နောက်ဆုံးသတင်း/ဆောင်းပါးများ

အာဏာပိုင်များ ဦးဆောင်၍ လူကုန်ကူးသည့် လုပ်ငန်း ကျယ်ပြန့်စွာ လုပ်ကိုင်လျက်ရှိ

RB News
27.10.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တောမြို့နယ်ရှိအာဏာပိုင် များနှင့် ဒေသခံ အချို့ ပူးပေါင်း၍ မလေး ရှား နိုင်ငံသို့ လူကုန်ကူးသည့် စီးပွားရေး လုပ်ငန်းကို အကြီးအကျယ် ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိ ပါသည်။ 

မောင်တော မြို့နယ် တောင်ပိုင်း၊ အလယ်သံကျော် အခြေစိုက် စစ်ဘက် ရေးရာ လုံခြုံရေး အဖွဲ့ (စရဖ)၊ သ တင်း တပ်ဖွဲ့ (SB) မှ ဦးအောင်ကျော်ဇင်၊ အလယ်သံကျော် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင်၊ လူ ၀င်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာန (လ၀က)၊ ရဲတပ်ဖွဲ့ဝင်များ၊ မောင်တော မြို့နယ် လူ ကုန် ကူး မှု တားဆီးရေး အဖွဲ့မှ ဒုတပ်ကြပ် တင်ထွန်း တို့မှ ဦးစီး၍ မလေးရှား နိုင်ငံသို့ လူကုန်ကူး ရန် ဒေ သခံ အချို့နှင့် ပူးပေါင်း၍ လုပ်ကိုင်လျက် ရှိကြောင်း ဒေသခံ များမှ RB News သို့ ပြောပါသည်။ 

ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ စိန့်မာတင်ကျွန်း အနီးတွင် စစ်လှေ အကြီး တစ်စီးကို ရပ်နား ထားပြီး၊ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် မြို့နယ် များမှဒေသခံ ရိုဟင်ဂျာ များကို ငွေကျပ် တစ်သိန်း ငါးသောင်း ပေး လျှင် မလေးရှား နိုင်ငံသို့ ပို့ဆောင် ပေးမည်ဟု စည်းရုံး လျက်ရှိကြောင်း သိရှိ ရပါသည်။ ယခု အခါ နေ့ စဉ် နေ့တိုင်း ၁၀၀ ဦးမှ ၁၅၀ ဦးထိအလယ်သံကျော် ကမ်းခြေနှင့်မြင်းလွတ် ကျေးရွာ ကမ်းခြေ တို့မှ စက်လှေငယ် များဖြင့် စိန့်မာတင်ကျွန်းရှိ စက်လှေကြီးသို့ ပို့ဆောင် ပေးလျက်ရှိရာ ယနေ့ အချိန်ထိ စိန့်မာ တင်ရှိ စက်လှေကြီး ပေါ်တွင် လူပေါင်း ၄၅၀ ခန့် ရှိနေပြီ ဖြစ်ကြောင်း ဒေသခံ များမှ ပြောပါသည်။ 

ယခုကဲ့သို့ အာဏာပိုင် များကိုယ်တိုင် ဦးစီး၍ လူကုန်ကူးမှုကို တွင်တွင် ကျယ်ကျယ် ပြုလုပ် လျက်ရှိခြင်းမှာ ရိုဟင်ဂျာ များနိုင်ငံ အတွင်းမှ ထွက်ခွာ သွားရန် ရည်ရွယ်၍ သာဖြစ်ပြီး၊ အာဏာပိုင် များမှ ၎င်းတို့နှင့် ရင်းနှီး ကျွမ်းဝင်သည့် ဒေသခံ ရိုဟင်ဂျာ အချို့ကို ၎င်းတို့၏ စီးပွားဖက် များအဖြစ် ခန့်ထားကြောင်း သိရှိ ရပါ သည်။ 

လူကုန်ကူးမှု တွင်ပါဝင်နေသူ များမှာ --

(၁) ဦးဇော်ထူး - အလယ်သံကျော် ကျေးရွာ အုပ်စု ဥက္ကဌ ဟောင်း
(၂) ဦးလာလူး (ဘ) ဦးဆလာမတ် - အလယ်သံကျော် ကျေးရွာ အုပ်စု ဥက္ကဌ ဟောင်း
(၃) မော်လ၀ီ ကရီးမ် (ဘ) ဦးအဟမတ် အမီးန် - အလယ်သံကျော်
(၄) ဦးမိုဟာမတ် အေနာတုလ္လာ (ဘ) ဦးဆယာဒ်ဒုလ္လာ - အလယ်သံကျော်
(၅) ဦးအအုလ္လာ (ဘ) ဦးဖော်ဇော်လ်အဟမတ် - အလယ်သံကျော်
(၆) ဦးအဒူကရီးမ် (ဘ) ဦးကဘီရ် - အလယ်သံကျော် (နစက၏ အကျိုးတော်ဆောင်ဟောင်း)
(၇) ဦးဟာရှီမ် (ဘ) ဦးအမိရ်ဂုလာလ် - အလယ်သံကျော် (SB အကျိုးတော်ဆောင်)
(၈) ဦးအစ္စမိုင်လ် - မြို့မ ကညင်တန်း ကျေးရွာ အုပ်စု
(၉) ဦးတင်မောင် - ဥဒေါင်း ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး
(၁၀) ဦးကရီမုလ္လာ (ဘ) ဦးဘော်ဒီရောင် - ဥဒေါင်း ကျေးရွာ အုပ်စု
(၁၁) ဦးမောင်ဇူရ် (ဘ) ဦးဘာတ်ကျာ - ဥဒေါင်း ကျေးရွာ အုပ်စု
(၁၂) မြင်းလွတ် ကျေးရွာ အုပ်ချုပ်ရေးမှူး
(၁၃) သပြေတော ကျေးရွာ အုပ်ချုပ်ရေးမှူး
(၁၄) ဦးဒိလ်မိုဟာမတ် (ဘ) ဦးအဒူရာမန် - သပြေတော ကျေးရွာ
(၁၅) ဦးဇာကဲရ် ဟူစိန် (ဘ) ဦးအဘူဟူစိန် - သပြေတော ကျေးရွာ
(၁၆) ဦးရှဖီအုလ္လာ (ဘ) ဦးနူရ်ဆလာမ် - သပြေတော ကျေးရွာ
(၁၇) ဦးနုရ်မာမတ် - သပြေတော ကျေးရွာ ဥက္ကဌ ဟောင်း -- တို့ဖြစ်ပါသည်။

စိန်မာတင်ကျွန်းမှထွက်ခွာမည့်စက်လှေကြီးအတွက်မောင်တောမြို့နယ်အလယ်သံကျော်နှင့် မြင်းလွတ်တို့မှ   အောက်တိုဘာလ (၂၅) ရက်နေ့တွင် စတင်၍ ပို့ဆောင် နေကြောင်း သိရှိ ရပါသည်။


Comment ရေးရန်

Rohingya Exodus