အောင်သပြေ လုံထိန်း နယ်မြေရှေ့ လမ်းမ ဖြတ်သွားသူ များထံမှ ငွေ ၅၀၀ စီတောင်းနေ
RB News
7.10.2013
မောင်တော ။ ။ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊မြောက်ပိုင်း အမှတ် (၁) နယ်မြေ၊ နယ်မြေ ရုံး ရှေ့လမ်း မကြီး ကိုဖြတ်သန်း သွားလာသော ဒေသခံ ရိုဟင်ဂျာ များထံမှ လုံထိန်း တပ်ဖွဲ့ဝင် များက အကြောင်း ပြ ချက် မရှိဘဲ ငွေတောင်းလျက် ရှိကြောင်း သတင်း ရရှိ ပါသည်။
လွန်ခဲ့သည့် ဇူလိုင်လ (၁၂) ရက်နေ့တွင် နစက တပ်ဖွဲ့ကို အစိုးရမှ တရားဝင် ဖျက်သိမ်း ပြီးနောက် နစက ၏ နယ်မြေ စခန်းများ၊ ကင်းစခန်း များနေရာတွင် လုံထိန်း တပ်ဖွဲ့ဝင် များရောက်ရှိ လာခဲ့သည်။ အလားတူ အမှတ် (၁) နယ်မြေ၊ အောင်သပြေ (ခ)ကာလာဒေးလ်ရှိနယ်မြေရုံး သို့လည်းလုံထိန်း တပ်ဖွဲ့ဝင် များရောက် ရှိလာ ခဲ့သည်။ ရောက်ရှိ လာသည့် အချိန်မှစ၍ ယခု အချိန်ထိ နယ်မြေ စခန်းရှေ့ရှိ လမ်းမ ကြီး ပေါ် မှ ဖြတ် သွား ဖြတ်လာ ပြုလုပ်သော ဒေသခံ ရိုဟင်ဂျာ များထံမှ နယ်မြေ ကင်းစခန်း စောင့်သည့် လုံထိန်း များမှ ငွေကျပ် ၅၀၀ စီ အတင်း အဓမ္မ တောင်းယူ လျက်ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြော ပါသည်။ ငွေမပေး နိုင်သူ များကို အထက် အရာရှိ များထံ သတင်းပို့ပြီး နောက် ဖမ်းဆီး၍ ရိုက်နှက်ကြောင်း သိရှိ ရပါသည်။
ဗန္ဓုလ (ခ) အင်ဒူလာ ကျေးရွာ အုပ်စုသည် မောင်တော မြို့နယ်၏ မြောက်ပိုင်း အစွန်ဆုံး ကျေးရွာ အုပ်စု တစ်စု ဖြစ်ပြီး၊ ဗန္ဓုလ ကျေးရွာ သားများမှ ခမောင်းဆိပ် ဈေးသို့ သွားလာ ရာတွင် အောင်သပြေ နယ်မြေ ရုံး ရှေ့ကို ဖြတ်ကျော်၍ သွားလာ ရသဖြင့် အဆိုပါ ရွာသား များကို အဓိက ပစ်မှတ် ထား၍ ယခု ကဲ့သို့ အတင်း အဓမ္မ ငွေတောင်း နေခြင်း ဖြစ်သည်။ ထို့အပြင် အောင်သပြေ နယ်မြေရုံး ပတ်ဝန်း ကျင်ရှိ အ ခြား ကျေးရွာ အုပ်စု များမှ ဒေသခံ ရွာသား များမှာလည်း ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးနှင့် လူမှုရေး ကိစ္စများ အတွက် အောင်သပြေ နယ်မြေရုံး ရှေ့မှ ဖြတ် သွား နေရ သဖြင့် ငွေပေး နေရခြင်း၊ အချိန် ကြန့် ကြာခြင်းနှင့် ညှဉ်းပန်း နှိပ်စက် ခံရခြင်း တို့ကြောင့် အခက်ကြုံ လျက်ရှိကြောင်း ဒေသခံ များမှ ပြော ပါ သည်။
“ကျွန်တော်တို့ ဒေသမှာ အကြီးအကဲ တွေက ကျီးကန်းပြင် လုံထိန်း ရဲတပ်ရင်း ဌာနချုပ်က ရဲမှူးချုပ် တင် ကိုကိုနဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေး တာဝန်ခံ အမှတ် (၁) နည်းဗျူဟာက နည်းဗျူဟာမှူး တို့ဖြစ်ပါတယ်။ အခုလို လုံထိန်းတွေက မတရား သဖြင့် ငွေတောင်း နေတာတွေ၊ ညှဉ်းပန်း နှိပ်စက် နေတာတွေကို အဲဒီ အကြီးအကဲ တွေအနေနဲ့ အမြန်ဆုံး အရေးယူ ပေးသင့်တယ်။ ကျွန်တော်တို့ ဒေသခံ တွေအနေနဲ့ ဥပဒေ မဲ့ ပြုလုပ်နေတဲ့ လုံထိန်းတွေကို အမြန်ဆုံး အရေးယူ ပါလို့ မီဒီယာ ကနေ တဆင့် ပြောလို ပါတယ်” ဟု ဒေ သခံ တစ်ဦးက RB News သို့ ပြောပါသည်။