နောက်ဆုံးသတင်း/ဆောင်းပါးများ

ကွမ်းသီးပင် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး၏ လူမဆန်မှုကြောင့် အသက်ဆုံးရှုံးမှုပါရှိနေ

RB News
19.9.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ တောင်ပြို လက်ဝဲ မြို့နယ်ခွဲ၊ ကွမ်းသီးပင် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးအထွန်းချေ၏ လူမဆန်မှု များကြောင့် အသက် ဆုံးရှုံးမှု ပါရှိနေပြီး၊ ၎င်းသည် ရွာသား များထံမှ ငွေညှစ်ခြင်း၊ မတရား ညှဉ်းပန်း နှိပ်စက်ခြင်းများ အဆက်မပြတ် ပြုလုပ် လျက်ရှိကြောင်း သတင်း ရရှိ ပါသည်။ 

ကွမ်းသီးပင် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးအထွန်းချေသည် ခရီးသွား ထောက်ခံချက် တစ်စောင်လျှင် ကျပ် ၅၀၀ မှ ၁၀၀၀၊ ဧည့်စာရင်း တိုင်လျှင် လူတစ်ဦးကို ကျပ် ၅၀၀ မှ ၁၀၀၀ ယူလျက်ရှိရာ နေ့စဉ် ၀င်ငွေ ကျပ် ၅ သောင်းမှ ၁ သိန်း ကြားရနေသည်။ 

ကွမ်းသီးပင် ကျေးရွာ အုပ်စုတွင် (၁) ကွမ်းသီးပင် ကျေးရွာ (၂) ကွမ်းသီးပင် လာလ် ဂွာဖာရာ ကျေးရွာ (၃) ပဲဒီ ကျေးရွာ (၄) လက်ဖွဲ့ကျ (လက်ဖီယ) ကျေးရွာ နှင့် (၅) နံ့သာတောင် ကျေးရွာ တို့ပါဝင်ပြီး၊ နံ့ သာတောင် ကျေးရွာတွင် နံ့သာတောင် မွတ်စလင်ရွာနှင့် နံ့သာတောင် ရခိုင်ရွာ ဟူ၍ ရှိပါသည်။ ကွမ်း သီးပင် ကျေးရွာ အုပ်စု တွင်ပါဝင်သော ကျေးရွာ များတွင် အများစုမှာ ရိုဟင်ဂျာ မွတ်စလင် များနေ ထိုင်လျက် ရှိပြီး၊ ရခိုင် လူမျိုး အနည်းငယ် သာရှိသည်။ သို့သော်လည်း ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ် ခဲ့ရာတွင် မွတ်စလင် ကျေးရွာ များတွင် ဆယ်အိမ်စု ကိုယ်စားလှယ် များကို ရွေးချယ်ခြင်းနှင့် မဲထည့်ခွင့် မပေးခဲ့ဘဲ၊ ရခိုင် လူမျိုး အနည်းငယ်သာ နေထိုင်သော နံသာတောင် ရခိုင်ရွာမှ ဆယ်အိမ်စု ကိုယ်စားလှယ် များဖြင့် အုပ်ချုပ်ရေးမှူး ရွေးချယ် ခဲ့သည်။ ဦးအထွန်းချေသည် “ငါအရွေး ခံမယ်။ ငါနဲ့ ပြိုင်ရဲတဲ့သူ ရှိလား” ဟု ခြိမ်းခြောက် ပြောဆို ခဲ့သဖြင့် ၎င်းအား မည်သူ တစ်ဦး တစ်ယောက်မျှ မဲမပေး ခဲ့သော်လည်း ၎င်း၏ ပိုင်ရာ ဆိုင်ရာ သြဇာ အာဏာဖြင့် အုပ်ချုပ်ရေးမှူး ရာထူး ရယူခဲ့သည်။ ရခိုင်လူမျိုး ဆယ်အိမ်စု ကိုယ်စားလှယ် များက ဦးဖိုးစိန်အား အုပ်ချုပ်ရေးမှူး ရွေးချယ်ရန် လျာထား ခဲ့သော်လည်း ဦးအထွန်းချေ၏ ပိုင်ရာ ဆိုင်ရာ သြဇာ အာဏာကြောင့် အုပ်ချုပ်ရေးမှူး ရာထူး ရခဲ့သဖြင့် ယင်းအချိန် ကတည်းက ပင် ဒေသခံ ရိုဟင်ဂျာ မွတ်စလင် များနှင့် ရခိုင် လူမျိုးများ စိုးရိမ် ခဲ့ကြသည်။ ဦးအထွန်းချေသည် ယခင် ရယက အတွင်းရေးမှူးဟောင်း၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ ပြည်ခိုင်ဖြိုး ပါတီ အတွင်းရေးမှူးဟောင်း၊ ၂၀၁၀ ရွေးကောက်ပွဲ ကော်မရှင် မောင်တော ခရိုင် ကော်မရှင် အဖွဲ့ဝင် ဟောင်း တစ်ဦး ဖြစ်သည်။ ဦးအ ထွန်းချေသည် အာဏာ ရမည့် နေရာသို့ ၀င်လေ့ရှိပြီး၊ ဒေသခံ ပြည်သူ များကို အရက်မူး၍ ရိုက်နှက် ခြင်း၊ ငွေညှစ်ခြင်း၊ ညှဉ်းပန်း နှိပ်စက်ခြင်း၊ မတရားသဖြင့် လက်ယာမြေ၊ ပုဇွန်ကန် များကို ပိုင်ဆိုင် ရယူ လိုခြင်း စသည့် ကျေးရွာ အုပ်စုအတွင်း မလိုလား အပ်သည့် ပြဿနာ များကို ဖြစ်ပွားအောင် အမြဲတစေ ဖန်တီးသူ တစ်ဦးလည်း ဖြစ်သည်။ 

ဦးအထွန်းချေသည် နံ့သာတောင် ကျေးရွာတွင် နေထိုင်သော မူလ ဒေသခံ တစ်ဦး မဟုတ်ဘဲ ဘင်္ဂ လား ဒေ့ရှ် နိုင်ငံမှ ၀င်ရောက် နေထိုင်သူ တစ်ဦး ဖြစ်သည်။ ထို့ကြောင့် ၎င်းသည် ပညာရေး အားဖြင့် ၁၀ တန်း အောင်မြင် ခဲ့သော်လည်း အစိုးရ အမှုထမ်း ဖြစ်ရန် အတွက် အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာန၊ မြေစာရင်း ဦးစီးဌာန တို့တွင် လျှောက်ထား ခဲ့သော်လည်း နောက်ကြောင်းကို စစ်ဆေးရာတွင် ဘင်္ဂ လားဒေ့ရှ်မှ ဖြစ်သဖြင့် ၀န်ထမ်း အဖြစ် ခန့်ထား ခံရခြင်း မရှိခဲ့ပေ။ 

ဦးအထွန်းချေသည် ကွမ်းသီးပင် ကျေးရွာ၊ နံ့သာတောင် ကျေးရွာ ဒေသခံ များဖြစ်သည့် (၁) ကွမ်းသီး ပင် ကျေးရွာမှ ဦးအာဘူ အာမတ် (ဘ) ဦးမာန်ဇူရ် ထံမှ ငွေကျပ် ၂ သိန်း၊ (၂) ကွမ်းသီး ပင် ကျေးရွာမှ ဦးအီ မာန် ဟူစိန်း (ဘ) ဦးဟူစိန်း ထံမှ ငွေကျပ် ၁ သိန်း၊ (၃) ကွမ်းသီးပင် ကျေးရွာမှ ဦးဘော်ဒီ အာလမ် (ဘ) ဦးဒူဒူအလီ ထံမှ ငွေကျပ် ၁ သိန်း၊ (၄) နံ့သာတောင် ကျေးရွာမှ ဦးဆယာဒ် အာလမ် (ဘ) ဦးမာမတ် ဆိဒိတ် ထံမှ ငွေကျပ် ၁ သိန်းနှင့် (၅) နံ့သာတောင် ကျေးရွာမှ ဦးဂျမာလ် ဟူစိန်း (ဘ) ဦးဆယာဒ် အာမတ် ထံမှ ငွေကျပ် ၁ သိန်း ကို စက်တင်ဘာလ (၁၄) ရက်နေ့က အိန္ဒိယ နိုင်ငံသို့ သွားရောက် ခဲ့သည်ဟု မ ဟုတ် မမှန် စွပ်စွဲ၍ ရယူ ခဲ့သည်။ အလားတူ အခြားသော ဒေသခံ များကိုလည်း နည်းအမျိုးမျိုးဖြင့် ခြိမ်းခြောက်၍ နေ့စဉ် ငွေညှစ်၊ ညှဉ်းပန်း နှိပ်စက်မှုများ ပြုလုပ် လျက်ရှိသည်။ 

စက်တင်ဘာလ (၁၇) ရက်နေ့ နံနက် ၇ နာရီတွင် နံ့သာတောင် ကျေးရွာနေ ဒေါ်ဆာဂျေဒါ (ဘ) ဟာဂျီ ကာလာမျာ ကလေး မွေးဖွားရန် မိသားစုဝင် တစ်ဦးမှ နံ့သာတောင် ကျေးရွာ၊ ကျေးလက် ဌာနခွဲ တာဝန်ခံ သူနာပြု ဒေါ်နွယ်နွယ်ဦး ထံသို့ သွားရောက်၍ အကူအညီ တောင်းခံခဲ့သည်။ သူနာပြု ဒေါ်နွယ်နွယ်ဦးက ရိုင်းပျစွာ “ဘင်္ဂလီဆိုရင် ငါဆေးမကုဘူး။ ငါ ဘင်္ဂလီ အိမ်ကို မသွားဘူး” ဟုပြောဆို ခဲ့သည်။ ထို့ကြောင့် မိသားစု ၀င်များက ဒေါ်ဆာဂျေဒါအား တစ်ဖက် နိုင်ငံသို့ ခေါ်ယူ သွားရန် စီစဉ်ပြီး၊ လူနာကို ထမ်းစင်ဖြင့် ထမ်း၍ နံ့သာတောင် လုံထိန်း ကင်းစခန်းသို့ ခေါ်ယူ သွားခဲ့သည်။ လုံထိန်း စခန်းမှူးအား မိသားစု ၀င်များမှ ခွင့်ပြုချက် တောင်းသည့် အခါ၊ လုံထိန်း စခန်းမှူးမှ ဦးအထွန်းချေအား ဖုန်းဆက်၍ ထောက်ခံ ချက် တောင်း ခံခဲ့သည်။ ဦးအထွန်းချေက “ဘင်္ဂလီဆိုရင် ခွင့်မပြုနိုင်ဘူး” ဟု လုံထိန်း စခန်းမှူး အား ပြော သဖြင့် နောက်ဆုံးတွင် ဆေးကုသခွင့် မရခဲ့သော ဒေါ်ဆာဂျေဒါ သည် ယင်းနေ့ နံနက် ၁၁ နာရီတွင် ကလေး မွေးဖွားပြီးနောက် ကွယ်လွန် သွားခဲ့သည်။ 

“အုပ်ချုပ်ရေးမှူး အထွန်းချေနဲ့ သူနာပြု ဆရာမ ဒေါ်နွယ်နွယ်ဦး တို့လို အစိုးရ အမှု ထမ်း တွေ ရှိ နေမယ် ဆိုရင် နိုင်ငံတော် သမ္မတ ပြောသလို သန့်ရှင်းသော အစိုးရ ဘယ်တော့ မှ ဖြစ် လာမှာ မဟုတ် ဘူး။ နိုင် ငံတော် သမ္မတရဲ့ မိန့်ခွန်းနဲ့ ညီညွတ်မှု မရှိတဲ့ ၀န်ထမ်းတွေ ကို နိုင်ငံတော် အစိုးရက အချိန်နဲ့ တပြေးညီ အရေးယူ ဆောင်ရွက်ဖို့ လိုပါတယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။


Comment ရေးရန်

Rohingya Exodus