နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောမြို့ တောင်ပိုင်းတွင် NGO ၀န်ထမ်းများကို ရခိုင်များ အကြမ်းဖက်ရန် ကြိုးစား

RB News
26.9.2013

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ တောင်ပိုင်း၊ အလယ်သံကျော် ကျေးရွာ အုပ်စု၊ ဟော်ဆော် ရာ ရွာအနီးရှိ မောရ၀တီနှင့် ကန်သာရွာ ရခိုင်ရွာ များတွင် ရခိုင် ဒုက္ခသည် များအ တွက် ဆောက်လုပ် ထားသည့် အိမ်များကို သွားရောက် ကြည့်ရှု စစ်ဆေးသော NGO ၀န်ထမ်း များကို စက် တင်ဘာလ ၂၅ ရက်နေ့ နေ့လည်ပိုင်းက ရခိုင် အကြမ်းဖက် သမား အချို့နှင့် ဘုန်းကြီး တစ်ပါးက အကြမ်း ဖက် တိုက်ခိုက်ရန် ကြိုးစား ခဲ့ကြောင်း သတင်း ရရှိ ပါသည်။ 

စက်တင်ဘာလ (၂၅) ရက်နေ့ နေ့လည်ပိုင်းတွင် WFP နှင့် UNHCR မှ ၀န်ထမ်း များသည် မောရ၀တီနှင့် ကန်သာရွာရှိ ရခိုင် ဒုက္ခသည် များအတွက် ဆောက်လုပ် ထားသော အိမ်များကို သွားရောက် ကြည့်ရှု စစ်ဆေး ခဲ့သည်။ ၎င်းတို့ စီးနင်း သွားသော ကားနှစ်စီးကို ဟော်ဆော်ရာ ရွာအနီးရှိ ကန်သာရွာ တွင်ရပ် ထားပြီး ယာဉ်မောင်း များကို ကားစောင့် အဖြစ် ထားခဲ့ ကြသည်။ ကားရပ်နား ထားသည့် နေရာသို့ ဘုန်း ကြီး တစ်ပါးနှင့် ရခိုင် အကြမ်းဖက် အချို့ တုတ်များ ကိုင်ဆောင်၍ ရောက်ရှိ လာပြီး ဆဲဆိုကာ ယာဉ်မောင်း များကို အကြမ်းဖက် တိုက်ခိုက်ရန် ကြိုးစား ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

ထို့အပြင် NGO ၀န်ထမ်းများ ကန်သာရွာမှ အထွက် တွင်လည်း အဆိုပါ ဘုန်းကြီးနှင့် ရခိုင် အကြမ်းဖက် သမားများက တုတ်များ ကိုင်ဆောင်၍ အကြမ်းဖက် ရန် ကြိုးစား ခဲ့ပြီး၊ NGO ၀န်ထမ်း များနှင့် အခြေ အတင် စကား များခဲ့ကြောင်း သိရှိ ရပါသည်။ 

“ဒရိုင်ဘာ တွေက ရိုဟင်ဂျာ မွတ်စလင် တွေပါ။ သူတို့ နှစ်ယောက်ကို မင်းတို့ ကုလားတွေ ဒီကမ္ဘာမှာ ရှိနေ သေးလား၊ မင်းတို့ ကုလားတွေ ဒီကမ္ဘာ မရှိအောင် ငါတို့ လုပ်ပြမယ် လို့ဆဲဆို ခြိမ်းခြောက် နေတဲ့ အချိန်မှာ NGO ၀န်ထမ်းတွေ ရွာထဲက ထွက်လာတော့ တစ်ခါ မင်းတို့ အင်္ဂလိပ် ကောင်တွေ ကု လားတွေ ကို အိမ်ဆောက် ပေးဖို့ လာတာလား ဆိုပြီး အန်ဂျီအို ၀န်ထမ်း တွေကို ထပ်ပြီး ပြဿနာ လုပ် တယ်။ တုတ်တွေနဲ့ ရိုက်ဖို့ ကြိုးစား တယ်။ အဲဒီ နေရာမှာ ၀န်ထမ်းတွေနဲ့ အခြေ အတင် စကား များ တယ်။ နောက် ဆုံးတော့ ဆဲဆို ကြိမ်းမောင်းတာ ကလွဲပြီး အကြမ်းဖက်လို့ တော့ မရလိုက်ဘူး။ ၀န် ထမ်း တွေ လည်း မောင်တော မြို့ကို ချော့ချော့ မော့မော့ ပြန်ရောက် သွားတယ်” ဟု ဒေသခံ တစ်ဦး ကပြောပါ သည်။ 

မောင်တော မြို့နယ်တွင် ၂၀၁၂ ခုနှစ် ဇွန်လ တွင် ဖြစ်ပွား ခဲ့သော အကြမ်းဖက် မှုတွင် ရိုဟင်ဂျာ မွတ်စ လင် ရာပေါင်း များစွာ အိုးမဲ့ အိမ်မဲ့ ဖြစ်ပွား ခဲ့သော်လည်း နိုင်ငံတော် အစိုးရမှ ဒုက္ခသည် အဖြစ် အသိ အ မှတ် သောကြောင့် မည်သည့် အထောက် အပံ့မှ မရကြောင်း သိရှိ ရပါသည်။


Comment ရေးရန်

Rohingya Exodus