နောက်ဆုံးသတင်း/ဆောင်းပါးများ

သံတွဲမြို့တွင် ရခိုင် အကြမ်းဖက် သမားများ မီးရှို့ဖျက်ဆီး လျက်ရှိ

RB News 
30.9.2013 

သံတွဲ ။ ။ ရခိုင် ပြည်နယ်၊ သံတွဲမြို့တွင် စက်တင်ဘာလ (၂၈) ရက်နေ့ မှစ၍ ရခိုင် အကြမ်းဖက် သမား များက ဒေသခံ မွတ်စလင် များ၏ နေအိမ် များကို မီးရှို့ အကြမ်းဖက် ရန်ကြိုးစား ခဲ့ရာ၊ စက်တင်ဘာလ (၂၉) ရက်နေ့က အမှတ် (၃) ရပ်ကွက်ရှိ ဦးလှမြင့်၏ နေအိမ်နှင့် ဦးကိုကြီးမောင် တို့၏ ဆီဆိုင် တို့ကို မီးရှို့ ဖျက်ဆီး ခဲ့ကြသည်။ 

တစ်ဖန် ယနေ့ နံနက်ပိုင်း မှစ၍ ထပ်မံ၍ မီးရှို့ အကြမ်းဖက် မည်ဟု သတင်းများ လွှင့်ထုတ် ပြီးနောက် ယနေ့ ညပိုင်းတွင် ဦးကိုကြီးမောင်၏ ဆီဆိုင်ကို တစ်ဖန် မီးရှို့ ဖျက်ဆီး ခဲ့ကြောင်း သတင်း ရရှိပါသည်။ ထို့ အပြင် ဗောဓိကုန်း ရပ်ကွက်ရှိ ဦးမောင်မောင်၏ သီဟိုဠ်ခြံ အတွင်းရှိ တဲနှင့် လင်းသီရွာရှိ မော်လ၀ီ ဦးသိန်းအောင်၏ တဲ တို့ကိုလည်း မီးရှို့ ဖျက်ဆီး လိုက်ကြောင်း သိရှိ ရပါသည်။ 

သံတွဲမြို့ရှိ ကျောက်ကြီးရွာ ဗလီ ကိုလည်း ရခိုင် အကြမ်းဖက် သမား များက မီးရှို့ လိုက်ကြောင်း သံတွဲ မြို့ ဒေသခံ တစ်ဦးက RB News သို့ အတည်ပြု ပြောကြား ပါသည်။ 

စက်တင်ဘာလ (၂၈) ရက်နေ့က သုံးဘီး ဆိုင်ကယ် အငှား သမားနှင့် စကားများ ခဲ့သော ကမန် အမျိုးသား ပါတီ ဥက္ကဌ ဦးကျော်ဇံလှကို ဖမ်းဆီး၍ စစ်ဆေးပြီး၊ အာမခံ ပေးပြီးနောက် တစ်ဖန် ဖမ်းဆီးပြီး သံတွဲမြို့ အကျဉ်း ထောင်သို့ ပို့လိုက်သည်ဟု ဆိုသည်။ 

သံတွဲမြို့တွင် မွတ်စလင် များကို အကြမ်းဖက်ရန် သြဂုတ်လ အတွင်း တွင်လည်း ကြိုးစား ခဲ့ပြီး၊ အကြမ်းဖက် မှုများကို အဓိက ဦးဆောင် နေသူ များမှာ ရဲအောင်လံ ကျော်ကျော် (ခ) ထွန်းသန့်ကျော် ၊ ဌေးအောင်နှင့် ၀င်းကိုလေး တို့ဖြစ်ကြောင်း အဆိုပါ ဒေသခံမှ RB News သို့ ပြောပါသည်။ 

ပုဒ်မ ၁၄၄ ထုတ်ပြန် ထားသော်လည်း ရခိုင် အကြမ်းဖက် သမား များမှာ လွတ်လပ်စွာ သွားလာ လှုပ်ရှား နိုင်ပြီး၊ လုံခြုံရေး တပ်ဖွဲ့ဝင် များမှလည်း မီးရှို့ ဖျက်ဆီး နေခြင်း များကို ဟန့်တား တားဆီး နိုင်ခြင်း မ ရှိကြောင်း သတင်း ရရှိ ပါသည်။ 


Comment ရေးရန်

Rohingya Exodus