တမျိုးတဖုံ ချိန်ဆပြီး လုပ်ဆောင်တော့မယ့် သမ္မတ၏ အမျိုးသားရေး ဗျူဟာအသစ်
RB News
14.10.2013
ရာဇ၀တ် ပြစ်မှု တစ်ခုကနေ စတင်ခဲ့သည့် ရခိုင် ပြည် နယ် ပဋိပက္ခ ဖြစ်စဉ် များမှာ ဒေသတွင်း နိုင်ငံ များ သို့ဂယက် ရိုက်သလို ကုလသမဂ္ဂ မှပင် အလေး ထားဖြေ ရှင်းပေးနေ ရသည့် ကိစ္စရပ် ဖြစ်လာ သည်။
“အဲ့တော့ တစ်ဖက်မှာလည်း ကျွန်တော်တို့ အမျိုး သားရေး ၊တစ်ဖက် ကလည်း လူသား ချင်းစာ နာ ထောက်ထားရေး၊ ဒါတွေကို ကျွန်တော်တို့ နိုင်ငံ တစ်နိုင်ငံရဲ့ အစိုးရဟာ တစ်ဖက် နဲ့တစ်ဖက် မျှတအောင် ချိန်ဆပြီးတော့ လုပ်ရမယ်။ အဲ့တော့ ဒီပြဿ နာတွေက ကျွန်တော်တို့ နိုင်ငံတွင်းတွင် မကပါဘူး။ ကိုယ့်နိုင်ငံ တွင်းမှာ ဖြစ်ပျက်ပြီးတော့ေ ပျာက်ပြယ် သွားတာ ဟာ ဒေသတွင်း မှာလည်း issue တစ်ခု ဖြစ်အောင် ဖန်တီး ဖေါ်ဆောင် နေတာ ရှိပါတယ်။ ဆိုကြ ပါစို့။ ဒေသတွင်းမှာ အာဆီယံ နိုင်ငံ မှာ လည်း မွတ်စလင် နိုင်ငံသုံး နိုင်ငံလောက် ရှိတယ်။ အင်ဒိုနီးရှား ဆိုလို့ရှိရင် လူဦးရေ များ တဲ့ နိုင် ငံ၊ နောက်တစ်ခါ ကျွန်တော်တို့ ဘရူးနိုင်း ရှိတယ်။ နောက်တစ်ခါ မလေး ရှား ရှိတယ်။ ဒီနိုင်ငံတွေနဲ့ ပတ် သတ်လို့ ကျွန်တော် တို့က ဆက်ဆံ နေရတာ။ အဲ့တော့ ဒီမှာ မွတ်စလင် ကိစ္စ တွေနဲ့ ပြဿနာ ဖြစ် တာနဲ့ တစ်ပြိုင် တည်းမှာပဲ ဒီနိုင်ငံ တွေရဲ့ယုံကြည်မှု ဒီနိုင်ငံ တွေရဲ့ အထင် အ မြင် လွဲမှားမှုတွေ ကျွန်တော် တို့ မလွဲမသွေ ခံရမှာ ဖြစ်ပါတယ်။ အဲ့တော့ ဒါတွေကို ချေဖျက်အောင် လိုက် ပြီး တော့မှ ကြိုးပမ်း ဆောင် ရွက် နေရတာ ဖြစ်ပါတယ်” (၁)
အိုအိုင်စီ အနေနဲ့ ခုနကလို ကုလ သမဂ္ဂထိ ကျွန်တော်တို့ နိုင်ငံမှာ လူမျိုးရေး အရ ဖိနှိပ်နေ ပါတယ်။ ဘာသာရေး အရ ဖိနှိပ် နေပါတယ်။ လူမျိုးသုဉ်း သတ်ဖြတ် နေပါတယ် ဒီလူတွေ မမှန် မကန် လုပ်ပြီးတော့ လုပ်တဲ့ ဖြစ်စဉ် ကတော့ ရာဇ၀တ်မှု တစ်ခုကို အကြောင်း ပြပြီး ဖြစ်တယ်။ (၂)
၁၉၀၅ ခုနှစ်က ထွန်းသစ်စ ဂျပန်နိုင်ငံ လေးက ရှရှား တို့၏ အင်အားကြီး ရေတပ်ကို အောင်နိုင် လိုက်ရာ၊ အာရှတွင် အမျိုးသားရေး ဒီရေများ လျံတက် လာခဲ့ကာ၊ အကြောက် တရား သံပခြုပ် အောက်တွင် အိပ်ပျော် နေသော အမျိုးသားရေး စိတ်ဓါတ် သည်လည်း ပြန်လည် အသက်ဝင် နိုးထ လာခဲ့ သည်ဟု ဆိုရ ပါမည်။ မြန်မာ့ သမိုင်းမှာ ဗမာ တို့၏ အမျိုးသားရေး သရုပ် သဏ္ဍန် ဖြစ်သော အမျိုး ဘာသာ သာသနာ အရေး ကိုထင်ဟပ် စေသော လှုပ်ရှားမှုကို YMBA (Young Men’s Buddhist Association) ဗုဒ္ဓကလျာန ယုဝ အသင်းမှ စခဲ့သည်။ ၁၉၂၀ ခုနှစ် နောက်ပိုင်းတွင် လွတ်လပ်ရေးကို ဦးတည်သော နိုင်ငံရေး လုပ်ငန်း များကိုသာ တစိုက် မတ်မတ် အကောင် အထည် ဖေါ်ဆောင်သော၊ GCBA (General Council of Burmese/Buddhist Association) လမ်းသို့ ချိုးကွေ့ သွားခဲ့သည်။ GCBA သည် ကနဦး အမျိုးသားရေး သရုပ် သဏ္ဍန် ဖြစ်သော အမျိုး ဘာသာ သာသနာ အရေး အယူ အဆကို သင်ပုန်း ချေ၍ နိဂုံး ကာမ ချုပ် စေကာ၊ ဗြိတိသျှ အင်ပါယာ သဘော တရား ရေးရာ ကောင်မတီက ဖွင့်ဆိုသော လူမျိုး၊ ဘာသာ၊ အယူဝါဒ မတူသူတို့ နေထိုင် သော်လည်း၊ တရား မျှတမှုကို ကျင့်သုံး ရာတွင် ကာလ ဒေသ မရွေး တူညီသည် ဖြစ်၍ လူမျိုးချင်း၊ ပူးပေါင်း ဆောင်ရွက် နိုင်သော အမျိုးသား ဖွံ့ဖြိုးရေး သဘော တရား ကို ကျင့်သုံး ခြင်းသည်သာ အကောင်းဆုံး လမ်းစဉ် ဖြစ်သည် ဟူသော ဖွင့်ဆိုချက်ကို ထိုခေတ် အခါက အများ ပြည်သူ နှင့် ခေတ်ပညာ တတ်တို့က လက်ခံ ကျင့်သုံး ခဲ့သောကြောင့် မြန်မာ တို့အတွက် လွတ် လပ်ရေး ဟူသော ဆုလာဒ် သည် ယင်းတို့နှင့် အမှန် တကယ် ထိုက်တန်ကြောင်း သက်သေ ပြနိုင်ခဲ့ ကြသည်။
သက်ဦး ဆံပိုင် ဘုရင်စနစ်ဖြင့် ထင်ရာ စိုင်းနေ ခဲ့သော ဘုရင့် အုပ်ချုပ်မှု သံလျက် အောက်မှာ နှစ်ပေါင်း (၈၀၀) မျှပြားပြားဝပ် နေခဲ့ရသော မြန်မာ ပြည်သူ တို့သည် ဗြိတိသျှ အုပ်ချုပ်ရေး၏ တရား ဥပဒေ စိုးမိုးမှု၊ လုံခြုံ ငြိမ်းချမ်းမှု နှင့် လူ့အခွင့် အရေး တို့၏ ခြားနားသော အရသာကို သိသိ သာသာ ထိတွေ့ ခံစား ခဲ့ကြ သည်ကား အမှန်ပင်။ သို့သော် မြန်မာတို့သည် လွတ်လပ်ရေး ဆုလာဒ်၏ အရသာ ကို ပင် ကောင်းကောင်း မြည်း စမ်းခွင့် မရကြ သေးခင်မှာ နိုင်ငံတော်သည် ၁၉၆၂ ခုနှစ်မှ စတင်၍ ၊ ၁၉၈၈ ခုနှစ် တွင် နောက်ထပ် တစ် ကြိမ်၊ တိုင်းပြည်ကို ကယ်တင်လိုသော စေတနာ ဇောကြောင့် တကျော့ပြန် အာဏာရှင် လက်အောက် သို့ ဇောက်ထိုး ကျသွား ခဲ့ပြန်ရာ၊ ထိုအာဏာရှင်များ လက်အောက်မှ လွတ်မြောက်ရေး လှုပ်ရှား မှုသည်ကား လွတ်လပ်ရေး ခေတ် နိုင်ငံရေး လှုပ်ရှားမှု များကဲ့သို့ ပြန်လည် ရှင်သန် နိုးကြား လာရ ပြန် ပါ သည်။ ဤ လှုပ် ရှားမှုကား ရပ်တန့် သွားမည် မဟုတ်၊ ရပ်တန့်၍ လည်းရနိုင်မည် မဟုတ်၊ အရှိန် အဟုန်ဖြင့် ဆထက် တပိုး တိုးသထက် တိုးလာ မည်ကို အာဏာရှင် တို့ကောင်း ကောင်း သဘော ပေါက် သည်။ ဖြစ်နိုင် သည်မှာ ထိုတိုး လာသော အရှိန်ကို လမ်းကြောင်း လွှဲ ပြောင်းပေး လိုက်နိုင် ခြင်းသာ။ ဤသည်ကား အ ခြား မဟုတ် အမျိုးသားရေး မှော်အတတ်ဖြင့် ပြုစား ထားသော အကြောက် တရား ရောဂါ သာ ဖြစ် ပါသည်။
ယနေ့ သမ္မတ ရည်ညွှန်းသော “ကျွန်တော်တို့ အမျိုးသားရေး” ဆိုသည်မှာ အဘယ်နည်း။ သမ္မတ ရည်ညွန်းသော အမျိုးသားရေး သည် လွတ်လပ်ရေး ခေတ် ဗြိတိသျှ အင်ပါယာ ကော်မတီက ဖွင့်ဆိုသော အမျိုးသား ဖွံ့ဖြိုးရေး သဘော တရား ကဲ့သို့သော တရား မျှတသော သဘော တရားကို လက်ခံ ကျင့်သုံး သွားမည့် ပုံမပေါ်။ အဘယ်ကြောင့် ဆိုသော် သမ္မတ သည် လူသားချင်း စာနာ ထောက်ထားသော အားဖြင့် လည်းကောင်း၊ အာဆီယံ မွတ်စလင် နိုင်ငံများ ဖြစ်သော အင်ဒိုနီးရှား၊ မလေးရှား ဘရူနိုင်း တို့၏ အထင် အမြင် လွဲမှု ကိုခြေဖျက် လိုသော ဆန္ဒ စေတနာ သာရှိခြင်း၊ ကနဦး ရှိရင်းစွဲ အမျိုးသားရေး ၀ါဒကို မှားယွင်း သည်ဟု လည်းမမြင်၊ ရခိုင် ပဋိပက္ခကို လည်း ရာဇ၀တ်မှု တစ်ခုကို အခြေခံ ဖြစ်ပေါ် လာသော သာမာန် ပဋိပက္ခ ဟုသာ ဆက်လက် ခံယူ ထားခြင်း၊ အိုအိုင်စီ၏ ရာဇ၀တ်မှု တစ်ခုကို အကြောင်း ပြပြီး၊ လူမျိုးရေး ဖိနှိပ်မှု၊ ဘာသာရေး ဖိနှိပ်မှု၊ လူမျိုးသုဉ်း သတ်ဖြတ်မှု အဖြစ် ကုလသမဂ္ဂ သို့ထိ တိုင်တန်း ထားခြင်း ကိုလည်း မမှန် မကန် လုပ်ရပ် အဖြစ် ထည့်သွင်း ပြောကြား သွားခြင်း၊ စသည် တို့ကို အထင် အ ရှား တွေ့နေ ရသော ကြောင့်ဖြစ်သည်။ ထို့ကြောင့် သမ္မတ ရည်ညွှန်း သောအမျိုးသားရေး ဆိုသည်မှာ ဗျူ ဟာ အသစ်ဖြင့် ချိန်ဆပြီး တမျိုးတဖုံ ပုံစံ ပြောင်းလဲ ဆောင်ရွက် သွားမည့် ရှိရင်းစွဲ ကနဦး အမျိုးသားရေး ၀ါဒ သာဖြစ်နိုင်သည် ဟုကောက်ချက် ချရပါမည်။
၁။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် စစ်တွေ မိန့်ခွန်း၊ စံတော်ချိန် နေ့စဉ်၊ အတွဲ(၁)၊ အမှတ် (၁၇၄)၊ စာ မျက်နှာ (၁၂)၊ ၁၃၇၅ ခုနှစ်၊ တော်သလင်း လကွယ်၊ သောကြာနေ့ (၄-၁၀-၂၀၁၃)
၂။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် စစ်တွေ မိန့်ခွန်း၊ စံတော်ချိန် နေ့စဉ်၊ အတွဲ(၁)၊ အမှတ် (၁၇၄)၊ စာမျက်နှာ (၁၂)၊ ၁၃၇၅ ခုနှစ်၊ တော်သလင်း လကွယ်၊ သောကြာနေ့ (၄-၁၀-၂၀၁၃)