတွက် Good Credit ပေးသလို၊ မကောင်းမှုအတွက် Bad Credit ဆိုတာ ဒွန်တွဲ သတ်မှတ်ပြီး ဖြစ်နေပါတယ်။ ဒီမိုကရေစီကို ဦးတည်တဲ့ ပြုပြင် ပြောင်းလဲရေး ဆိုတဲ့ စကားလုံးကို ပါးစပ်က ပြောပြော နေပြီး- အဲ့ဒီ စကားလုံး အောက်မှာ ဗမာ ဗုဒ္ဓဘာသာချင်း ပူးပေါင်း သွား စေနိုင် ပေမယ့် ဗမာ ဗုဒ္ဓချင်း ပေါင်းမိ သွားတဲ့ လူများစု အင်အား တစ်ရပ်က ကျန် လူနည်းစု မျိုးနွယ် တွေအပေါ် ဖိနှိပ် ချုပ်ချယ်လို့ ရပြီ။ လူနည်းစု ဘာသာဝင် တွေအပေါ် အပျောက် ရိုက်လို့ ရပြီ ဆို ပြီး ဘ၀င်မြင့် နေသူ တွေဟာ ပင်းနေ၊ ကန်းနေ၊ အ နေသူတွေသာ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံ အတွက် စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ ပြုပြင် ပြောင်းလဲရေး ဆိုတာ ရိုဟင်ဂျာ ဆိုတဲ့ ဝေါဟာ ရ ပေါ် မှာ သော့ ချက် ဖြစ်နေ ပါတယ်။ ဒါကို မျက်ကန်းတွေ မမြင်သ၍ တိုင်းပြည် အပေါ်မှာ ရနေတဲ့ Good Credit ဆိုတာ အသုံး ၀င်ဦးမှာ မဟုတ်ဘူး။ ဖုံးတစ်ခုထဲမှာ SIM Card ကို ဖြုတ်ထားပြီး- Credit (ငွေ) ဖြည့်နေ သလို ဖြစ်နေတယ် ဆိုတဲ့ အချက်ကို သိဘို့ လိုပါတယ်။ SIM Card ကို ဖြုတ်ထားပြီး ကြိုက် သလောက် Credit ဖြည့်ပါ- အဲ့ဒီ ဖုံးက ခေါ်လို့ ပြောလို့ ရတဲ့ ဖုံး ဖြစ်မလာဘူး ဆိုတာ လောက်တော့ နားလည် ရပါမယ်။

လူမျိုး တစ်မျိုးဟာ သူဟာသူ ကြိုက်တာကို နာမည်ပေး ခွင့်တောင် မရှိရင် အဲ့ဒီ ဒီမိုကရေစီကို ဘယ်သူ ကမှ အသိ အမှတ် ပြုမှာ မဟုတ်သလို-၊ မြန်မာနိုင်ငံ ဧရိယာတွင်းက မူလဘူတ လူမျိုးနွယ် တစ်စုကို သမိုင်းဖျောက်၊ မျိုးပြု ရှင်းလင်းမှု ဟာလည်း စစ်မှန်တဲ့ လူသားဝါဒ မဟုတ်ဘူး ဆိုတာ ကမ္ဘာ တစ်ခုလုံးက စွဲမြဲစွာ ခံယူထားတဲ့ အချက်ပါ။ ဒါကို ပြုပြင် ပြောင်းလဲ ပစ်လို့ မရသလို-၊ လူလူချင်း အသိ အမှတ် မပြုတဲ့ ၀ါဒကို ချို့ယွင်းချက်နဲ့ နားလည် ပေးဘို့လည်း မရှိဘူး။ တစ်ကယ်လို့ မြန်မာနိုင်ငံ အတွက် အဲ့သလို နား လည်မှု ပေးလိုက်ရင် - ကမ္ဘာ ပေါ်မှာ ရှိတဲ့ အခြားသော တိုင်းပြည် များမှာလည်း သူတို့ မလိုလားတဲ့ သူတို့နဲ့ ဘာသာ မတူတဲ့ လူမျိုးစု တစ်စု ကို ဖျောက်ဖျက် ချင်ရင် ဖျောက်ဖျက် လို့ရတယ် ဆိုတဲ့ ချို့ ယွင်းချက် ဥပဒေ တစ်ရပ် ကမ္ဘာမှာ ဖြစ်လာ ပါလိမ့်မယ်- ဒါကို ကမ္ဘာ့ အသိုင်း အ၀ိုင်းက ဘယ်လိုမှ ဘယ် နည်းနဲ့မှ လက်ခံ အတည် ပြုပေးမှာ မဟုတ်ဘူး ဆိုတာကိုလည်း ဗြောင်းငြင်း မျက်ကန်း ၀ါဒီတွေ သိ နားလည်ဘို့ လိုပါလိမ့်မယ်။

ကမ္ဘာ့ အသိုင်းအ၀ိုင်းကဘယ်လိုမှ နားလည် လက်ခံ မပေးနိုင်တဲ့ သော့ချက်က ဖုံးတစ်ခု ထဲမှာ ဖြည့်ပေးနေ တဲ့ Credit တွေကို အသုံးဝင် စေမယ့် SIM Card သဖွယ် ဖြစ်နေပါတယ်။ Credit တွေ ဖြည့်ပေး ထားခြင်းဟာ ကောင်းတဲ့ လက္ခဏာတွေ ဖြစ်ပေမယ့်၊ အသုံးပြုနိုင်ဘို့ SIM Card မထည့်မချင်း အဲဒီ Credit များကို စိတ်ကူး ယဉ်နဲ့ပဲ ခံစားနေရမှာပါ။

မြန်မာ နိုင်ငံ အတွင်းက ရိုဟင်ဂျာတွေ၊ မြန်မာ မွတ်ဆလင်တွေ ၂၀၁၄ သန်းခေါင် စာရင်းမှာ မိမိ ကြိုက်တဲ့ အမည် နာမကို ထည့်သွင်း နိုင်ပါတယ်။ ဒါကို ဘယ်သူမှ ဖျောက်ဖျက်ခွင့်၊ တားဆီးခွင့် မရှိပါ။ အကယ်၍ တစ်စုံတစ် ယေက်က အာဏာနဲ့ တားမြစ်ခြင်း၊ အဲ့ဒီ လူမျိုးက သဘော မတူဘဲ အခြား အမည် နာမ တစ်ခုကို ထည့်ဖေါ် ပြခဲ့ ရင်လည်း ကမ္ဘာက အဲ့လို နိုင်ငံမျိုးကို ချွင်းချက်နဲ့ နားလည် ခွင့်ပြုပေးဘို့ မရှိပါ။

မဟာ လူမျိုးကြီး စိတ် အမြစ် တွယ်နေတဲ့ ဗြောင်ငြင်း မျက်ကန်း ၀ါဒီတွေ၊ လူနည်းစု မျိုးနွယ်များ အပေါ် အထင် သေးစိတ်ကို ခေါင်းမြီး ခြုံထား သူတွေဟာ- သူတို့ရဲ့ ပင်း၊ ကန်း၊ အ ဘ၀နဲ့သာ သူတို့ မျိုးဆက်ကို သေးသိမ်တဲ့ ဘ၀ကို ပို့ဆောင် နေသူတွေ ဖြစ်ပါတယ်။ လူနည်းစု မျိုးနွယ်များ အပေါ် အ ထင်သေးစိတ် ခေါင်းမြီး ခြုံထားတဲ့ အဖြစ်က သူတို့ကိုယ် သူတို့ မသိ ဘဲလျှက် သူတို့ရဲ့ မျိုးဆက် ကိုသာ အသက်ရှု ကြပ်လာ စေရမှာပါ။

ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement

Comment ရေးရန်

Rohingya Exodus