နောက်ဆုံးသတင်း/ဆောင်းပါးများ

ပဋိပက္ခ ဖြစ်စဉ်တွေ ထဲမှာ လျှို့ဝှက်ချက် တွေများ ရှိနေမလား



နေသုတ
22.9.2013

ပြီးခဲ့သော လက ကုလ လူ့အခွင့် အရေး ဝန်ထမ်း သောမတ် ကင်တားနားသည် မြန်မာနိုင်ငံ အလယ်ပိုင်း မိတ္ထီလာ မြို့သို့ သွားရောက်ပြီး ဘာသာရေး ဆန်သော အကြမ်းဖက် မှုကြီးကြောင့် အိုးအိမ် စွန့်ခွာပြီး ဒုက္ခ သည် စခန်း၌ ခိုလှုံနေ ရသောမြန်မာ နိုင်ငံသား မွတ်စ်လင်မ် များအား တွေ့ဆုံ မေးမြန်း အားပေးရန် သွားရောက် ခဲ့ရာ လမ်းခရီး၌ ၎င်းကို မလို လားသည့် လူအုပ်ကြီး၏ တားဆီး မှုဖြင့် ကြုံတွေ့ ခဲ့ရသည်။ “လူ အယောက် (၂ဝဝ) လောက်က ကျွန်တော့် ကားကို ဝိုင်းအုံ လာကြပြီး ပြတင်း တံခါး တွေကို ထုရိုက် ကန်ကျောက် ကြတယ်။ ရိုင်းစိုင်း ပြောဆို အော်ဟစ် ဆဲဆို ကြပါတယ်” ဟု ကင်တားနားက သတင်းစာ ရှင်းလင်း ပွဲတွင် ပြောကြား ခဲ့သည်။

ထိုသို့ ပြောကြား ခဲ့သည့် အပေါ် မြန်မာ အစိုးရ အနေဖြင့် ထွေထွေ ထူးထူး အရေး တယူ တုံ့ပြန် ဆောင် ရွက် ခဲ့ခြင်း မရှိ သေးချေ။ သမ္မတ၏ ပြောရေး ဆိုခွင့် ရှိသူ ဦးရဲထွဋ်က ကင်တားနားက အထင် လွဲပြီး ပြော ဆို ခဲ့ခြင်းသာ ဖြစ်သည်ဟု မီဒီယာ များတွင် ပြန်လည် ချေပ ပြောဆို ခဲ့သည်။ လူအုပ်ကြီးမှာ အကြမ်းဖက် လူအုပ်ကြီး မဟုတ်။ ငြိမ်းချမ်းစွာ စုဝေး ဆန္ဒပြ ကန့်ကွက် ကြသူများ သာဖြစ်ပြီး ကင်တားနားအား ၎င်းတို့ သဘောထား ထုတ်ပြန်ချက် စာတစ်စောင် ပေးရန် ကြိုးပမ်း ခဲ့ခြင်းသာ ဖြစ်ကြောင်း ချေပ ပြောဆို ခဲ့သည်။ စာရေး သူသည် ကင်တားနား မသွားရောက် နိုင်ခဲ့သော အကြမ်းဖက်ခံ ဒုက္ခသည် စခန်းနှင့် အနီးအနား ပတ်ဝန်းကျင်သို့ သွားရောက် နိုင်ခဲ့သည်။ ကင်တားနား ကဲ့သို့ ကုလ သံတမန် တစ်ဦး မဟုတ်သောကြောင့် မည်သည့် လူအုပ် ကမျှ စုဝေး တားဆီးခြင်း၊ သဘောထား ထုတ်ဖော်ချက် စာပေးရန် ကြိုးပမ်းခြင်းမျိုး တစ်စုံတစ်ရာ မကြုံခဲ့ရချေ။

ယခုလဆန်းပိုင်းက မိတ္ထီလာတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် လူအုပ်ကြီး၏ မီးရှို့ ဖျက်ဆီး သတ်ဖြတ်မှု များကြောင့် ဒေသခံ မွတ်စ်လင်မ်များ အိုးအိမ် စွန့်ခွာ ထွက်ပြေး ကြရပြီး၊ ဒုက္ခသည် (၁၆ဝဝ) ခန့်မှာ ဒုက္ခသည် စခန်း၌ ယနေ့တိုင် ခိုလှုံ နေခဲ့ ရသည်။ ဈေးဝယ်သူ ဗုဒ္ဓဘာသာနှင့် ဈေးဆိုင် ပိုင်ရှင် မွတ်စ်လင်မ် တို့ကြား အဆင် မပြေမှုမှ စတင်ကာ မွတ်စ်လင်မ် ဆန့်ကျင်ရေး အကြမ်းဖက် တုံ့ပြန်မှုကြီး ဖြစ်ပွား ခဲ့ရ သည်။ မွတ်စ်လင်မ်ပိုင် စီးပွားရေး လုပ်ငန်း ဆိုင်ခန်း များနှင့် အိမ်များအား အကြမ်းဖက် လူအုပ်ကြီးက အစု လိုက် အပြုံလိုက် ဒေါသ တကြီး ဖျက်ဆီး မီးရှို့ခြင်း၊ သံဃာ တစ်ပါးကို မွတ်စ်လင်မ် များက ဆိုင် ကယ်ပေါ် မှ ဆွဲချ မီးရှို့သည်ဟု စွပ်စွဲချက် ထွက်ပေါ် လာပြီး မွတ်စ်လင်မ် များအား တစ်အိမ်ဝင်၊ တစ်အိမ်ထွက် ဆွဲ ထုတ် သတ်ဖြတ် မီးရှို့ခြင်း များဖြင့် ကလဲ့စားချေ တုံ့ပြန် ခဲ့ကြသည်။ ထိုအကြမ်းဖက် မှုကြီးတွင် မွတ်စ် လင်မ် များအား လုံခြုံရေး ရဲဝန်ထမ်း များက မတားဆီး ချင်တာလား၊ မတားဆီး နိုင်တာ လားတော့ မသိနိုင် ပေမယ့် အကူအညီ ပေးခြင်း အလျှင်း မရှိဘဲ ရပ်ကြည့် နေခဲ့ ကြပါသည်။

ထိုအကြမ်း ဖက်မှုကြီးကြောင့် လူပေါင်း ၁ဝဝဝဝ မှ ၁၈ဝဝဝ အထိ အိုးအိမ် စွန့်ခွာ အသက်လု ထွက်ပြေး ခဲ့ရပြီး ၄၃ ဦး အသက်ခံ ခဲ့ရသည်။ သက်ဆိုင်ရာ၏ ထုတ်ပြန်ချက် များအရ မွတ်စ်လင်မ် ဒုက္ခသည် စခန်း သုံး ခုနှင့် ဗုဒ္ဓဘာသာ စခန်း တစ်ခုတွင် ဒုက္ခသည် ဦးရေ ၄ဝဝဝ အထိ ကျန်ရှိနေ သေးကြောင်း သိရှိရ သည်။

ရွှေဝါရောင် တော်လှန်ရေး အပါအဝင် စစ်အုပ်ချုပ်ရေးကို အကြီးအကျယ် ဆန့််ကျင် ဆန္ဒပြ တိုက်ပွဲဝင် လွတ်မြောက် ခဲ့ကြပြီးနောက် ဒီမိုကရေစီ ကူးပြောင်းရေး ကာလ အတွင်း ၂ဝ၁၂ ခုနှစ်မှ စတင်ကာ ဗုဒ္ဓ ဘာ သာဝင် များက မွတ်စ်လင်မ် တို့အား အငြင်းပွား ဖွယ်ရာ ဘာသာရေး ဆန်သော အကြမ်းဖက် မှုများ ထိန်း မနိုင် သိမ်းမရ တိုးပွား ဖြစ်ပေါ် လျှက်ရှိသည်။ ၂ဝ၁၂ ခုနှစ် နှစ်လယ်လောက်မှ စတင်၍ မြန်မာ အနောက် ဘက် ခြမ်း ရခိုင် ပြည်နယ်တွင် ရခိုင် ဗုဒ္ဓဘာသာ များက ရိုဟင်ဂျာ မွတ်စ်လင်မ် တို့အား အကြမ်း ဖက် မီးရှို့ ခဲ့သည့် ဘာသာရေး ဆန်သော တိုက်ခိုက် မှုကြီး စတင် ခဲ့သည်။ လူနည်းစု တိုင်းရင်းသား မျိုးနွယ် ရိုဟင်ဂျာ များအား ဗုဒ္ဓဘာသာနှင့် မွတ်စ်လင်မ်ကြား တင်းမာမှုများ သမိုင်းချီ ရှိခဲ့ကြ သော်လည်း မိတ္ထီလာ မြို့တွင် အလားတူ အခြေအနေ ရာဇဝင်မျိုး မရှိခဲ့ဘူးပေ။

နှစ်ဖက် အပြန် အလှန် ပြုခဲ့ကြသော ပြစ်မှုလေး များမှ လွဲ၍ မိတ္ထီလာရှိ မွတ်စ်လင်မ် များသည် ဓားမ ဦး ချ နေထိုင် ခဲ့သော ဒေသခံ များမှ ဆင်းသက်သူများ ဟုတ်၊ မဟုတ်၊ နိုင်ငံသား ဖြစ်ခြင်း၊ မဖြစ်ခြင်း ဟု အငြင်းပွားဖွယ်ရာအလျှင်းမရှိခဲ့ကြသည့်အပြင်နှစ်ဖက် ထိပ်တိုက် ပဋိပက္ခ ဖြစ်ပွား ခဲ့သည့် သ မိုင်း ကြောင်း လည်း လုံးဝ မရှိခဲ့ပေ။

ဗုဒ္ဓဘာသာ ဝင်များနှင့် မွတ်စ်လင်မ်တို့မှာသင့်မြတ်စွာ အတူ ယှဉ်တွဲ နေထိုင် ခဲ့ကြပြီး ယခု ကဲ့သို့ ရက် စက် ကြမ်းကြုတ် မှုများ ဖြစ်ပေါ် လာမည့် အတွေး မျိုးပင် မရှိခဲ့ပေ။

မိတ္ထီလာရှိဗလီဝတ်ကျောင်းများစွာမီးရှို့ဖျက်ဆီးခံခဲ့ရပြီးဗလီ တစ်လုံး တည်းသာ ဖျက်ဆီး မီးရှို့ခြင်း မခံရဘဲ နဂို မူလတိုင်း ရှိနေ ခဲ့သည်။ စာရေးသူသည် ထိုဗလီသို့ သွားရောက် ခဲ့ပြီး မိတ္ထီလာ မွတ်စ်လင်မ် အသိုင်း အဝိုင်း ခေါင်းဆောင် တစ်ဦး ဖြစ်သူ ရှေ့နေ ဦးအောင်သိမ်းနှင့် တွေ့ဆုံ မေးမြန်း ခဲ့သည်။ ထို အကြမ်းဖက် မှုကြီး မဖြစ်မီက မိတ္ထီလာ မြို့တွင် ဗုဒ္ဓဘာသာနှင့် အစ္စလာမ် ဘာသာဝင် တို့သည် ခင်မင် ရင်းနှီးစွာ ပေါင်းသင်း နေထိုင် ခဲ့ကြောင်း၊ ရောင်းဝယ် ဖောက်ကား လုပ်ငန်းများ အတူ တကွ အကျိုးတူ လုပ်ဆောင် ကြကြောင်း၊ လက်ဖက်ရည် ဆိုင်များတွင် အတူထိုင်၊ အတူ စားခဲ့ကြောင်း သိရသည်။ အမုန်း တရားဟောကြားကာနည်းမျိုးစုံဖြင့်ပျံ့နှံ့ လှုံ့ဆော် ခဲ့ပြီး ရန်လိုစိတ်၊ အမုန်းစိတ် အုံကြွ တောက်လောင်အောင် လုပ်ဆောင် ခဲ့ကြကြောင်း၊ ထိုသို့ လှုံ့ဆော် မှုများကို မွတ်စ်လင်မ် ဆန့်ကျင်ရေး (၉၆၉) အဖွဲ့က လုပ်ဆောင် ခဲ့ကြောင်း၊(မွတ်စ်လင်မ်ဆန့်ကျင်ရေးခေါင်းဆောင်)ဘာသာရေးအစွန်းရောက် ဦးဝီရသူနှင့် သူ၏ နောက် လိုက် များက တစိုက် မတ်မတ် လုပ်ဆောင် ခဲ့ကြကြောင်း သိရှိ ခဲ့ရသည်။

စာရေးသူ ကိုယ်တိုင် ဦးဝီရသူနှင့် မစိုးရိမ် ကျောင်းတိုက်၌ တွေ့ဆုံ ခဲ့စဉ်ကလည်း မွတ်စ်လင်မ် များကသာ ယခု ကဲ့သို့ အကြမ်းဖက် မှုကြီးများ စတင်ရန် လုပ်ဆောင် ခဲ့သည်ဟု ဆို၏။ သူ့နောက်လိုက် အဓိက ရုဏ်း တွင် ပါဝင်ခဲ့သူများကလည်း“မွတ်စ်လင်မ် အများစုက လောဘ ကြီးကြတဲ့ သူတွေလေ။ သူ တို့ကြောင့် ဒီလို လူမျိုးရေး အကြမ်းဖက် မှုတွေ ဖြစ်ရတာ”ဟု ပြစ်တင် ပြောဆို ကြပြန်သည်။ “ဗမာ ဗုဒ္ဓ ဘာသာ တွေ က မခံနိုင်တော့ တန်ပြန် တိုက်ခိုက် ကြတာပေါ့။ ကိုယ့်တရား နဲ့ကိုယ် စီရင် လိုက်တာပေါ့” ဟု ဦးဝီရသူက ဗမာ ဗုဒ္ဓဘာသာ များ၏ တုံ့ပြန်မှု အပေါ် ရှင်းပြသည်။

ဦးဝီရသူ၏ မွတ်စ်လင်မ်ဆန့်ကျင်ရေးတရားဟောပွဲ များကြောင့်မြန်မာနိုင်ငံ အနှံ့ မွတ်စ်လင်မ် မုန်း တီးရေးပြန့်ပွားခဲ့ရပြီးယခုအခါဦးဝီရသူကလူမျိုးဘာသာမရွေးငြိမ်းငြိမ်းချမ်းချမ်းလက်တွဲနေထိုင် နိုင်ရေး ဆော် သြ လုပ်ဆောင်ရန် ကြိုးစား နေကြောင်း၊ ဒေသခံ လူထုနဲ့ ငြိမ်းချမ်းစွာ အတူ ယှဉ် တွဲ နေ ထိုင်ရေး အစီ အစဉ်များ ဖော်ထုတ် ပေးရန် စတင်နေကြောင်း၊ အလားတူ ဘာသာရေး ဆန်သော အကြမ်း ဖက် မှုများ ထပ်မံ မဖြစ်ပွားအောင် ၎င်းကိုယ်တိုင် ပါဝင် ဆောင် ရွက် နေကြောင်း ကြွေးကြော် ခဲ့သည်။

ထိုသို့ ဦးဝီရသူ၏ ပြောဆိုချက်မှာ ယုံချင် စရာ အကြောင်း မဟုတ်ကြောင်း၊ မွတ်စ်လင်မ် ဆန့်ကျင်ရေး အကြမ်းဖက် မှုများ ဖြစ်ပေါ် လာအောင် အမုန်း တရား များကို ၉၆၉ ခေါင်းဆောင် ဦးဝီရသူက ဟောကြား ခဲ့ပြီး ထိုအမုန်း တရား များကို လက်ကမ်း စာစောင်များ၊ DVD များဖြင့် မိတ္ထီလာမြို့ တစ်မြို့ လုံးတွင် ဖြန့်ဝေ ခဲ့ကြကြောင်း၊ ထိုလှုံ့ဆော် မှုများကြောင့် မွတ်စ်လင်မ် များအား ဦးတည် တိုက်ခိုက် အကြမ်းဖက် မှုကြီး ဖြစ် ပွား ခဲ့ရကြောင်း၊ ရခိုင်ပြည်နယ် အကြမ်းဖက် မှုများ အပြီး အမုန်း တရားများ ပြည်သူများ အကြား ပျံ့နှံ့ ခဲ့သည်ကို သက်ဆိုင်ရာ တာဝန်ရှိ သူများက ထိထိ ရောက်ရောက် တားဆီး ပိတ်ပင်မှု မပြု ခဲ့ကြောင်း ဦးအောင်သိမ်းက ရှင်းပြ ခဲ့သည်။

ယခုအခါ မိတ္ထီလာ ဒေသ လုံခြုံရေး ရဲများက မွတ်စ်လင်မ် များအား စုစုဝေးဝေး မလုပ်ကြရန် ညွှန်ကြား ပိတ်ပင် ထားကြောင်း၊ ထိုသို့ သူတို့ အမိန့် ထုတ်သည့် အတိုင်း မလုပ်ပါက မွတ်စ်လင်မ်များ အနေ ဖြင့် နောက် ထပ် တစ်ခါ အကြမ်းဖက် ခံရနိုင် ဖွယ်ရှိကြောင်း၊ ဖိအားပေး ခြောက်လှန့် နေကြကြောင်း၊ ယခု ကဲ့ သို့ အမုန်းပွား ဒေါသ ပေါက်ကွဲ မှုများ ငြိမ်သက် သွားသော်လည်း လုံခြုံသည်ဟု မခံစား ရကြောင်း၊ မွတ်စ် လင်မ် ဒုက္ခသည် များကိုလည်း ၎င်းတို့ မူရင်း နေရပ် များသို့ ပြန်လည် နေထိုင်ခွင့် မပြုသေးဘဲ အကြောင်း ပြချက် အမျိုးမျိုးဖြင့် ဟန့်တား နေကြကြောင်း လည်း ပြောပြသည်။

မိတ္ထီလာမြို့၏ လက်ရှိ အခြေအနေမှာ တင်းမာမှု များရှိ နေသေးကြောင်း၊ မွတ်စ်လင်မ် များ၏ လုံခြုံရေးမှာ စိုးရိမ် ရသည့် အနေ အထားတွင် ရှိကြောင်း၊ ဒုက္ခသည် စခန်းရှိ လူအများစုမှာ မိမိတို့ မိသားစု ဝင်များ၊ မိတ်ဆွေ သူငယ်ချင်း များကို ပါဝင် သတ်ဖြတ် ခဲ့သူ ဗုဒ္ဓဘာသာဝင် အချို့နှင့် အိမ်နီးချင်း အနေဖြင့် နေထိုင် ခဲ့သူများ ဖြစ်ကြကြောင်း၊ အကြမ်း ဖက်မှု၌ ပါဝင် ခဲ့သူ အချို့မှာ အရေးယူ ခံရခြင်း မရှိသည့် အပြင် လွတ်လပ်စွာ သွားလာ နေသည်ကို မြင်ရကြောင်း၊ ခင်ပွန်း အသတ် ခံရသည့် တရားခံ ကိုသိ၍ အကြောင်း ကြားသော်လည်း အစိုးရက မည်သို့မျှ အရေးယူ ခြင်းမရှိကြောင်း ရင်ဖွင့်သည်။

ပြီးခဲ့သော လကုန်ပိုင်းက PHR လူ့အခွင့် အရေး အဖွဲ့မှ မြန်မာ မွတ်စ်လင်မ် များအား နှိပ်စက် ညှဉ်းပန်းမှုနှင့် ပတ်သက်သည့် အစီရင် ခံစာ တစ်စောင် ထုတ်ပြန် ခဲ့သည်။ ထိုအစီရင် ခံစာတွင် လူ့အခွင့် အရေး ချိုးဖောက်မှုများ သို့မဟုတ် မျိုးသုဉ်း သတ်ဖြတ် မှုမျိုးများ အထိ ပြင်းထန်သော ရာဇဝတ်မှုများ၊ အကြမ်း ဖက် သတ်ဖြတ်မှု ကပ်ဆိုးကြီး အနာဂတ်တွင် ဖြစ်ပေါ် လာနိုင်ခြေ ရှိကြောင်း၊ ထိုသို့ ဖြစ်ပေါ် လာအောင် အကြောင်းဖန်လှုံ့ဆော်နိုင်သည့်အခြေခံအချက်အလက်များကိုထိုဒေသ၌တွေ့ရှိ နေ ရ သေးကြောင်း ဖော်ပြ သည်။

ထိုအကြမ်းဖက် မှုတွင် ပါဝင်ခဲ့ ကြသည့် တရားခံ များကို ထိရောက်စွာ အပြစ်ပေး အရေး ယူခြင်းမျိုး မရှိသေးကြောင်း၊ အချို့ပြစ်မှု များတွင် ရဲများက တိုက်ရိုက် ပါဝင် ပတ်သက်မှုများ ရှိနေပြီး အချို့တွင် ရဲများက မည်သို့မျှ တားဆီး ဟန့်တားခြင်း မရှိဘဲ တာဝန်မဲ့ ရပ်ကြည့် နေခဲ့ကြသည့် အပေါ် ဖော်ထုတ် အရေးယူ တရား မျှတစွာ စီရင်ခြင်းမျိုး မတွေ့ရှိ ရကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါ အစီရင်ခံစာကို ဗန်ကောက်ရှိ နိုင်ငံရပ်ခြား ကိုယ်စားလှယ် ကလပ်၌ ထုတ်ပြန်ခဲ့စဉ် ရေးသားသူ Bill Davis က ယခုအခါ အကြမ်းဖက်မှုများ အဆုံးသတ် သွားသော်လည်း အလားတူ အကြမ်းဖက် မှုများ ထပ်မံ ပေါ်ပေါက်ခြင်းနှင့် ထပ်မံ ဖြစ်ပွား နိုင်ခြေ ရှိကြောင်း ဆိုခဲ့သည်။ “အမုန်း တရား ပွားပြီး အကြမ်းဖက် တဲ့ အလေ့ အထမျိုး မွေးမြူ ပေးလိုက် သလိုပါပဲ။ အဲဒီလို အကြမ်းဖက် ရက်စက် မှုတွေမှာ ပါဝင် ကျူးလွန် သူတွေကို တရား ဥပဒေ အရ ထိရောက်စွာ အရေးယူ ပြမှု မရှိခြင်းက အလားတူ ပြစ်မှုမျိုး ထပ်မံ ကျူးလွန် လည်း ဘာမှ အပြစ် မကျနိုင် ပါဘူး ဆိုတာမျိုး တရား ဥပဒေကို အထင်သေးကာ လက်ရဲ ဇက်ရဲ ဖြစ်စေ ပါတယ်”ဟု ၎င်းက ပြောကြားသည်။

အစိုးရ၏ ထုတ်ပြန်ချက် များအရ ၈၇ ဦး ဖမ်းဆီး အရေးယူ ထားကြောင်း၊ ဗုဒ္ဓဘာသာဝင် ၃၈ဦးသာ ပါဝင်ကြောင်း သိရသည်။ မွတ်စ်လင်မ်များအား ဦးတည် တိုက်ခိုက်ရန်ကြိုတင် ကြံစည် ပါဝင်သူ အများ စုမှာ လွတ်မြောက် နေသေးကြောင်း၊ အဖမ်းခံ ရသူ များမှာ အကြမ်းဖက် ခေါင်းဆောင်များ မဟုတ် ဘဲ နောက်လိုက် များသာ ဖြစ်ကြောင်း မွတ်စ်လင်မ် ဒုက္ခသည် တစ်ဦးက ပြောပြသည်။

ဤဘာသာရေး ဆန်သော အကြမ်းဖက် မှုများ ဖြစ်အောင် သွေးထိုး လှုံ့ဆော် နေမှု များသည် ဦးဝီရသူနှင့် သူ၏ နောက်လိုက် များ၏ စနက် ဖြစ်သည်ဟု ယုံကြည် နေကြ သော်လည်း နောက်ကွယ်မှ ကြိုးကိုင် လှုပ်ရှားသူနှင့် အကြောင်းရင်း ကိုမူ အမှန်တကယ် မှန်းဆ ဖော်ထုတ် နိုင်သေးခြင်း မရှိ သေးချေ။ အစိုးရ ထံမှ သဘောထား တင်းမာသူ အချို့က ဒီမိုကရေစီ လမ်းကြောင်းမှ သွေဖည်ပြီး စစ်တပ် အုပ်ချုပ်ရေး ပြန် လည် ကျရောက် သွားစေရန် ကြိုးကိုင် ခြယ်လှယ် နေသည်ဟု ထင်မြင် ယူဆ ကြသည်။ အချို့ကမူ မိတ္ထီ လာ မြို့မှ မွတ်စ်လင်မ် ပိုင်မြေ များအား ရယူ လိုသောကြောင့် အကြမ်းဖက် ရမ်းကားမှု ကြီးဖြင့် ခြောက် လှန့် မောင်းနှင် ထုတ်ခြင်း ဖြစ်ကြောင်း၊ မွတ်စ်လင်မ်ပိုင် အိမ်မြေ ခြံဝင်း များအား သိမ်း ပိုက်ပြီး အခြား စီမံကိန်းများ လုပ်ဆောင်ရန် အတွက် ဖြစ်ကြောင်း ထင်မြင် ယူဆ ကြသည်။ မည်သို့ပင် ထင်စေကာမူ စစ်တပ် ဗိုလ်ချုပ် ဟောင်းများနှင့် ပတ်သက် ဆက်နွယ် နေသော ခရိုနီများ ပါဝင် ပတ်သက် နေသည်ကို သိ သာ မြင်သာ ဖြစ်စေသည်။ စစ်ဗိုလ်ချုပ် ဟောင်းများက မိတ်ဆွေများ၊ အပေါင်းအပါ ခရိုနီများ၊ ၎င်းတို့ အာ ဏာ ရယူထား မှုကို လက်မလွှတ်နိုင်ဘဲ တိုင်းပြည် စီးပွားရေး ပွင့်လင်း လာမှုကို ရရှိထားသော အာဏာဖြင့် အသုံးချကာ ပိုမို ချမ်းသာ ကြွယ်ဝ လိုဇောဖြင့် အကြံကုန် ဂဠုန် ဆားချက်ကိန်း ဖော်ဆောင် ခဲ့ကြခြင်း သာ ဖြစ်နိုင်သည်။ ဒီအစိုးရနဲ့ ခရိုနီတွေက တိုင်းပြည်ကို နောက်ပြန် ဆွဲချင်တာ။ မိတ္ထီလာ အကြမ်း ဖက်မှုကို သူတို့တွေ စနစ်တကျ စီမံကိန်း ချပြီး လုပ်ကြံ ခဲ့ကြတာဟု ကုန်သည် တစ်ဦး က စာရေးသူ အား ပြောကြား ခဲ့ပါသည်။

ရွှေဝါရောင် တော်လှန်ရေး ခေါင်းဆောင် တစ်ဦး ဖြစ်ခဲ့သူ ဦးပညာဝံသက မိတ္ထီလာ အကြမ်းဖက် မှုတွင် ခရိုနီ များက နောက်မှ ကြိုးကိုင် ပါဝင် ခဲ့သည် ဆိုသည့် အချက်ကို ထောက်ခံကြောင်း ဆို၏။ အဆိုပါ ရက်စက် မှုကြီးသည် အာဏာ လွှဲပြောင်း ပေးလိုက် ရသော စစ်တပ်ပိုင်းမှ အာဏာ လွှမ်းမိုး နိုင်ငံရေး ပါဝါ ပြန်လည် ရယူလို ခြင်းကြောင့် ဟူသော အဆိုထက် မြေတန်ဖိုး မြင့်မားသော မွတ်စ်လင်မ် ပိုင်မြေယာ များအား လိုချင် သောကြောင့် လုပ်ခဲ့ရခြင်း ဖြစ်နိုင်ကြောင်း ရှင်းပြသည်။ မြန်မာနိုင်ငံ ဒေသ တစ်ခု တွင် နေ ထိုင်သော မွတ်စ်လင်မ် များအား နှိပ်စက် ညှဉ်းပန်းပြီး မူရင်း ဌာနေမှ ထွက်ခွာ ပေးရန် လုပ်ဆောင်မှု တစ်ခုကို ဥပမာပြကာ မြန်မာနိုင်ငံ၌ လက်တလော ဖြစ်ပွား ခဲ့သည့် ဘာသာရေး ဆန်သည့် အကြမ်းဖက် မှုများ၏ အကြောင်းရင်းမှာ မြေပိုင်ဆိုင် လိုမှု၊ ရှိရင်းစွဲ ဒေသခံ များအား အမွေခွဲဝေ မပေးလိုမှု၊ အဂတိ လိုက်စား မှုများကြောင့်ဟု သုံးသပ် ပြသည်။ မီးရှို့ အကြမ်းဖက် မှုများကြောင့် အသက်လု ထွက်ပြေး ခဲ့ ရသောမွတ်စ်လင်မ်များကမြေယာပိုင်ဆိုင်ကြောင်းစာရွက်စာတမ်းများအပြည့်အစုံမ တင်ပြ နိုင်သောကြောင့် ဟူသည့် အကြောင်း ပြချက်က အစိုးရမှ မွတ်စ်လင်မ်ပိုင် ခြံဝင်း အိမ်ရာ များ ပြန် လည် ပေးအပ်ရန် ငြင်းဆို ဖို့ရာ အလေးသာ စေခဲ့သည်။

အစိုးရ ဌာနမှ စာရွက် စာတမ်းများ ပျောက်သွား ပါပြီဟု ဆိုကာ မူလ နေရာပြန် ပေးရန် ငြင်းဆို နိုင်ပြီး ထိုနေရာ များတွင် အိမ်ရာ၊ ဟိုတယ်၊ စက်မှုဇုန်နှင့် အခြား စီမံကိန်းများ အကောင် အ ထည် ဖော် လိုက် နိုင်ပါက မြန်မာ အစိုးရဟောင်း အဖွဲ့ဝင်များ အတွက် ကြီးပွား ချမ်းသာရာ ပွပေါက် ကြီး ဖြစ်နိုင် ပေ သည်။

မိတ္ထီလာ အကြမ်းဖက် ခံရသူ တွေကို သူတို့ အိမ်ခြေ ခြံဝင်းကို ပြန်သွားရန် ခွင့်မပြု သေးဘူးဟု အမိန့်ထုတ် ထားကြောင်း အထောက် အထား အခိုင် အမာ ပြရမည်ဟု တောင်းဆိုကြောင်း၊ မီးရှို့ ဖျက်ဆီး ခံရပြီး အိမ်များပါ ပျက်စီး လောင်ကျွမ်း သွားကာ အသက်လု ထွက်ပြေး ရသဖြင့် ထိုအထောက် အထား စာရွက် စာတမ်းများ ပြည့်စုံရန် မလွယ်ကူ တော့ကြောင်း၊ မိတ္ထီလာမြို့ အဓိက လမ်းမကြီး ပေါ်ရှိ မြေကွက်ကျယ် များတွင် မွတ်စ်လင်မ် အများစု ပိုင်ဆိုင် နေထိုင် ကြကြောင်း၊ စီးပွားရေး၊ ကုန်သွယ်ရေး အတွက် အလွန် တန်ဖိုး ကြီးမားသည့် နေရာများ ဖြစ်ကြောင်း၊ စီးပွားရေး အချက် အချာကျ လွန်းသောကြောင့် လူတိုင်း မျက်စိကျ လိုချင်စရာ ကောင်းကြောင်း၊ သို့သော် မည်သည့် နောက်ကွယ်မှ အကြောင်းကြောင့် ဤကဲ့သို့ လုပ်ဆောင် ရကြောင်းနှင့် ခိုင်လုံသော သက်သေ ပြချက် မရှိသေးကြောင်း Bill Davis က မွတ်စ်လင်မ်များ မိမိပိုင် နေရာ ပြန်လည် နေထိုင် ရယူခြင်း မရှိနိုင် သေးသည့် အပေါ် ပြောကြား ခဲ့သည်။

စာရေးသူသည် ဦးအောင်သိန်း အပါအဝင် အခြားသူ များနှင့် တွေ့ဆုံ မေးမြန်း ပြီးနောက် အကြမ်းဖက် သမားများ ဖျက်ဆီး ခဲ့သော နေရာ အချို့သို့ လိုက်လံ ကြည့်ရှု ခဲ့သည်။ မိတ္ထီလာမြို့ နေရာ အချို့သို့ လိုက်လံ ကြည့်ရှု ခဲ့သည်။ မိတ္ထီလာမြို့ နေရာ အတော် များများသည် လေကြောင်းဖြင့် တိုက်ခိုက် ခံထားရ သကဲ့သို့ အဆောက် အအုံ များမှ အုပ်များးပါ လွင့်ပြန် ကျကာ ဖွာလန် ထွက်နေသည်။ အမှိုက်ကောက် သူများက အဆောက် အအုံ ပျက်များမှ လက်ကျန် ပိနေသော ပစ္စည်း များကို တူးထုတ် ဖော် ယူ နေကြ သည်။ မီးရှို့ ခံထား ရသော အိမ်ကြီး တစ်လုံး၏ ယခင်က ဧည့်ခန်းလို နေရာ မျိုးတွင် ဆိတ်အုပ်ထိန်းနှင့် ၄င်းတို့ ဆိတ်အုပ်ကြီးက ကွဲကြေ မွနေသော လက်ဖက်ရည် ပန်းကန်း များ ပေါ် တွင် တက်နင်းကာ စား ကျက် မြေသဖွယ် ဖြစ်နေ ရသည်။

မြို့ထဲမှ အတော် အတန် ဝေးသော ဒုက္ခသည် စခန်းသို့ သွားရောက် မေးမြန်းရာ လမ်းတစ်လျှောက် စာရေး သူနှင့် ဓာတ်ပုံ ဆရာ နောက်သို့ ထောက်လှမ်းရေး အရာရှိ တစ်ယောက်က အသွင် ပြောင်းကာ တကောက်ကောက် လိုက်နေ ခဲ့သည်။

ဒုက္ခသည် စခန်း၌ ခိုလှုံ နေသူ များနှင့် တွေ့ဆုံရန် စီစဉ် ထားသည့် အိမ်ရှေ့ ရောက်သော အခါ အဆို ပါ နောက်ယောင်ခံ ရဲဝန်ထမ်းအား အိမ်ထဲ ဝင်ရန် ဖိတ်ခေါ် ခဲ့သည်။ စာရေးသူက အတူ ပါလာသူ Andrew နှင့် လက်ချင်း လှဲနိုင်ပါက ထိုထောက်လှမ်းရေး ရဲအား မိမိတို့ တွေ့ဆုံ မေးမြန်းမှု များကို နားထောင် ခွင့်ပြုမည်ဟု သဘော တူညီမှု တစ်ခု ပြုခဲ့သည်။ ၁ဝ မိနစ်လောက် ဟိုကြည့် ဒီကြည့် လုပ်ပြီး အနေရ ခက်လာ သဖြင့် ထိုရဲအရာရှိ ခပ်သုတ်သုတ် ထွက်သွား ခဲ့သည်။

အနောက် နိုင်ငံသား ဂျာနယ်လစ် နှစ်ယောက်ကို ထိုယောင်တိ ယောင်ချာ အသုံး မကျသော ရဲထောက် လှမ်းရေးက မခြိမ်းခြောက် မဟန့်တား နိုင်ခဲ့သော်လည်း တွေ့ဆုံ မေးမြန်း ခဲ့ရသူ များနှင့် စီစဉ်သူ များ ကိုတော့ အတိုင်း အတာ တစ်ခုထိ ထိတ်လန့် စေနိုင် မည်မှာ သေချာလွန်း လှသည်။ မြန်မာ့ နွေဦးနှင့် သမ္မတကြီး၏ နိုင်ငံရေး အကျဉ်းသား များအား ခြွင်းချက် မရှိ လွှတ်ပေး ပါမည် ဟူသော အထပ်ထပ် ကတိ ပြုနေ မှုများဖြင့် လွှမ်းခြုံ နေသော် လည်း လူ့အခွင့် အရေးနှင့် မွတ်စ်လင်မ် များကမူ အနောက် နိုင်ငံသား ဂျာနယ်လစ် များနှင့် တွေ့ဆုံ လက်ခံ စကား ပြောဆို မှုကြောင့် လျှို့ဝှက် ထောက် လှမ်း ရေးရဲများ၊ သ တင်းပေး များ၏ ရန်ကြောင့် ဖမ်းဆီး စစ်ဆေး ချုပ်နှောင် ခံရမည်ကို စိုးရိမ် နေကြသည်။ ဇူလိုင်လက ရိုဟင်ဂျာ အရေး လှုပ်ရှားသူ သက်ကြီး ဝါကြီး တစ်ဦးသည် အစိုးရအား ဆန့်ကျင် ပြော ဆို သောကြောင့် အကြောင်း ပြချက် မရှိဘဲ ဖမ်းဆီး ချုပ်နှောင် ခံခဲ့ရကာ ကျန်းမာရေး ကောင်းသော်လည်း သင့်လျော် သည့် ဆေးကုသ မှုမျိုး မရရှိဘဲ ဒုက္ခရောက် နေရ ရှာသည်။ ရခိုင် ဒုက္ခသည် စခန်းရှိ ရိုဟင်ဂျာ များအား ရဲများက ပစ်ခတ် ခဲ့သည့် ပုံများကို ဖေ့စ်ဘွတ် စာမျက်နှာတွင် ဖြန့်ဝေ ခဲ့ခြင်း အတွက် မကြာမီ ရက် အတွင်းက လူငယ် တစ်ဦး အဖမ်းခံ ခဲ့ရသည်။ အကြမ်းဖက် မှုကြီး ပြီးဆုံး ကတည်းက အလားတူ မတရား တစ်ဖက်သက် ဖိနှိပ် မှုများ ခံစား နေရကြောင်း ဒုက္ခသည် စခန်းရောက် နေသူ များက ရင်ဖွင့် ကြသည်။

ယခင်က ဗုဒ္ဓဘာသာ များနှင့် ငြိမ်းချမ်းစွာ နေထိုင် ခဲ့သော်လည်း အခြေအနေ တင်းမာ လာကာ တစ်နေ့ ထက်တစ်နေ့ တဖြည်းဖြည်း ဆိုးရွား လာသည်။ ရဲအရာရှိ ဟောင်းအဖြစ် တာဝန် ထမ်းဆောင် ခဲ့သော မွတ်စ်လင်မ် တစ်ဦး၏ အိမ်မှာ မီးတင်ရှို့ ဖျက်ဆီး ခံရသည်။ ကျွန်တော်တို့ မွတ်စ်လင်မ်တွေ ဘာမှ ထွေထွေ ထူးထူး အမှား မလုပ်ခဲ့ ကြပါဘဲနဲ့ ဘာလို့ ဒါမျိုးတွေ ဖြစ်လာ ရတာလဲ မသိ ပါဘူးဟု ထိုအရာရှိ ဟောင်းက ဆိုသည်။ ၄င်းသည် တပ်ထဲတွင် ဗုဒ္ဓဘာသာ ဝင်များနှင့် အလွန် ရင်းနှီးစွာ နေထိုင် ခဲ့ပြီး သူတို့ အတွက် ချက်ပြုတ် ပေးခဲ့သည် အထိ မိသားစု သဖွယ် နေထိုင် ခဲ့သည်။

မိတ္ထီလာ အကြမ်းဖက် မှုများက ဦးဝီရသူ ကြောင့်ဟု အပြစ်တင် ကြပြီး စစ်တပ်နှင့် အစိုးရက ကြံရာပါ များဟုသုံးသပ်ကြသည်။အရင့်အရင်ကတည်းကငြိမ်းချမ်းစွာ နေခဲ့ ကြတာ။ အမုန်း တရားတွေ ဖြန့်ကြက်ပြီး တစိမ့်စိမ့် လူတွေကြား ရောက်အောင် စနစ်တကျ လုပ်ခဲ့ ကြတာဟု မိတ္ထီလာ မြို့ခံ တစ်ဦးက ဆိုသည်။

အသိုင်း အဝိုင်း နှစ်ခုကြား ယုံကြည်မှု ပျောက်ဆုံး ခဲ့ရပြီး အစိုးရ အနေဖြင့် ပြည်သူများ လုံခြုံ စိတ်ချ နေ ထိုင်ရေး အတွက် မူဝါဒ တစ်ရပ် ချမှတ်ရန် လိုအပ်ကြောင်း၊ လက်ရှိ အဓိက အရေး တကြီး လိုအပ်ချက်မှာ ၄င်းတို့ မူရင်း နေရပ်သို့ ပြန်လည် နေထိုင် နိုင်ရေးသာ ဖြစ်ကြောင်း ပြောပြ ကြသည်။

စာရေးသူ ပထမဆုံး သွားရောက် ခဲ့သော စခန်းမှာ အားကစားကွင်း ဟောင်းအတွင်းရှိ ဒုက္ခသည် စ ခန်း ဖြစ်ပြီး လူအယောက် ၉ဝဝ နေထိုင် ကြသည်။ ထိုအထဲမှာ အယောက် ၆ဝဝ မှာ အားကစားကွင်း ခန်း မ အဆောက် အအုံ အတွင်း ကျပ်ညပ် ပြွတ်သိပ်စွာ နေနေ ရသည်။

မတ်လ ၂၁ ရက်မှစ၍ ယနေ့တိုင်းငါးလ ကြာမျှ နေထိုင် နေကြ ရခြင်း ဖြစ်ပြီး သီးသန့် အခန်း ကန့် ထားခြင်း မျိုး မဟုတ်ဘဲ အားကစားကွင်း ခန်းမ ကြမ်းခင်း ပေါ်တွင် နေရသည်။ ဖျာနှင့် အခင်းများ ခင်း ထားပြီး ကိုယ်ပိုင် အဝတ် အိတ်များဖြင့် တစ်ခုနှင့် တစ်ခု အခန်း ကန့်ထား သကဲ့သို့ နေထိုင် ရသည်။ လူနေ ထူထပ်လွန်းသဖြင့်ခြေချရန် နေရာပင် မရှိချေ။ လူတစ်ယောက်သည် ၄င်း၏ ဖျာတစ် ချပ် ပေါ် တွင် ဆွေ မျိုး တော်စပ်သူ ခုနှစ်ဦးနှင့် အတူ ကျပ်ညပ်စွာ နေရသည် ကိုလည်း တွေ့ခဲ့ ရသည်။

သူတို့ အနာဂတ် ဘယ်သို့ ဘယ်ဆီ ဆိုသည်ကို မသေချာ မရေရာ စိတ်အားငယ် အားပျက် ခံစား နေရ ပုံရပြီး ၄င်းတို့ အိမ်သို့ သာပြန် လိုကြောင်း၊ ယခုလို နေထိုင် ရတာ စိတ်ကျဉ်း ကျပ်ကြောင်း၊ ချုပ်ချယ် ခံ ထား ရကြောင်း၊ ချက်ချင်း ပြန်လို့ ရလျှင်ပင် ပြန်ချင်ကြောင်း၊ ၄င်းတို့ဘဝ ကျပ်တည်း နေမှု အပေါ် မျှော် လင့်ချက် များစွာဖြင့် ပင်ပန်း စိုးရိမ်စွာ အသက်ဆက် နေရသည်ကို တွေ့မြင် ခဲ့ရသည်။

အိမ်ကို မီးတင်ရှို့ ခံလိုက်ရသော အမျိုးသမီး တစ်ဦးက အပြင် ထွက်ရမှာ ကြောက်ရွံ့နေကြောင်း၊ ကိုယ်ရော စိတ်ပါ မလုံခြုံဟု ခံစား နေရကြောင်း၊ အနာဂတ် မဲ့သွားပြီ ဖြစ်ကြောင်း၊ သူမ အိမ်သို့ ပြန်မသွား ရဲတော့ကြောင်း စိတ်ချောက် ချားစွာ ပြောဆို ခဲ့သည်။ စာရေး သူသည် မြန်မာ နိုင်ငံ အခြား ဒေသ များရှိ ဒုက္ခသည် စခန်း များသို့ အကြိမ်ကြိမ် သွားရောက် ခဲ့ဖူးသူ ဖြစ်သည်။ သို့သော် မိတ္ထီလာ ဒုက္ခသည် စခန်းသို့ လာရောက် ရာတွင် ယူနီဖောင်း ဝတ်ထား သောရဲများ၊ အရပ်သား ဝတ်ဖြင့် နောက်ယောင် ခံနေသော လျှို့ဝှက် ထောက်လှမ်း ရေးများ သွားလေရာ တစ်ကောက်ကောက် ခြေရာ ခံလိုက် နေသည်ကို သတိပြု မိသည်။ ထိုရဲများ အရှေ့တွင် အကြမ်းဖက် ခံရသူ များအား အတွေ့ အကြုံ၊ လက်ရှိ အခြေ အနေ မေး ပါ က မေးခံ ရသူမှာ ဖြေဆိုရန် တွန့်ဆုတ် နေကြပြီး ဆက်လက် မမေးမြန်း နိုင်အောင် တုံးတိတိ ဖြတ် ပစ် ကာ မြန်မြန် အဆုံးသတ် လိုက်ကြသည်။ တချို့ အရာရှိ များက စကားဝိုင်းထဲ ဝင်ထောက် ပြော ဆို သည် အထိ ပြုမူကာ မေးမြန်းသူနှင့် ဖြေသူကြား စကားစဖြတ် ဦးတည်ချက် ပြောင်းအောင် နှောက်ယှက် ကြ သည်။ ဒုက္ခသည် အချို့က အားကစား ခန်းမ အပြင်ဘက် ကွင်းထဲတွင် ဝါးလုံး များဖြင့် တဲထိုး နေကြ ရသည်။ မုန့်၊ ဟင်းသီး၊ ဟင်းရွက် ရောင်းသော တဲဆိုင် လေးများ၊ ဘောလုံးကွင်း ထဲရှိ ကွန်ကရစ် တိုင်များ ကို အခြေပြု၍ အမိုး ထိုးကာ နေကြသူ များကိုလည်း တွေ့ခဲ့ ရသည်။

ထိုစခန်း မှအပြန် မြို့ထဲနှင့် နီးသော ဗုဒ္ဓဘာသာ ဒုက္ခသည် စခန်း ရှိရာသို့ ဝင်ရောက် လေ့လာ ခဲ့သည်။ မွတ်စ်လင်မ် အကြမ်းဖက်ခံ ဒုက္ခသည် စခန်းထက် အနည်းငယ် ကောင်းမွန်ပုံ ရသော်လည်း ညစ် ပတ် မှောင်မည်း နေသော အမိုး အကာ အောက်တွင် လူများ ပြွတ်သိပ် နေထိုင် နေကြသည်။ တာဝန်ရှိ ရဲ ဝန် ထမ်းများ စောင့်ကြည့်ခံ နေရမှု မျိုးတော့ မတွေ့ရချေ။

ကင်တားနား သွားရောက် ရန်မှ တားမြစ်ခံ ရသော ရေပေးဝေရေး စက်ရုံရှိ ဒုက္ခသည် စခန်းသို့ သွားရောက် ခဲ့သည်။ အပြင်၌ ထင်းခုတ်နေသူ၊ ခြင်းလုံး ခတ်နေသူ များနှင့် ရောထွေး ရှုပ်ယှက် ခတ်နေသည်။ ဝါးလုံး တဲများ၊ အုပ်ချုပ်ရေး ရုံးခန်း ငယ်များကို ၁ဝ ပေခြား ဆောက်လုပ် ထားသည်။ အခြား ဒုက္ခသည် စခန်း များ ထက် အနည်းငယ် အနေ ချောင်ပုံ ရသည်။ ကျန် ဒုက္ခသည် စခန်းတွင် ရဲဝန်ထမ်းများ၊ အမည် မ သိ ထောက် လှမ်းရေး အရာရှိ များစွာဖြင့် စာရေးသူ တို့ကို စောင့်ကြည့် ကြပ်မတ် ခံရသည်။ စာရေးသူ တို့ လူ အုပ်ကြား ခြေချနိုင်အောင် တိုးဝှေ့ နေရာ ယူပြီး တွေ့ဆုံ မေးမြန်းဖို့ ကြိုးစား နေမှုကို ထိုဝန်ထမ်း များ ကပြတ် လုံးထုတ် ဟာသ လုပ်နေကြကာ သရော် နေကြသဖြင့် တွေ့ဆုံ မေးမြန်းရန် ကြိုးပမ်းမှု မအောင် မြင်ဖြစ်ခဲ့ရသည်။မွန်းကျပ်စေသော အပူရှိန်၊ပြွတ်သိပ် နေသော တန်းလျား များနှင့် နံစော် နေသော အနံ့ အ သက်များ ကြားထဲက လုံခြုံရေး ဝန်ထမ်း တစ်တပ် တစ်မကြီးက နောက်ကကပ် လိုက်ပါ စောင့် ကြည့် လှောင်ပြောင် နေသဖြင့် စိတ်အနှောက် အရှက် များစွာ ဖြစ်ရကာ ခရီးစဉ် အဆုံးသတ် လိုက်ရပြီး လိုက်ပါ စောင့်ရှောက်သူ များကို နှုတ်ဆက်၍ ရဲများ ဝိုင်းအုံ စောင့်ကြည့် နေသော ဂိတ်မှ ထွက်ခွာ ခဲ့ကြသည်။

ဒုက္ခသည် စခန်း၌ ခိုလှုံ နေရသော အကြမ်းဖက်ခံ အိုးမဲ့ အိမ်မဲ့ နေရသူများ အနေဖြင့် ၄င်းတို့ မူရင်း နေ ရပ်သို့ မည်သည့် အခါ ပြန်ရမည်၊ ၄င်းတို့ အတွက် မည်သို့ မည်ပုံ စီစဉ် နေသည်ကို တိကျ သေချာစွာ ကွဲကွဲပြားပြား မသိရ သေးဘဲ ဖြစ်နေရကာ ဒုက္ခသည် စခန်း များကို ဆက်လက် ဖွင့်ထား ရဦးမည့် အခြေ အနေကို မြင်နေ ရသည်။ ဤသို့ ရေရှည် အချိန်ဆွဲ ဖင့်လေး နေခြင်းသည် အသိုင်း အဝိုင်း နှစ်ခုကြား ပြန် လည် ရင်ကြား စေ့ရေး အတွက် လုပ်ဆောင် နေခြင်း မျိုးဟု မယူဆ နိုင်ပါ။ နောက်ထပ် အလားတူ အကြမ်း ဖက် မှုများ ထပ်မံ မပေါ်ပေါက် စေရန် မူဝါဒ ထားလုပ်ဆောင် နေခြင်းမျိုး ဟုလည်း မသတ်မှတ် နိုင်ပါ။

မိတ္ထီလာ သို့သွားစဉ် အကြမ်းဖက် လူအုပ်ကြီး ဝိုင်းတား ခံရသော ကင်တားနားက အဲဒီလို အကြမ်း ဖက်ဖို့ ဝိုင်းအုံ အော်ဟစ် စုရုံး လာကြတာကို ဘေးနားမှာ ရှိတဲ့ လုံခြုံရေး ဝန်ထမ်း များက လျစ်လျူ ရှုထားပြီး အပြည့်အဝ အကာ အကွယ် မပေးခဲ့သည့် အတွက် တုန်လှုပ် ချောက်ချားခဲ့ ရပါတယ်။ ပြီးခဲ့တဲ့ မတ်လက ဒီဒေသခံ တွေဟာ အကြမ်းဖက် ခံရတာကို ကျွန်တော် ကိုယ်ချင်းစာ မိပါတယ်။ မိတ္ထီလာ ဖြစ်စဉ်လည်း ပုံဖော်ကြည့် နိုင်ခဲ့ ပါတယ်ဟု ထုတ်ပြန် ခဲ့သည်။

ကုလ သံတမန်ကို တာဝန်ရှိ ပုဂ္ဂိုလ် များက မကာကွယ် ချင်တာလား၊ မကာကွယ် နိုင်တာလား ဆိုတဲ့ မေး ခွန်း ထုတ်စရာ အတိတ် ပုံရိပ် များက စာရေးသူ အတွက် မိတ္ထီလာ မွတ်စ်လင်မ် များ၏ အနာဂတ် နိမိတ် လက္ခဏာများ ဖြစ်လာ လေမလားလို့ စိုးရိမ် နေမိ ပါတော့တယ်။

ဆောင်းပါးရှင် Danny Gold, the VICE (UK) ၏ The Burmese secret police don’t want us to meet Meiktila's Persecuted Muslims ကို ဆီလျော်အောင် ဘာသာပြန် ဆိုထားခြင်း ဖြစ်သည်။


မွန်းတည့်နေဂျာနယ်၊ အတွဲ(၁)၊ အမှတ် (၃၉)၊ ၂၂ စက်တင်ဘာ ၂၀၁၃

Haji Zaw Tun ၏ ဖေ့စ်ဘုတ် စာမျက်နှာမှ ကူးယူ ဖော်ပြသည်။ 

Comment ရေးရန်

Rohingya Exodus