နောက်ဆုံးသတင်း/ဆောင်းပါးများ

အီရန်-အမေရိကန် အဆင့်မြင့် ဆွေးနွေးပွဲလုပ်

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး John Kerry (ဝဲ) နှင့် အီရန် နိုင်ငံခြားရေး ဝန်ကြီး Mohaddad Javad Zarif (ယာ) တို့ ကုလ ကြီးငါးကြီး အပေါင်းတစ် ဆွေးနွေးပွဲ အပြင်ပန်းတွင် တွေ့ဆုံစဉ်။ (စက်တင်ဘာ ၂၆၊ ၂၀၁၃)

27.9.2013

အီရန်နိုင်ငံရဲ့ နျူကလီယား အစီအစဉ်နဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုနဲ့ အီရန် နိုင်ငံ အ ကြား နှစ် ၃၀ ကျော် အတွင်း ပထမဆုံး အကြိမ် အဆင့်မြင့် တာဝန် ရှိသူတွေ တိုက်ရိုက် ဆွေးနွေး မှု ပြု လုပ်ခဲ့ ပါတယ်။

နယူးယောက် ကုလ သမဂ္ဂ အထွေထွေ ညီလာခံ ကျင်းပ နေရာ အပြင် ပန်းမှာ ပြုလုပ် သွားတာပါ။ ကုလ သမဂ္ဂရဲ့ ကြီး ၅ ကြီးနဲ့ အီရန် အစည်း အဝေး ပြုလုပ် ပြီးတဲ့နောက် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန် ကယ်ရီဟာ အီရန် နိုင်ငံခြားရေး ၀န်ကြီး Javad Zarif ကို သီးခြား ခေါ်ယူပြီး မမျှော် လင့်ဘဲ မိနစ် ၃၀ ကြာအောင် နှစ်ဘက် တိုက်ရိုက် တွေ့ဆုံ ဆွေးနွေး ခဲ့ကြ ပါတယ်။

အီရန် နိုင်ငံမှာ ၁၉၇၉ ခုနှစ် အစ္စလာမစ် တော်လှန်ရေး ဖြစ်ပြီး ကတည်း ကဆိုရင် အမေရိကန်နဲ့ အီရန် အကြား အဆင့်မြင့် တာဝန် ရှိသူတွေ တိုက်ရိုက် သီးခြား တွေ့ဆုံမှု ဒါဟာ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။ ၁၉၇၉ ခုနှစ်က အီရန်မှာ အစ္စလာမ် မစ် တော်လှန်ရေး ပေါ်လာ ပြီးနောက် အမေရိကန် သံရုံးကို စီးနင်း သံတမန် တွေကို ပြန်ပေး ဆွဲမှု ဖြစ်ခဲ့ ပြီးတဲ့နောက် အဲဒီ ကတည်းက အမေရိကန်နဲ့ အီရန် တရားဝင် သံအ ဆက် အသွယ် ပြတ်တောက် ခဲ့တာပါ။

သူတို့ နှစ်ဦးရဲ့ဆွေးနွေး ညှိနှိုင်း မှုဟာ အပြု သဘော ဆောင်ပြီး အီရန်ဘက် ကတော့ လေသံ ပြောဆို မှုဟာ အတော် ကြီးကို ပြောင်းလဲ သွားပြီလို့ မစ္စတာ ကယ်ရီက မှတ်ချက် ပြုပါတယ်။ ဒါပေမယ့် အခုလို အ စည်း အဝေး တခုတည်းနဲ့ လေသံ ပြောင်းရုံ နဲ့တော့ အီရန် နျူကလီယား အစီ အစဉ် အတွက် အဖြေ တစုံ တရာ ထုတ်နိုင် ဦးမှာ မဟုတ် သေးဘူးလို့ မစ္စတာ ကယ်ရီက ပြောခဲ့ ပါတယ်။

ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံ ၅ နိုင်ငံ (အပေါင်း) ဂျာမဏီ တို့နဲ့ ဆွေးနွေးရာ မှာတော့ နျူကလီယား အရေး ဆွေးနွေး မှုတွေကို အရှိန်မြှင့် ဆောင်ရွက်ဖို့ သဘောတူ ခဲ့တယ်လို့ အီ ရန် နိုင်ငံခြားရေး ၀န်ကြီး Zarif က ပြောခဲ့ ပါတယ်။ သဘော တူညီမှုကို တနှစ် အတွင်း ရလိမ့် မယ် လို့ မျှော်လင့်တဲ့ အကြောင်းလည်း ပြောသွား ပါတယ်။

အီရန် ဘက်က အဆိုပြုချက် တင်တယ် ဆိုတာကို အမေရိကန် တာဝန်ရှိ သူတွေ ဘက်က အတည်ပြု ပါ တယ်။ ဒါပေမယ့် လည်း လာမယ့်လ ဂျနီဖာ မှာပြုလုပ်မယ့် ကြီးငါးကြီး (အပေါင်း) ၁ အစည်း အဝေး မတိုင် ခင်မှာ အီရန် ဘက်က ပိုပြီး အသေးစိတ် ကျတဲ့ အဆိုပြု ချက်ကို တင်ပြဖို့ တိုက်တွန်း ထား တယ် လို့ ပြော ပါတယ်။ 

Comment ရေးရန်

Rohingya Exodus