နောက်ဆုံးသတင်း/ဆောင်းပါးများ

အလယ်သံကျော်တွင် လုံထိန်းများ ဓါးပြတိုက်ပြီး မုဒိန်းကျင့်ရန် ကြိုးစား

RB News
18.9.2013

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ တောင်ပိုင်း အလယ်သံကျော် ကျေးရွာ အုပ်စု၊ ဗျူဟာကုန်း ကျေးရွာရှိ ဦးအုမာရ် ဟာကီးမ်၏ နေအိမ်ကို စက်တင်ဘာလ (၉) ရက်နေ့ ည ၁၂ နာရီခန့်က လုံထိန်း ၄ ဦးနှင့် အရပ်သား တစ်ဦး ၀င်ရောက်၍ ဓါးပြတိုက် ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

စက်တင်ဘာလ (၉) ရက်နေ့ည ၁၂ နာရီ ခန့်တွင် အလယ်သံကျော် ကျေးရွာ အုပ်စု၊ ဗျူဟာ ကုန်း ကျေး ရွာရှိ ဦးအုမာရ် ဟာကီးမ်၏ နေအိမ်သို့ လုံထိန်း တပ်သား (၄) ဦးနှင့် အရပ်ဝတ် ၀တ်ဆင် ထားသော လူ (၁) ဦး ရောက်ရှိ လာပြီး ဧည့်စာရင်း စစ်မည် ဆိုကာ တံခါး ဖွင့်ခိုင်း ခဲ့သည်။ အိမ်ရှင် ဖြစ်သူ ဦးအုမာရ် ဟာ ကီးမ်မှ ရွာ အုပ်ချုပ်ရေးမှူး မပါလျှင် ဖွင့်မပေး နိုင်ဟု ပြောသောအခါ တံခါးကို ဖျက်၍ ၀င်ရောက်ပြီး နေ အိမ်ရှိ လူများကို ဖမ်းဆီး ချုပ်နှောင်ကာ စုစုပေါင်း ကျပ် သိန်း ၃၀ ကျော် တန်ဖိုးရှိ ရွှေငွေ များကို လုယက် ခဲ့သည်။ 

ထို့အပြင် ဦးအုမာရ် ဟာကီးမ်၏ သမီးပျို တစ်ဦးကို လူမဆန်သည့် လုံထိန်း များမှ မုဒိန်းကျင့်ရန် ကြိုးစား ရာ၊ သမီး ဖြစ်သူ၏ အော်ဟစ် အကူအညီ တောင်းသံကြောင့် ပတ်ဝန်းကျင်ရှိ ရွာသားများ ရောက်ရှိ လာပြီး၊ ဓါးပြ လုံထိန်း များ၏ အကြံအစည် အထ မမြောက်ဘဲ ထွက်ပြေး သွားခဲ့သည်။ ရွာသား များမှ အဆိုပါ ဓါးပြ တိုက်သည့် လုံထိန်း တပ်သား များကို ဖမ်းဆီးရန် ကြိုးစားရာ သေနတ် ပစ်ဖောက်၍ ထွက်ပြေး လွတ်မြောက် သွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

နံနက် မိုးလင်းသည့် အခါကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အနီးရှိလုံခြုံရေးစခန်းကိုသွားရောက် တိုင်ကြား သော် လည်း အမှုဖွင့် အရေးယူ ဆောင်ရွက် ပေးခြင်း မရှိဟု သိရှိ ရပါသည်။ 

မောင်တောမြို့နယ်၊တောင်ပိုင်းနှင့်မြောက်ပိုင်းတို့တွင် လုံထိန်း ရဲများမှ ဧည့်စာရင်း စစ်မည်ဟု အကြောင်းပြ ၍ ဓါးပြတိုက်ခြင်း များမကြာခဏ ပြုလုပ် လျက်ရှိသော်လည်း ဒေသဆိုင်ရာ အာဏာပိုင် များနှင့် ပြည်နယ် အစိုးရတို့မှဒေသခံပြည်သူများလုံခြုံရေး အတွက် တစ်စုံတစ်ရာအရေးယူဆောင်ရွက်ပေးခြင်း မရှိဘဲ နှုတ် ဆိတ် နေသည်ကို လေ့လာ တွေ့ရှိ ရပါသည်။ 

ယခင် ရက်ပိုင်းက မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ဓါးပြတိုက်မှု များအတွက်လည်း ဒေသဆိုင်ရာ အာဏာ ပိုင် များက ရဲများဟု မထွက်ဆိုရန် ဖိအား ပေးမှု များရှိ ခဲ့သည်။


Comment ရေးရန်

Rohingya Exodus