နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောမြို့မှ အပြစ်မဲ့ ရိုဟင်ဂျာ ၃၈ ဦးကို အကြောင်းမဲ့ ဖမ်းဆီး

RB News
6.9.2013

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်တွင် လွန်ခဲ့သည့်လ မှစ၍ နေ့စဉ် ရက်ဆက် အစုလိုက် အပြုံလိုက် ဖမ်းဆီးမှု များပြုလုပ် လျက်ရှိရာ စက်တာဘာလ (၄) ရက်နေ့ ညက အပြစ်မဲ့ ရိုဟင်ဂျာ ၃၈ ဦး ဖမ်းဆီး ခံရကြောင်း သတင်း ရရှိပါသည်။ 

နေ့စဉ် ည ၁၁ နာရီ ကျော်လျှင် ရပ်ကွက်နှင့် ကျေးရွာ များသို့ ရဲ၊ လုံထိန်းအင်အား ၁၀၀ ကျော်နှင့် ရခိုင် အစွန်းရောက် ၅၀ ကျော်တို့ ပါဝင်သည့် အဖွဲ့မှ ၀င်ရောက် စီးနင်း နေခြင်း ဖြစ်သည်။ ယခုကဲ့သို့ နေ့စဉ် ရက် ဆက် ၀င်ရောက် စီးနင်းမှုကြောင့် အမျိုးသား အများစုမှာ တိမ်းရှောင် နေရပြီး၊ အမျိုးသား မရှိသော နေ အိမ်များတွင် အမျိုးသမီး များကို မုဒိန်းကျင့်ရန် ကြိုးစားခြင်း၊ ကိုယ်ထိ လက်ရောက် စော် ကားခြင်း တို့ပြု လုပ် လျက် ရှိကြောင်း သိရှိ ရပါသည်။

စက်တင်ဘာလ (၄) ရက်နေ့ ညတွင် မောင်တော မြို့နယ်၊ မြို့မ ကညင်တန်း ကျေးရွာ အုပ်စုမှ ၁၂ ဦး၊ မောင်တော မြောက်ပိုင်း ပြင်ဖြူ ကျေးရွာမှ ၂၀ ဦးနှင့် အလယ်သံကျော်မှ ၁၈ နှစ် ၀န်းကျင် အရွယ် လူ ငယ် ၆ ဦး တို့ကို အကြောင်းမဲ့ ဖမ်းဆီး သွားခဲ့သည်။ ထို့အပြင် လွန်ခဲ့သည့် အပတ်ကလည်း မောင်တော မြို့နယ် အမှတ် (၅) ရပ်ကွက်မှ ၁၂ ဦး ဖမ်းဆီးခဲ့ရာ၊ ၁၀ ဦးထံမှ ငွေကျပ် ၅ သောင်းစီ ယူ၍ ပြန်လည် လွှတ်ပေး ခဲ့သည်။ 

“အခု ဖမ်းနေ တာက ညတိုင်း လိုလို ဖြစ်နေပြီ။ ဘာအကြောင်း ပြချက်မှ မရှိဘူး။ အိမ်တွေကို ၀င်တဲ့ အခါမှာ လည်း အိမ်ထဲက ပစ္စည်းတွေကို ယူချင်တိုင်း ယူတယ်။ မေးခွန်းထုတ် တာနဲ့ ဖမ်းသွားတယ်။ ရဲစ ခန်း ရောက်ရင် ရိုက်တယ်။ ပြန်လွှတ်ဖို့ အတွက် ၃ သိန်း ကနေ ၅ သိန်း ထိတောင်းတယ်။ ငွေညှစ်ဖို့ အ တွက်ဖမ်းတာပါ။ အခုဆိုရင် ညပိုင်းမှာ အမျိုးသားတွေ ကိုယ့်အိမ်မှာ ကိုယ်မအိပ် ရဲတော့လောက် အောင်   ဖြစ်နေ ပြီ။ အမျိုးသားတွေ အိမ်မှာ မရှိရင် အမျိုးသမီး တွေကို ကိုယ်ထိ လက်ရောက် စော် ကားတယ်” ဟု ဒေသခံ တစ်ဦးမှ RB News သို့ပြောပါသည်။ 

ဥပဒေမဲ့ လုပ်ရပ်များ နေ့စဉ် ရက်ဆက် ဖြစ်ပွား နေသည်မှာ နှစ်ပေါင်း များစွာ ရှိနေပြီ ဖြစ်သော်  လည်း နိုင် ငံတော် အစိုးရမှ ဒေသ ဆိုင်ရာ အာဏာပိုင် များကို တားမြစ်ခြင်း၊ အရေးယူ ခြင်း မရှိဘဲ၊ ယခု ကဲ့ သို့ လွှတ်ထား သောကြောင့် ဒေသခံ ရိုဟင်ဂျာ များမှာ ဒေသဆိုင်ရာ အာဏာပိုင် များ၏ ညှင်း ပန်း၊ နှိပ် စက် ငွေ ညှစ် ခံရမှုများကို နေ့စဉ် ရက်ဆက် ခံစား နေရခြင်း ဖြစ်သည်။


Comment ရေးရန်

Rohingya Exodus