နောက်ဆုံးသတင်း/ဆောင်းပါးများ

ကုရ်ဘာနီ နွားများအတွက် ဒေသ ဆိုင်ရာ အာဏာပိုင်များ ငွေအပြင် အသားပါ တောင်းယူ

RB News
23.10.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်တွင် အောက်တိုဘာလ (၁၆) ရက်နေ့က ကျရောက် ခဲ့သော အီးဒ်နေ့တွင် ၀တ်ပြုခွင့် မပေးခဲ့သည့် အပြင် ကုရ်ဘာနီ ပြုလုပ်သည့် နွားများ အတွက် အာဏာပိုင် များမှ ငွေညှစ် ခြင်းသာမက အသားများပါ တောင်းယူ ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

မောင်တော မြို့နယ်၊ ဇင်ပိုင်ညာ ကျေးရွာ အုပ်စုတွင် နွားအကောင် (၂၀၀) ခန့် ကုရ်ဘာနီ ပြုလုပ်ခွင့် ရခဲ့ သည်။ ဇင်ပိုင်ညာ ကျေးရွာ အုပ်စု အုပ်ချုပ် ရေးမှူး ဖြစ်သူ ဦးဇကရီယာသည် မြို့နယ် အုပ်ချုပ်ရေးမှူး၏ မှာ ကြားချက် အရ မြို့နယ် အုပ်ချုပ်ရေးမှူး အတွက် အောက်တိုဘာလ (၁၅) ရက်နေ့က နွားတစ်ကောင် လျှင် ၅၀၀၀ ကျပ်နှုန်းဖြင့် ကောက်ခံ ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ထို့အ ပြင် ဒေ သ ခံ များက ကုရ်ဘာနီ ပြုလုပ်သည့် အောက်တိုဘာလ (၁၆) ရက်နေ့ တွင်လည်း နွား တစ်ကောင် မှ အသား တစ်ပိဿာစီ မြို့နယ် အုပ်ချုပ်ရေးမှူး အတွက် ပေးခဲ့ ရကြောင်း သိရှိ ရပါသည်။ 

ဥဒေါင်း ကျေးရွာ အုပ်စုတွင်လည်း နွားအကောင် ၁၅၀ ခန့် ကုရ်ဘာနီ ပြုလုပ် ခဲ့သည်။ ဥဒေါင်း ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်မောင်က အောက်တိုဘာလ (၂၂) ရက်နေ့မှ စ၍ ကုရ်ဘာနီ ပြုလုပ် ခဲ့သူ များ ထံမှ နွားတစ်ကောင်လျှင် ၅၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်ထိ အတင်း အဓမ္မ တောင်းယူ လျက်ရှိကြောင်း ဥဒေါင်း ရွာသား တစ်ဦးက RB News သို့ ပြောပါသည်။ 

ပြည်ထောင်စု မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ ဘာသာရေး လွတ်လပ်ခွင့် ရှိကြောင်း နိုင် ငံတော် သမ္မတနှင့် ပြည်ထောင်စု ၀န်ကြီး များက နိုင်ငံ တကာသို့ လည်ပတ်၍ အကြိမ်ကြိမ် ပြောဆိုလျက် ရှိသော်လည်း လက်တွေ့တွင် ဘာသာရေး လွတ်လပ်ခွင့် မပေးသည့် အပြင် ချုပ်ချယ် ကန့်သတ် ထားရာ တွင် လည်းဒေသ ဆိုင်ရာ အာဏာပိုင်များ၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာ အုပ်စု အုပ်ချုပ်ရေး မှူး များ၏ မတရား သဖြင့် ငွေညှစ်ခြင်း များနှင့် ကြုံတွေ့ လျက်ရှိသည်။

ကုရ်ဘာနီ အသားများမှာ မရှိ ဆင်းရဲသားများအတွက် လူမျိုး မရွေးဘာသာမရွေး လှူဒါန်းရန် ရည် ရွယ် သော်လည်း အာဏာပိုင် များ၏ အမိန့်ဖြင့် တောင်းခံမှုမှာ အလှူ အတန်း အတွက် စိတ်အနှောက် အ ယှက် ဖြစ်ရကြောင်း ဒေသခံ များမှ ပြောပါသည်။ 


Comment ရေးရန်

Rohingya Exodus