နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော ခရိုင် အုပ်ချုပ်ရေးမှူးမှ ညစ်ညမ်းစွာ ပြောဆို၍ အီးဒ်နေ့ ၀တ်မပြုရန် တားမြစ်

RB News
15.10.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုးမှ ညစ်ညမ်း ကြမ်း တမ်း စွာ ပြော ဆို၍ အောက်တိုဘာလ (၁၆) ရက်နေ့ ကျရောက်မည့် အီးဒ်နေ့တွင် အစ္စလာမ် ဘာသာဝင် များ အား ၀တ်မပြုရန် ခြိမ်းခြောက် တားမြစ် ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တော မြို့နယ် အုပ်ချုပ် ရေးမှူး ရုံးတွင် လစဉ် လဆန်း (၁) ရက်နေ့နှင့် လအလယ် (၁၆) ရက်နေ့ များတွင် ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့် ခေါ်၍ ပုံမှန် အစည်း အဝေး ပြုလုပ် လေ့ရှိသည်။ ခရိုင် အုပ် ချုပ် ရေးမှူး ဦးအောင်မြင့်စိုး၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ ဒေသ ဆိုင်ရာ အာဏာပိုင် အကြီးအကဲ များနှင့် ဌာန ဆိုင်ရာများ ပုံမှန် တက်ရောက်ကြောင်း သိရှိ ရပါသည်။ ယခုလ လအလယ် အစည်း အဝေးကို အီးဒ်နေ့ မတိုင်မှီ ကျင်းပရန် ရည်ရွယ်၍ ယမန်နေ့ (အောက်တို ဘာလ ၁၄ ရက်) ကကျင်းပ ခဲ့ပြီး၊ အစည်း အဝေး တွင် ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုး က ညစ်ညမ်း ကြမ်းတမ်းစွာ ခြိမ်းခြောက် ပြောဆို၍ အီးဒ်နေ့ ၀တ်မပြုရန် ပြောဆို ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။

“မင်းတို့ ဘင်္ဂလီ ကုလားတွေ လုပ်ချင်တိုင်း လုပ်လို့ မရဘူး။ အီးဒ်နေ့မှာ လုံးဝ ၀တ်မပြု ရဘူး။ မင်းတို့ ၀တ်ပြုရင် ထိရောက်စွာ အရေးယူမယ်။ သေနတ်နဲ့ ပစ်မယ်။ မင်းတို့ ဘင်္ဂလီ ကုလားတွေ မနေ့ တနေ့ က မှ ရောက်လာတာ။ နိုင်ငံသား မဟုတ်ဘူး။ ဖြစ်လဲ မဖြစ် နိုင်ဘူး။ ကိုယ့်နေရပ်ကို ကိုယ်ပြန်မှ ရမယ် - လို့ ခရိုင် အုပ်ချုပ် ရေးမှူး အောင်မြင့်စိုးက ပြောတယ်။ အခြား ဌာန ဆိုင်ရာ တွေက သူ့လို မရိုင်းဘူး။ စ ကား ပြောရင် ယဉ်ကျေးတယ်။ ခရိုင် အုပ်ချုပ် ရေးမှူးက အစည်း အဝေး တိုင်းမှာ အရမ်းကို ရင့်ရင့် သီးသီး နဲ့ ရိုင်းရိုင်း စိုင်းစိုင်း ပြောလေ့ ရှိတယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။

“မင်းတို့ ဘင်္ဂလီ ကုလား တွေကို ဘယ်သူ့မှ ကယ်လို့ ရမယ် မထင်နဲ့။ OIC ကို ပြောလိုက် မင်းတို့ကို ဘန်ကီမွန်း၊ အိုဘားမားနဲ့ ဘယ် NGO ကမှ ကယ်လို့ မရဘူး ဆိုတာ။ မင်းတို့ ဒီမှာ ကျွန်လို နေရမယ်။ မီးလောင် သွားတဲ့ ရခိုင် အိမ်တွေ အတွက် မင်းတို့ လျော်ပေး ရမယ်။ မင်းတို့ ဧည့်သည် တွေက အိမ် ရှင် တွေလို သွားချင် တိုင်း သွားလာလို့ မရဘူး။ နေချင်တိုင်း နေလို့ မရဘူး။ မင်းတို့ ဘယ်မှာဘဲ သွား တိုင်တိုင် အရာ မရောက်ဘူး ဆိုတာ မှတ်ထားကြ လို့ အောင်မြင့်စိုးက ပြောတယ်။ ခရိုင် အုပ်ချုပ် ရေးမှူး တစ်ယောက် ဖြစ်ပြီး ဒီလို ရိုင်းစိုင်း နေတော့ ကျွန်တော်တို့ သူ့ကို ဘယ်လိုလုပ် ရိုသေ ရမလဲ? မောင်တော ခရိုင်ကို တည်ငြိမ် အေးချမ်းမှု ပျက်ပြယ်အောင် လုပ်နေတာ ခရိုင် အုပ်ချုပ်ရေးမှူး ကိုယ်တိုင် ဖြစ်ပါတယ်” ဟု အဆိုပါ ဒေသခံမှ ဆက်လက် ပြောပါသည်။

မောင်တော မြို့နယ်ရှိ ရိုဟင်ဂျာ မွတ်စလင် များမှာ အီးဒ်နေ့ ကျင်းပရန် အတွက် မျှော်လင့် ထားခဲ့သော် လည်း ခရိုင် အုပ်ချုပ်ရေးမှူးမှ ခြိမ်းခြောက်၍ ၀တ်ပြုခွင့် တားမြစ် ခံရသောကြောင့် အလွန်တရာ ၀မ်းနည်း လျက်ရှိကြောင်း ဒေသခံ များမှ ပြောပါသည်။


Comment ရေးရန်

Rohingya Exodus