ကျောင်းအုပ်ကြီး၏ လူမဆန်စွာ ရိုက်နှက်မှုကြောင့် ကျောင်းသား တစ်ဦး အသက်စိုးရိမ်နေရ
RB News
7.10.2013
မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ကြိမ်ချောင်း အခြေခံ ပညာ အထက် တန်း ကျောင်းတွင် ပညာ သင်ကြား လျက်ရှိသော တက္ကသိုလ် ၀င်တန်း ကျောင်းသား တစ်ဦး ကို ကျောင်း အုပ် ဆရာကြီးမှ လူမဆန်စွာ ရိုက်နှက် မှုကြောင့် အသက် အန္တရာယ် စိုးရိမ် ရလျက် ရှိကြောင်း သတင်း ရရှိ ပါသည်။
အောက်တိုဘာလ (၄) ရက်နေ့နေ့လည် ၂ နာရီခန့်တွင် ကြိမ်ချောင်း အခြေခံပညာ အထက်တန်း ကျောင်း၊ ကျောင်း အုပ် ဆရာကြီး ဦးကျော်ဝင်းက တက္ကသိုလ် ၀င်တန်း ကျောင်းသား တစ်ဦး ဖြစ် သူ မောင်ရဖိခ် အား “ထိုင်ခုံမှာ ဘာကြောင့် ဇိမ်နဲ့ အိပ်ပျော် နေရတာလဲ” ဟု စွပ်စွဲ၍ လက်သီးဖြင့် ထိုး ပြီး၊ ခြေစုံ လက် စုံ ဖြင့် လူမဆန်စွာ ရိုက်နှက် မှုကြောင့် ထိုနေရာ တွင်ပင် သတိလစ် သွားခဲ့ကြောင်း သိရှိ ရပါ သည်။ ထို့နောက်ကျောင်းသားမောင်ရဖိခ်ကိုကြိမ်ချောင်း တိုက်နယ် ဆေးရုံသို့ ပို့ခဲ့သော် လည်း ဆေးရုံမှ လက်မခံ သဖြင့်၊ တစ်ဖက် နိုင်ငံသို့ ပို့၍ ဆေးကုသ မှုခံယူ လျက်ရှိသော်လည်း အသက် ရှင်ရန် အလား အလာ နည်းနေသည်ဟု ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။
အဆိုပါ ကျောင်းအုပ် ဆရာကြီး ဦးကျော်ဝင်းသည် လွန်ခဲ့သည့် ၂၀၁၂ ခုနှစ် ဇွန်လတွင် ဖြစ်ပွား ခဲ့သော ဆူပူမှု ကာလ အတွင်း တောင်ကုတ် မြို့မှ အကြမ်းဖက် ဂိုဏ်း တစ်ဂိုဏ်းကို ကြိမ်ချောင်း အထက် တန်း ကျောင်း အဆောင် များတွင် တုတ်၊ ဓါး များဖြင့် နေရာ ပေးထား သည်ကို ဒေသခံ များ က တွေ့ ရှိ၍ နစက စခန်း အမှတ် (၂၄) ကိုတိုင်ကြား ခဲ့ရာ စခန်းမှူးမှ လက်ပူး လက်ကြပ် ဖမ်းမိသဖြင့် ကျောင်း အုပ်ကြီးနှင့် ထိုအကြမ်းဖက် သမား များကို ကြိမ်ချောင်းမှ မောင်းထုတ် ခဲ့သည်။
ယခုလည်း ကျောင်းအုပ်ကြီး ဦးကျော်ဝင်းနှင့် ဆရာ/မ များ ကျောင်းတွင် ကျောင်းသား များကို ပညာသင် ကြား ပေးခြင်း မရှိသည့် အပြင် ကျောင်းသား များထံမှ အမြဲလိုလို အကြောင်း ပြ ချက် ပေါင်း စုံဖြင့် ငွေကျပ် ၁၀၀၀ စီ ကောက်ခံ လျက်ရှိပြီး၊ ငွေမပေး နိုင်သည့် ကျောင်းသား / သူ များကို အကြောင်း အမျိုးမျိုး ဖြင့် ရိုက်နှက်ခြင်း များ ပြုလုပ် လျက်ရှိသည်။
“လူမျိုး၊ ဘာသာ ခွဲခြားပြီး ဆက်ဆံတာ ကတော့ ပြောစရာတောင် လိုမယ် မထင်ဘူး။ ဆရာ၊ ဆရာ မ တွေက ကျောင်းမှန်မှန် မလာဘူး။ အဆောင်မှာဘဲ နေကြတယ်။ ကျောင်းမှာ ကတော့ အမြဲလိုလို ဟိုကြေး၊ ဒီကြေး ဆိုပြီး ငွေ တစ်ထောင် ကနေ ငါးထောင်ထိ ကျောင်းသား၊ ကျောင်းသူ တွေဆီက အမြဲတောင်း နေတယ်။ ဆရာမ တွေ လုပ်နေတဲ့ အလုပ် အဲဒီ ငွေကောက်တဲ့ အလုပ်ပါဘဲ” ဟု ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။