နောက်ဆုံးသတင်း/ဆောင်းပါးများ

စရဖနှင့် သတင်းတပ်ဖွဲ့ ပူးပေါင်း၍ ငွေညှစ်လျက်ရှိ

RB News
7.10.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ ကြိမ်ချောင်း အခြေစိုက် စရဖ တပ်ဆွယ်မှူးနှင့် သတင်း တပ်ဖွဲ့ (SB) တို့ ပူးပေါင်း၍ ဒေသခံ ရိုဟင်ဂျာ များထံမှ နည်းမျိုးစုံဖြင့် ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။ 

အောက်တိုဘာလ (၃) ရက်နေ့ နံနက် ၇း၃၀ နာရီတွင် အောင်စစ်ပြင် ကျေးရွာ အုပ်စု၊ ဒုံးပိုက်ရွာနေ ဦးကာလူ (ဘ) ဦးကွလ္လာမျာ အား နေအိမ်မှ ဖမ်းဆီး သွားပြီး စရဖ ရုံးသို့ ခေါ်ဆောင် သွားခဲ့သည်။ စရဖ ရုံးတွင် ထိပ်တုံး ခတ်ထားပြီး၊ မတရား သဖြင့် ညှဉ်းပန်း နှိပ်စက် ခဲ့ကြောင်း သိရှိ ရပါသည်။ ဦးကာလူအား လူကုန်ကူးမှု တွင်ပါဝင်သည်ဟု မဟုတ် မမှန် စွပ်စွဲ၍ ဖမ်းဆီး ခဲ့ခြင်း ဖြစ်ပြီး၊ အောက်တိုဘာလ (၄) ရက်နေ့တွင် ငွေကျပ် တစ်သိန်း ငါးသောင်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေး ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

အောက်တိုဘာလ (၅) ရက်နေ့ နံနက် ၇ နာရီ အချိန်တွင် ကြိမ်ချောင်း အလယ်ရွာနေ ဦးရဖိခ် (ဘ) ဦးမာမွတ် ဟူဆောင်း ကို အကြောင်း ပြချက် တစုံတရာ မရှိဘဲ ကြိမ်ချောင်း ဈေးမှ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ စရဖ ရုံးတွင် ဦးရဖိခ် ကိုလည်း ထိပ်တုံး ခတ်၍ နှိပ်စက် ခဲ့ပြီး ညပိုင်းတွင် ငွေကျပ် တစ်သိန်း ညှစ်ယူ၍ ပြန်လွှတ် ပေးခဲ့ကြောင်း သိရှိ ရပါသည်။ 

စရဖနှင့် သတင်း တပ်ဖွဲ့တို့ ပူးပေါင်း၍ ဒေသခံ ရိုဟင်ဂျာ များထံမှ အဆက် မပြတ် ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ် နေခြင်းကြောင့် ခရီး သွားလာ ရာတွင် လည်းကောင်း၊ ဈေးသွားလာ ရာတွင် လည်းကောင်း၊ ကလေး များကို ကျောင်းကြို/ပို့ ရာတွင် လည်းကောင်း၊ ဆေးကုသရန် သွားလာရာ တွင်လည်းကောင်း၊ စသည့် လူသား များ၏ အခြေခံ လိုအပ်ချက် များဖြစ်သည့် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးနှင့် လူမှုရေး လုပ်ငန်းများ ဆောင်ရွက် ရာတွင် ထိတ်လန့် ကြောက်လျက် ရှိကြောင်း ဒေသခံ များက ပြောပါသည်။ 

“ကြိမ်ချောင်းမှာ အရင်တုန်းက သတင်း တပ်ဖွဲ့ (SB) မရှိ ခဲ့ဘူး။ အခုမှ ကြိမ်ချောင်းကို ရောက်လာပြီး စခန်းချတာ နှစ်လ လောက်ဘဲ ရှိသေးတယ်။ နေပြည်တော် ကနေ တိုက်ရိုက် လာတယ် ဆိုတော့ ဒေသခံ တွေက အတော်လေး အားကိုး ခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ အခြားသော ဌာနဆိုင်ရာ တွေထက် ပိုပြီး ဒေသခံကို ညှဉ်းပန်း နှိပ်စက် ငွေညှစ် နေတယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။


Comment ရေးရန်

Rohingya Exodus