ရခိုင်များနှင့် စစ်သား ပေါင်း၍ နွားများလုပြီးနောက် ပြန်တောင်းသည့် အခါ ငွေညှစ်
MYARF
RB News
27.10.2013
မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ ကင်းချောင်း ကျေးရွာ (ဒုချီရာတန်း ရခိုင်ရွာ) မှ ရခိုင် များနှင့် စစ်သား တစ်ဦးတို့ ပူးပေါင်း၍ ဂါဒူဆာရာ ကျေးရွာ အုပ်စုမှ နွား ၁၃ ကောင်ကို လုယက်ပြီး ပိုင်ရှင် များမှ ပြန်တောင်းသည့် အခါ ငွေညှစ် ခဲ့ကြောင်း သတင်း ရရှိ ပါသည်။
အောက်တိုဘာလ (၂၃) ရက်နေ့ ညနေ ၅ နာရီ ခန့်တွင် မောင်တော မြို့နယ်၊ ကင်းချောင်း ကျေးရွာ (ဒုချီ ရာတန်းရခိုင်ရွာ)မှ ရခိုင်များနှင့် စစ်သားတစ်ဦးတို့ ပူးပေါင်း၍ ဂါဒူဆာရာကျေးရွာ အုပ်စုသို့ လာရောက် ပြီး နွား ၁၃ ကောင်ကို လုယူ သွားခဲ့သည်။ ရခိုင် များနှင့် စစ်သားတို့ ရောက်သည့် အချိန်တွင် အဆို ပါ နွား များ ကို နွားကျောင်းသား များက အစာ ကျွေးလျက် ရှိပြီး၊ နွားကျောင်းသား များကို ရိုက်နှက်၍ လုယူ သွား ခဲ့ခြင်း ဖြစ်သည်။
ထိုသို့လုယူသွားပြီးနောက်နွားပိုင်ရှင်များမှ၎င်းတို့၏ နွားများကိုပြန်လည်ပေးအပ်ရန် တောင်းရာ ရခိုင်များနှင့် ပူးပေါင်း၍ လုယက် ခဲ့သည့် စစ်သားက နွားတစ်ကောင် အတွက် ငွေကျပ် တစ်သိန်း စီ ပေး မှသာ ပြန် လည် ပေးမည်ဟု အကျပ်ကိုင်၍ ငွေညှစ် ခဲ့သည်။ နောက်ဆုံးတွင် နွားပိုင်ရှင် များမှ ၎င်းတို့ ၏ နွား များ ပြန်လည် ရရှိရန် အတွက် နွားလုခဲ့သည့် စစ်သားကို ငွေကျပ် တစ်သိန်း ပေး၍ နွား ၁၃ ကောင် ကို ပြန် လည် ရယူ ခဲ့ကြောင်း သိရှိ ရပါသည်။
ဒေသခံ များမှ ယခု ကဲ့သို့ ဥပဒေမဲ့ ပြုလုပ်ခြင်း အတွက် အထက် အာဏာပိုင် များသို့ တိုင်ကြား လျှင်လည်း အရေးယူ ဆောင်ရွက် ပေးမည် မဟုတ်သဖြင့် တန်ဖိုး ရှိသည့် နွား ၁၃ ကောင်ကို ငွေကျပ် တစ် သိန်း ပေး ၍ ပြန်လည် ရယူ ခဲ့ရခြင်း ဖြစ်ကြောင်း ပြောပါသည်။
နွားပိုင်ရှင် များမှာ --
(၁) ဦးဇဖရ် (ဘ) ဦးနဇီရ် အဟမတ် (အသက် ၅၅ နှစ်) -- နွားအရေအတွက် ၇ ကောင်
(၂) ဦးမိုဟာမတ်အီနုစ် (ဘ) ဦးမိုဟာမတ် ဟူစိန် (အသက် ၄၅ နှစ်) - နွားအရေအတွက် ၃ ကောင်
(၃) ဦးမိုဟာမတ် အာယုပ် (ဘ) ဦးလာလ်မျာ (အသက် ၃၅ နှစ်) - နွားအရေအတွက် ၃ ကောင် -- တို့ဖြစ်ပါသည်။