မြောက်အမေရိကတိုက် အစ္စလာမစ် အသိုင်းအ၀ိုင်းရဲ့ ၀ါရှင်တန်မြို့က ရွှေရတုသဘင်
RB News
2.9.2013
မတူကွဲပြားတဲ့ လူမျိုးပေါင်းစုံ ပါဝင်တဲ့ အမေရိကန် မွတ်စလင် များကတော့ မြောက် အမေရိကတိုက် အစ္စ လာမစ် အသိုင်းအ၀ိုင်းရဲ့ နှစ်ငါးဆယ် မြောက် ရွှေရတု သဘင် အခမ်းအနား ကိုဂုဏ်ယူ ၀င့်ကြွားစွာ ပါဝင် ဆင်နွှဲ လျက်ရှိ ပါတယ်။
အမေရိကန် နိုင်ငံရဲ့ အမေရိကန် မွတ်စလင် ဂီတ ပညာရှင် တစ်ဦး ဖြစ်တဲ့ အဗ်ဒူမာလိခ် အဟမတ် က “ကျွန်တော် တို့တွေက ဒီနိုင်ငံကို ဒီထက် ကောင်းမွန် လာအောင် ရတဲ့ဘက် ကနေ ကြိုးစား နေခြင်း ဖြစ် ပါ တယ်” လို့ စနေနေ့က MyFox DC သတင်း ဌာနကို ပြောပါတယ်။
“ကျွန်တော် တို့ကျင်းပ နေတဲ့ ညီလာခံက အဲဒီ အတွက် ဖြစ်လို့ ကျွန်တော်တို့ ဒီကို ရောက်နေ ရတာပါ” လို့ အဟ မတ်က ဆက်ပြော ပါတယ်။
မြောက်အမေရိကတိုက် အစ္စလာမစ် အသိုင်းအ၀ိုင်း လို့ အဓိပ္ပာယ် ရတဲ့ ISNA (Islamic Society of North America) ရဲ့ ယခုနှစ် ညီလာခံကို လွန်ခဲ့တဲ့ သောကြာနေ့၊ သြဂုတ်လ ၃၀ ရက်နေ့က စတင်ခဲ့ပြီး ယနေ့ စက်တင်ဘာလ ၂ ရက်နေ့မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။ အခုကျင်းပတဲ့ ISNA ရဲ့ နှစ် ၅၀ မြောက် အခမ်း အနား ကတော့ အမေရိကန် ပြည်ထောင်စုရဲ့ မြို့တော် ၀ါရှင်တန် ဒီစီမှာ ဒေါက်တာ မာတင် လူသာ ကင်းရဲ့ “ကျွန်တော့်မှာ အိပ်မက် တစ်ခု ရှိတယ် (I Have a Dream)" အခမ်းအနား အပြီးမှာ အကြီးမားဆုံး အခမ်း အနား ဖြစ်ပါတယ်။
ISNA ရဲ့အာဘော် ကတော့ “ပိုပြီး ပြည့်စုံတဲ့ ပြည်ထောင်စု တစ်ခု မျှော်မှန်းဖို့ ချစ်ခင် ရင်းနှီးတဲ့ အသိုင်း အ၀ိုင်း တည်ဆောက်စို့” ဖြစ်ပြီး၊ ကမ္ဘာ အ၀န်းနဲ့ မြောက်အမေရိက တိုက်က မွတ်စ လင် ထောင်ပေါင်း များ စွာ တက်ရောက် ဆင်နွှဲနေ ကြပါတယ်။
ဝါရှင်တန် ဒီစီရဲ့ မြို့တော်ဝန် တက်ရောက် အမှာစကား ပြောကြား ခဲ့ပြီး၊ နိုင်ငံတကာက ပညာရှင်တွေ၊ အသိုင်း အ၀ိုင်း ခေါင်းဆောင် တွေ ၂၀၀ ကျော်ကို တက်ရောက်ပြီး မိန့်ခွန်း ချွေဖို့ ဖိတ်ကြား ခဲ့ပါတယ်။ မွတ်စလင် ဂီတ အဆိုရှင် တွေဖြစ်တဲ့ နအီးမ် မိုဟာမတ်၊ အဗ်ဒူမာလိခ် အဟမတ်၊ နေတီဗ် ဒီးန်နဲ့ မာဟဲရ် ဇိန်း တို့လည်း တက်ရောက် နေတယ်။
ဗာဂျီးနီးယား ပြည်နယ်က လာတဲ့ မဟာမွဒ် ကာဇ်မီး ကတော့ “ကျွန်တော်တို့က အမေရိကား မှာမွေးပြီး၊ အမေရိကားမှာ ကြီးပြင်းတဲ့ အတွက် ကျွန်တော်တို့ရဲ့ ဂီတ တွေက အရမ်း အမေရိကန် ဆန်တယ်” လို့ ဆိုပါတယ်။ “ကျွန်တော် ပြောတာက ကျွန်တော်တို့ အစ္စလာမ် ဘာသာကို ကိုးကွယ် ယုံကြည်ပြီး ဒီမှာ ကြီးပြင်း လာတဲ့ ဘ၀ပါ”
ISNA က မြောက်အမေရိကတိုက်မှာ အကြီးမားဆုံး မွတ်စလင် အဖွဲ့အစည်း တစ်ခု ဖြစ်ပါတယ်။ ၁၉၆၃ ခုနှစ်မှာ စတင်ခဲ့တဲ့ ISNA ရဲ့ ပထမဆုံး ညီလာခံကို အမေရိကားနဲ့ ကနေဒါ နိုင်ငံ များမှာ ရှိတဲ့ မွတ်စ လင် ကျောင်းသားများ အသင်းတွေက ဦးဆောင် ခဲ့တာ ဖြစ်တယ်။ နှစ်စဉ် နှစ်တိုင်း ကျင်းပတဲ့ ISNA ညီလာခံ အနည်းဆုံး လူပေါင်း ၄၀၀၀၀ ကျော် တက်ရောက်လေ့ ရှိပါတယ်။
ဒီညီလာခံမှာ အမေရိကန် နိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေးနဲ့ ဘာသာရေး ကိစ္စ တွေကို အလေး ထား ဆွေးနွေးကြပြီး၊ ISNA ရဲ့ ဥက္ကဌ ဖြစ်သူ ရှေ့ဆောင် ဆရာ မိုဟာမတ် မာဂျစ်က “အခုတော့ မွတ်စ လင်၊ ဂျူးတွေနဲ့ ခရစ်ယာန် တွေကြားမှာ ပူးပေါင်း ဆောင်ရွက် မှုတွေ ရှိနေကြပြီး၊ ကောင်းမွန်တာ တစ်ခု အ တွက် အတူ လက်တွဲ ဆောင်ရွက် နေကြတယ်” လို့ ဆိုပါတယ်။
အမေရိကန် မွတ်စလင် တွေနဲ့ ပတ်သက်ပြီး လူထု သဘောထား ကောက်ခံ ခဲ့ရမှာတော့ အမေရိကန် မွတ်စလင် အများစုက အမေရိကန်နိင်ငံအပေါ်သစ္စာရှိ ကြတယ်လို့ သဘောထား ရခဲ့တယ်လို့ Onislam.net က ဖော်ပြတဲ့ သတင်းမှာ ရေးသား ထားပါတယ်။
ISNA ညီလာခံမှာ မြန်မာ နိုင်ငံမှာ မွတ်စလင် များအပေါ် အကြမ်းဖက် မှုများနဲ့ ပတ်သက်ပြီး ပြခန်းများ ဖွင့် လှစ်ပြီး ပြသထား ပါတယ်။
(ဓါတ်ပုံများ အားလုံးကို NY Kogyi Facebook မှ ကူးယူ ဖော်ပြသည်)
(ဓါတ်ပုံများ အားလုံးကို NY Kogyi Facebook မှ ကူးယူ ဖော်ပြသည်)