နောက်ဆုံးသတင်း/ဆောင်းပါးများ

ဥပဒေ အထက်တွင် ရှိသော ငွေကြောင့် ဖမ်းခံရသည့် ရဲစခန်းမှူးအား မူးယစ်ဆေးဝါးမှုမှ တရားသေလွှတ်

RB News
11.10.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ် ရဲစခန်းမှူး ဦးသန်းတင်နှင့် အပေါင်း အပါ ၄ ဦးကို WY စာတမ်းပါ မူးယစ် ဆေးဝါး အလွဲသုံးစား လုပ်၍ ရောင်းစားမှု၊ နိုင်ငံတော် တာဝန် မကျေပွန်မှု တို့ဖြင့် ဖမ်းဆီး အရေးယူ ခဲ့သော်လည်း ဥပဒေ အထက်ရှိ ငွေဖြင့် ဖြေရှင်းပြီး၊ မူးယစ် ဆေးဝါး အလွဲ သုံးစားမှုမှ တ ရားသေ လွှတ်ပေး ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

မောင်တော မြို့နယ် ရဲစခန်းမှူး ဦးသန်းတင်နှင့် အပေါင်း အပါ လေးဦး တို့သည် ဘုန်းကြီး တစ်ပါး ထံမှ ဖမ်း ဆီး ရမိ ခဲ့သည့် WY စာတမ်းပါ မူးယစ် ဆေးဝါး ၁၆၀၀၀၀ ကျော်မှ ၆၀၀၀၀ ကျော်ကို နိုင်ငံတော်သို့ အ ဖမ်း ပြပြီး၊ ကျန်သည့် ၁၀၀၀၀၀ ကျော်ကို ရောင်းချ၍ အလွဲ သုံးစား ပြုလုပ် ခဲ့သည်။ အဆိုပါ ကိစ္စနှင့် ပတ် သက် ၍ ရဲစခန်းမှူး ဦးသန်းတင်၊ ဦးလှစိန်နှင့် အခြား ၃ ဦးကို ပြည်နယ် ရဲမှူးကြီး ကိုယ်တိုင် ဖမ်းဆီး အရေး ယူ၍ နိုင်ငံတော်မှ သိမ်းဆည်း ရမိသည့် မူးယစ် ဆေးဝါး များကို အလွဲသုံးစား ပြု လုပ်၍ ရောင်း ချ မှု၊ နိုင် ငံတော် တာဝန် မကျေပွန်မှု တို့ဖြင့် တရားစွဲ ဆိုခဲ့သည်။ 

ဦးသန်းတင်သည် ဒေသခံ ရိုဟင်ဂျာများကို နည်းမျိုးစုံဖြင့် ညှဉ်းပန်းနှိပ်စက် ခဲ့ပြီး၊ ၂၀၁၂ ခုနှစ် ဇွန် လ နောက် ပိုင်း တွင် မောင်တော ဒေသခံ ရိုဟင်ဂျာ များကို ပဋိပက္ခတွင် ပါဝင် ခဲ့သည်ဟု စွပ်စွဲ၍ ဖမ်း ဆီး ပြီး ငွေသိန်း ထောင်ပေါင်း များစွာ ရယူခဲ့သည်။ အဆိုပါ ငွေကြေး များဖြင့် ပြည်နယ် ၀န်ကြီးချုပ် ဦး လှမောင်တင်၊ ပြည်နယ် ၀န်ကြီးများ၊ ပြည်နယ် ရဲမှူးကြီးနှင့် သက်ဆိုင်ရာ တရားသူကြီး များကို ငွေဖြင့် ၀ယ် ၍ WY မူးယစ် ဆေးဝါးနှင့် ပတ်သက်သည့် အမှုမှ တရားသေ လွတ်မြောက် ခဲ့သည်။ ထို့နောက် နိုင် ငံတော် တာဝန် မကျေပွန်မှု ကို ဆက်လက် ရင်ဆိုင်လျက် ရှိသည်။ ယခု ထိုအမှုကို ရင်ဆိုင် နေစဉ် ဦးသန်းတင်နှင့် အပေါင်း အပါ ၄ ဦးတို့၏ မိသားစု ၀င်များမှ ပြည်ထဲရေး ၀န်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး အထိ ရအောင် လိုက်၍ ထိုအမှုမှ တရားသေ လွတ်ရန် ကြိုးစား သွားမည်ဟု ကြွေးကြော် ခဲ့ကြောင်း ဦးသန်းတင်၏ မိသား စုနှင့် နီးစပ်သူ တစ်ဦးမှ RB News သို့ ပြောပါသည်။ 

ဦးသန်းတင်နှင့် အပေါင်း အပါ ၄ ဦးတို့၏ မူးယစ် ဆေးဝါး အလွဲသုံးစား ရောင်းချမှုနှင့် ပတ်သက် ၍ ပြည် နယ် အစိုးရမှ တုန်လှုပ် ခဲ့သော်လည်း အောက်တိုဘာလ (၇) ရက်နေ့က မောင်တော ခရိုင် တ ရားရုံးမှ တ ရားခံ ၅ ဦးကို တရားသေ လွှတ်ပေး လိုက်ကြောင်း သိရှိ ရပါသည်။ ထို့အပြင် ဦးသန်းတင်မှာ ယခင် အ တိုင်း မောင်တော မြို့နယ် ရဲစခန်း၏ ရှင်ဘုရင် သဖွယ် ဧည့်ခန်းတွင် အိပ်လျက် ရှိကြောင်း ဒေသခံ တစ် ဦးက RB News သို့ ပြောပါသည်။ တရားခံ ၅ ဦးတို့သည် အချုပ်ခန်း ထဲတွင် မနေရဘဲ ဖုန်းများ ကိုယ်စီ ကိုင်လျက် မောင်တော မြို့အနှံ့ တနေကုန် သွားလာ၍ လှုပ်ရှား လျက်ရှိကြောင်း သိရှိ ရပါသည်။

ဒေသခံများ က ယခု ကဲ့သို့ အမှု တစ်ခုမှ တရားသေ လွတ်မြောက် ခဲ့ပြီး၊ ကျန်သည့် အမှုမှလည်း ပြန်လည် လွတ်မြောက်ဖွက် ရှိပြီး၊ မူလ တာဝန်များကို ပြန်လည် ထမ်းဆောင်ခွင့် ရလိမ့် မည်ဟု မျှော်လင့်ကြောင်း၊ ထို့ကြောင့် ၎င်းတို့ အတွက် စိုးရိမ် စရာ ဖြစ် လာကြောင်း၊ ဦးသန်း တင်တို့အမှုများမှ လွတ်မြောက်ရေး အ တွက် ကုန်ကျ ခဲ့သည့် ငွေကြေး များ ကို ဒေသခံ ရိုဟင်ဂျာများအား ညှဉ်းပန်းနှိပ်စက်ငွေ ညှစ် ၍ ပြန် လည် ရအောင် ပြုလုပ်မည်ဟု ယုံ ကြည် နေကြောင်း ပြော ပါသည်။


Comment ရေးရန်

Rohingya Exodus