နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘာသာမတူသူ တွေအကြား ယုံကြည်မှု ရအောင် ထိတွေ့ဆက်ဆံဖို့ လိုအပ်



26.9.2013

ရခိုင် ပြည်နယ်မှာ ဗုဒ္ဓဘာသာ တွေနဲ့ ရိုဟင်ဂျာ မူစလင်တွေ အကြား အပြန် အလှန် ယုံကြည်မှု ရရှိအောင် ထိတွေ့ ဆက်ဆံ မှုတွေ၊ ဆွေးနွေး ပြောဆို တာတွေ အခုထက် ပိုပြီး ဆောင်ရွက်ဖို့ လိုအပ် နေတယ်လို့ ကုလ သမဂ္ဂ အတွင်းရေး မှူးချုပ်ရဲ့ အထူး အကြံပေး ပုဂ္ဂိုလ် မစ္စတာ Vijay Nambiar က ပြောပါတယ်။

Al Arabiya ရုပ်သံ သတင်း ဌာနနဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ မနေ့က ပြောဆို ခဲ့တာပါ။ 

မြန်မာ နိုင်ငံမှာ တကယ့်ကို အရေးတကြီး လက်ငင်း လိုအပ် နေတာက မတူ ကွဲပြားတဲ့ လူ့အဖွဲ့ အ စည်း နှစ်ရပ်ကြား အပြန် အလှန် ယုံကြည်မှုနဲ့ ထိတွေ့ ဆက်ဆံ မှုတွေ အများကြီး လိုအပ် နေတယ် ဆို တာ အစိုးရ ကရော ၊ ဗုဒ္ဓဘာသာ အသိုင်း အ၀ိုင်းက တချို့သူတွေ သိမြင် လာကြဖို့ ဖြစ်ပါတယ်၊ တ ကယ်တော့ အကြမ်းဖက် မှုတွေ ဖြစ်ပွား ခဲ့ရ တာဟာ တရား ဥပဒေ မစိုးမိုး နိုင်တာ ကနေ ဘာသာ လူမျိုး ပဋိပက္ခ အထိ ကြီးထွား သွားခဲ့ ရတာပါ၊ အဲဒီနောက် ရိုဟင်ဂျာ တွေရဲ့ တရားဝင်မှု အဆင့် အတန်း ဆိုင်ရာ လက်ရှိ ပြဿနာ ဟောင်း အပါ အဝင် တခြား ကိစ္စတွေ ပါရောပြီး အရှိန်မြင့် သွားခဲ့ ရတာ ဖြစ်ပါ တယ် လို့ ပြောကြား ခဲ့ပါတယ်။

ဆက်လက်ပြီး မြန်မာ အစိုးရ အနေနဲ့ ဘာသာ လူမျိုး ပဋိပက္ခဟာ နိုင်ငံ့ ဂုဏ်သိက္ခာနဲ့ လက်ရှိ ပြု ပြင် ပြောင်း လဲရေး လုပ်ငန်း စဉ်ကို ထိခိုက်တယ် ဆိုတာ သဘောပေါက် ပါတယ်၊ အစိုးရ အကူ အညီနဲ့ ဘာသာ ပေါင်းစုံက ခေါင်းဆောင် တွေနဲ့ တွေ့ဆုံ နိုင်ခဲ့ ပါတယ်၊ အစိုးရ အနေနဲ့ တတ်နိုင် သလောက် ဆောင်ရွက် နေပေမဲ့ မလုံလောက် သေးပါဘူး၊ အပြန် အလှန် ယုံကြည်မှုနဲ့ ထိတွေ့ ဆက်ဆံ မှုတွေ အများကြီး လိုအပ် နေပါတယ်၊ အကြမ်းဖက် ကိစ္စတွေမှာ အမှန် တကယ် ပါဝင်သူ တွေကို အရေးယူ အပြစ်ပေး ရပါမယ်၊ ဒါမှသာ လူတွေမှာ လုံခြုံမှု မရှိဘူး ဆိုတဲ့ ခံစားသိကို ပယ်ဖျောက် နိုင်ပြီး၊ အကာ အကွယ် ပေးမယ့် တရား ဥပဒေ ရှိတယ် ဆိုတဲ့ အသိ ရရှိ လာမှာ ဖြစ်ပါတယ်လို့ မစ္စတာ Vijay Nambiar က ပြောကြား ခဲ့ပါတယ်။

မစ္စတာ Vijay Nambiar ဟာ စက်တင်ဘာလ ဆန်းပိုင်းက မြန်မာ နိုင်ငံကို လာရောက် ခဲ့ပြီး ပဋိပ က္ခ ဖြစ် ပွား ခဲ့တဲ့ နေရာတွေကို သွားရောက် ကြည့်ရှု လေ့လာ ခဲ့ပါတယ်။

Comment ရေးရန်

Rohingya Exodus