နောက်ဆုံးသတင်း/ဆောင်းပါးများ

လူကုန်ကူးမှု တားဆီးရေး အဖွဲ့မှ ငွေညှစ် ညှဉ်းပန်း နှိပ်စက် လျက်ရှိ

ဦးဇေယျာအောင်
RB News
28.10.2013

ဘူးသီးတောင် ။ ။ ရခိုင် ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ လူကုန်ကူးမှု တားဆီး နှိမ်နှင်းရေး အဖွဲ့ မှ ဒေ သခံ ရိုဟင်ဂျာ များထံမှ ငွေညှစ် လျက်ရှိသည့် အပြင် လူမဆန်သည့် ညှဉ်းပန်း နှိပ်စက်ခြင်း များပြုလုပ် လျက်ရှိကြောင်း သတင်း ရရှိ ပါသည်။ 

ဘူးသီးတောင် မြို့နယ်ရှိ လူကုန်ကူးမှု တားဆီး နှိမ်နှင်းရေး အဖွဲ့ရုံးကို မြို့မ ဘောလုံးကွင်း အနီးတွင် ဖွင့် လှစ် ထားရှိပြီး၊ ဦးတင်ဦးကြိုင်၊ ဦးဇော်ဝင်းနှင့် ဦးဆရာချေ တို့သည် ဘူးသီးတောင် မြို့နယ်တွင် တာဝန် ထမ်းဆောင် နေသည်မှာ ၁၅ နှစ်ခန့် ရှိနေပြီ ဖြစ်သည်။ ၎င်းတို့သည် ဒေသ ဆိုင်ရာ အာဏာပိုင် များ၏ ညှဉ်းပန်း နှိပ်စက်မှု ဒဏ်များကို မခံနိုင်၍ တစ်ဖက် နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင် သွားသည့် သူများ၏ စာရင်း များကို ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူး များထံမှ တောင်းယူ၍ ကျန်ရှိ နေသည့် မိသားစု ၀င် များကို ရုံးသို့ ဆင့်ခေါ်၍ ငွေညှစ်လျက် ရှိကြောင်း သိရှိ ရပါသည်။ ရုံးသို့ မလာသူ များကို ဖမ်းဆီး ၍ ခြောက်ပေါက် ထည့်ပြီး ဆီးရည် တိုက်သည့် အထိ ညှဉ်းပန်း နှိပ်စက်ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

ဒေသခံ ရိုဟင်ဂျာ များက ၎င်းတို့၏ ငွေညှစ်မှု၊ ညှဉ်းပန်း နှိပ်စက်မှု များနှင့် ပတ်သက်၍ ပြည်ထဲရေး ၀န်ကြီး ဌာန၊ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်နှင့် ပြည်နယ် ၀န်ကြီးချုပ် တို့ထံ လိပ်မူ၍ ရေးသား တိုင်ကြား ခဲ့သော် လည်း ယခု အချိန်ထိ အရေးယူ ဆောင်ရွက် ပေးခြင်း မရှိကြောင်း သိရှိ ရသည်။ လူကုန်ကူး တားဆီးရေး အဖွဲ့ဝင် များဖြစ်သည့် ဦးတင်ဦးကြိုင်၊ ဦးဇော်ဝင်းနှင့် ဦးဆရာချေ တို့သည် တာဝန် စတင် ထမ်းဆောင် စဉ် က စားဝတ် နေရေးပင် ပြေလည် ခဲ့သူ များမဟုတ် သော်လည်း ယခု အခါ ဒေသခံ ရိုဟင်ဂျာ များကို ညှဉ်း ပန်း နှိပ်စက် ငွေညှစ်၍ သိန်းထောင် ပေါင်းများစွာ ချမ်း သာ နေ ပြီ ဖြစ်ကြောင်း ဒေသခံ များ က ပြော ပါသည်။ 

ယခု ရက်ပိုင်း အတွင်း ငွေညှစ် ခံရသူ များမှာ --

(၁) ဦးအီဒီရစ် - တောင်ဘဇာ (ပေးခဲ့ရသည့် ငွေကျပ် - ၈ သိန်း)
(၂) ဦးအီနုစ် (ဘ) ဦးအာယုပ် - ညောင်ချောင်း (ပေးခဲ့ရသည့် ငွေကျပ် - ၄ သိန်း ငါးသောင်း)
(၃) ဦးဟာရှိမ်း (ဘ) ဦးအာယုပ်ခန် - မောင်ကြီးထောင့် (ပေးခဲ့ရသည့် ငွေကျပ် - ၇ သောင်း)
(၄) ဦးဒိလ်မာမတ် (ဘ) ဦးယာကုပ် အလီ - မောင်ကြီးထောင့် (ပေးခဲ့ရသည့် ငွေကျပ် - ၂ သိန်း)
(၅) ဦးဟဆန်အဟမတ် - အမှတ် (၅) ရပ်ကွက် (ပေးခဲ့ရသည့် ငွေကျပ် - ၁ သိန်း)
(၆) ဦးအဘူတာရ် - သိမ်တောင် (ပေးခဲ့ရသည့် ငွေကျပ် - ၆ သိန်း) -- တို့ ဖြစ်ပါသည်။


Comment ရေးရန်

Rohingya Exodus