နောက်ဆုံးသတင်း/ဆောင်းပါးများ

မြန်မာ ဒုက္ခသည် စခန်းတွေကို ရိက္ခာ ဖြတ်တောက် တော့မည်



19.9.2013

ထိုင်း မြန်မာ နယ်စပ် ဒုက္ခသည် စခန်း ၇ ခုက ဒုက္ခသည် အချို့ အတွက် ဆန်ရိက္ခာ ခွဲတမ်းကို ဒီဇင်ဘာလ ကနေစပြီး ဖြတ်တောက် မှုတွေ ပြုလုပ် သွားမယ်လို့ သိရ ပါတယ်။

ဒီစခန်း တွေက ဒုက္ခသည် တွေကို အကူအညီ အလိုအပ် ဆုံးသူ၊ အကူအညီ လိုသူ၊ စံနှုန်းနဲ့ ကိုယ်ထူ ကိုယ် ထ ဆိုပြီး အုပ်စု ၄ မျိုးခွဲကာ တစ်နည်း နည်းနဲ့ ဝင်ငွေ ရရှိနေပြီ ဖြစ်တဲ့ ကိုယ်ထူ ကိုယ်ထ အုပ်စုက လူ ကြီးတွေ အတွက် ဆန်ခွဲတမ်း မရရှိ တော့ဘူးလို့ သိရ ပါတယ်။

ဒီအပြောင်း အလဲနဲ့ ပတ်သက်လို့ ဒုက္ခသည် စခန်းတွေကို ရိက္ခာ အကူ အညီ ပေးနေတဲ့TBBC အဖွဲ့ ကြီးရဲ့ ဒါရိုက်တာ MRs. Sally Thomson ကတော့ အခုလို ရှင်းပြ ပါတယ်။

“ယခုအပြောင်းအလဲတွေကိုလူသားချင်းစာနာမှုဆိုင်ရာရန်ပုံငွေများလျှော့နည်း သွား ခြင်းကြောင့် ဆောင် ရွက် ခဲ့ရ ခြင်း ဖြစ်ပါတယ်၊ ဒုက္ခသည် စခန်း တွေရဲ့ လိုအပ်ချက် အပေါ် မူတည် ချဉ်း ကပ်ပြီး စီမံ ဆောင် ရွက် ခဲ့တာ ဖြစ်ပါတယ်”

ယခင်က လူကြီး တစ်ဦးကို တလ ကိုဆန် ၁၂ ကီလို ရရှိ နေရာ ကနေ စံနှုန်းလို့ သတ်မှတ် ခံရတဲ့ အုပ်စု ထဲ က လူကြီးတွေ ကတော့ အခု ၈ ကီလို ကနေ ၁၂ ကီလို အထိ ရရှိမှာ ဖြစ်ပြီး၊ အကူ အညီ လိုသူ အုပ်စု ကတော့ နဂိုအတိုင်း ၁၂ ကီလို ရရှိမှာ ဖြစ်ပါတယ်။ အကူအညီ အလိုအပ်ဆုံး အုပ်စု ကတော့ ဆန်ရိက္ခာ ပိုမို ရရှိနိုင် မှာဖြစ်ပြီး အုပ်စု အားလုံးက ၁၈ နှစ်အောက် ကလေးငယ် တွေကတော့ နဂို မူလ ခွဲတမ်း အ တိုင်း တစ်ဦးကို ၆ ကီလို ဆက်လက် ရရှိမယ် လို့လည်း သိရပါတယ်။

TBC အဖွဲ့ကြီးရဲ့ ဇူလိုင်လ စာရင်းအရ ထိုင်းမြန်မာ နယ်စပ် ဒုက္ခသည် စခန်း ၉ ခုမှာ လူဦးရေ စုစုပေါင်း တစ် သိန်း နှစ်သောင်း ခြောက်ထောင်ကျော် ရှိတယ်လို့ သိရပါတယ်။

Comment ရေးရန်

Rohingya Exodus