နောက်ဆုံးသတင်း/ဆောင်းပါးများ

နစက အစားထိုး အနောက်တိုင်း ဒေသ မကဖ အဖွဲ့ ဖွဲ့စည်း၍ လုပ်ငန်းစတင်

RB News
18.9.2013

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ ကျီးကန်းပြင် ကျေးရွာရှိ ယခင် နစက ဌာန ချုပ် နေ ရာသို့ နစက အစားထိုး အနောက်တိုင်း ဒေသ (မကဖ) အဖွဲ့ တစ်ဖွဲ့ စက်တင်ဘာလ (၉) ရက်နေ့ တွင် ရောက်ရှိ လာကြောင်း သတင်း ရရှိပါသည်။ 

အနောက်တိုင်း ဒေသ မကဖ အဖွဲ့သည် တရားမ၀င် ခိုးဝင် ခိုးထွက် များကို ကာကွယ် တားဆီးရန် ဖြစ် သည်ဟု သိရှိ ရသည်။ ၎င်းအဖွဲ့သည် ယခင် နစက၏ ဖွဲ့စည်းပုံ အတိုင်း နယ်မြေ စခန်း များကို ဖွဲ့စည်း သတ်မှတ်ပြီး၊ စခန်း တစ်ခုလျှင် အင်အား ၇ ဦး စီရှိမည် ဖြစ်သည်။ မကဖ အဖွဲ့သည် စက်တင်ဘာလ (၉) ရက်နေ့တွင် ကျီးကန်းပြင် ဌာနချုပ်သို့ ရောက်ရှိပြီး စက်တင်ဘာလ (၁၀) ရက်နေ့မှစ၍ သက်ဆိုင်ရာ နယ်မြေ စခန်း များသို့ အဖွဲ့ အင်အားများ ပို့ဆောင် ခဲ့ကြောင်း သိရှိ ရပါသည်။ 

စက်တင်ဘာလ(၁၁)ရက်နေ့တွင်သက်ဆိုင်ရာနယ်မြေ စခန်းများတွင် ရပ်ကွက် / ကျေးရွာ အုပ် ချုပ် ရေးမှူး များကို ခေါ်ယူ၍ အစည်းအဝေး များပြုလုပ် ခဲ့သည်။ 

စက်တင်ဘာလ(၁၁)ရက်နေ့နှင့်စက်တင်ဘာလ(၁၂)ရက်နေ့များတွင်ကျီးကန်းပြင် ဌာနချုပ်နှင့်မကျီးချောင်း စ ခန်း အမှတ် (၁၅) တို့တွင် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး များကို ခေါ်ယူ၍ အစည်းအဝေး များကျင်း ပပြီး၊ ၎င်းတို့၏ လုပ်ပိုင်ခွင့် များကို အောက်ပါ အတိုင်း ရှင်းလင်း ပြောကြား ခဲ့သည်။

အနောက်တိုင်း ဒေသမကဖ အဖွဲ့သည် အိမ်ထောင်စု စာရင်း၊ မွေး/သေ စာရင်း၊ တစ်ဖက်နိုင်ငံသို့ ထွက်ပြေး စာရင်း များ ကိုကိုင်တွယ်မည်။ ခိုးဝင် / ခိုးထွက် များကို ဖမ်းဆီးမည်။ ရှောင်တခင် ဧည့်စာရင်း စစ်ဆေး မည်။ တစ်ရွာ တည်း နေထိုင်သူ တစ်ဦး၏ အိမ်တွင် တည်းခိုလျှင်လည်း ကျေးရွာ အုပ်ချုပ်ရေး မှ ထောက် ခံချက် ရယူ ရမည်ဖြစ်သည်။ ထောက်ခံချက် မရယူဘဲ တည်းခိုလျှင် ဖမ်းဆီး အရေးယူမည်။ ဆိုင်းဘုတ် အ နီဖြင့် ကန့်သတ် နယ်မြေများ သတ်မှတ်မည်။ ယင်း ကန့်သတ် နယ်မြေများကို ဖြတ်သန်း ပါက သေ နတ်ဖြင့် ပစ်ခတ်မည် (သို့မဟုတ်) ဖမ်းဆီး အရေးယူမည်။ ည ၁၀ နာရီ ကျော် နေအိမ်မှ အပြင်သို့ ထွက် လျှင် သေနတ်ဖြင့် ပစ်ခတ်မည်။ ကလေး တစ်ဦး မွေးဖွားပြီး ၃ လ ကျော်အထိ အကြောင်း မကြား လျှင် တ ရား မ၀င် ကလေး အဖြစ် သတ်မှတ်၍ မွေးစာရင်း လုံးဝ ထုတ်ပေးမည် မဟုတ်။ လက် ထပ် ခွင့် ကို နိုင်ငံတော်မှ ယာယီ ရပ်ဆိုင်း ထားသည်။ တစ်ပတ်အတွင်း အသေးစိတ် ထုတ်ပြန် ကြေညာမည်ဟု စက် တင်ဘာလ (၁၂) ရက်နေ့ နံနက် ၁၀ နာရီတွင် မကျီးချောင်း စခန်း အမှတ် (၁၅) တွင် ကျင်းပခဲ့သော အစည်း အဝေး၌ အနောက်တိုင်း ဒေသ မကဖ အဖွဲ့ အဖွဲ့ခွဲမှူး လ၀က ဒု-ဦးစီးမှူး ဦးစိုးဝင်းက ပြောကြား ခဲ့သည်။ 

ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များကလည်း ရွာသူ / ရွာသား များကို အစည်းအဝေး ခေါ်ယူ၍ ဦးစိုးဝင်း ၏ ပြောကြားချက် များကို ထပ်ဆင့် ရှင်းလင်း ခဲ့ကြောင်း သိရှိ ရပါသည်။ ထို့အပြင် မကဖ အဖွဲ့မှ ထုတ်ပြန် သည့် မွေးစာရင်း၊ သေစာရင်းနှင့် အပြောင်းအရွှေ့ ပုံစံ နမူနာ များကိုလည်း ဖြန့်ဝေ ခဲ့သည်။ 

ဒေသခံ တစ်ဦးက “ကျွန်တော်တို့ ဆီမှာ ခိုးဝင်တာ မဟုတ်ဘူး။ ခိုးထွက် တာဘဲ ရှိတယ်။ ခိုးထွက် တာက လည်း အာဏာပိုင် တွေကိုယ်တိုင် လူကုန်ကူးလို့ ထွက်လို့ ရတာပါ။ မလေးရှားကို လူပို့နေတာလည်း အာ ဏာ ပိုင် တွေကိုယ်တိုင် ပါဘဲ။ သူတို့ ကိုယ်တိုင် ငွေယူပြီး စက်လှေ တွေစီစဉ် ပေးတာပါ။” ဟု RB News သို့ ပြောပါသည်။ 

“အခု အသစ် ရောက်လာတဲ့ မကဖ က ခိုးဝင် / ခိုးထွက်ကို ကာကွယ် တားဆီးဖို့ လာတယ် ဆိုတော့ ကျွန်တော် တို့ အတွက် ကောင်းပါတယ်။ ကြိုဆိုပါတယ်။ ဒါပေမယ့် သူတို့လည်း အရင် နစကလို လူကုန် ကူးတာ၊ ဒေသခံ ရိုဟင်ဂျာ တွေကို ညှဉ်းပန်း နှိပ်စက်ပြီး မတရား လုပ်မှာကိုတော့ ကျွန်တော် တို့ ဒေသ ခံတွေ အထူး စိုးရိမ် နေတယ်။” ဟု ဆက်လက် ပြောပါသည်။


Comment ရေးရန်

Rohingya Exodus