နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောမြို့မှ ပုဒ်မ ၁၄၄ သည် ရိုဟင်ဂျာ လူမျိုးများ အတွက်သာ ထုတ်ပြန် ထားခြင်းဖြစ်

RB News
28.10.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်တွင် ထုတ်ပြန် ထားသည့် ပုဒ်မ ၁၄၄ မှာ ဒေသခံ ရိုဟင်ဂျာ လူမျိုး အတွက်သာ ထုတ်ပြန် ထားခြင်း ဖြစ်ပြီး၊ ရခိုင် လူမျိုးများမှာ အချိန် အကန့် အသတ် မရှိ သွားလာ နိုင်ကြောင်း ဒေသခံ များက ပြောပါသည်။ 

မောင်တော မြို့နယ်တွင် ဒေသ လုံခြုံရေးကို အကြောင်း ပြုပြီး ၂၀၁၂ ခုနှစ် ဇွန်လ ၈ ရက်နေ့ မှစ၍ ပုဒ်မ ၁၄၄ ထုတ်ပြန် ခဲ့ရာ ယနေ့တိုင် ဖြစ်ပါသည်။ ဥပဒေ တွင် လူမျိုး၊ ဘာသာ ခွဲခြား ထားခြင်း မရှိသော် လည်း မောင်တော မြို့တွင် ထုတ်ပြန် ထားသည့် ပုဒ်မ ၁၄၄ မှာ ရိုဟင်ဂျာ လူမျိုး များအတွက်သာ သီး သန့် ဖြစ်နေကြောင်း ဒေသခံ များမှ RB News သို့ ပြောပါသည်။ မောင်တော မြို့တွင် ညမထွက်ရ အ ချိန် ဖြစ်သည့် ည ၁၀ နာရီမှ နံနက် ၄ နာရီ အချိန် အတွင်း ရခိုင် လူမျိုးများမှာ အတား အဆီး မရှိ သွား လာ နိုင်သော်လည်း ရိုဟင်ဂျာ လူမျိုး တစ်စုံ တစ်ဦးကို တွေ့လျှင် ဖမ်းဆီး၍ ထောင်ဒဏ် ချမှတ် ခြင်း၊ ငွေညှစ်ခြင်း များပြုလုပ် လျက်ရှိသည်။ 

အောက်တိုဘာလ (၂၁) ရက်နေ့ နံနက် ၁ နာရီတွင် လုံခြုံရေး များကင်းလှည့် နေစဉ် ရခိုင် လူငယ် ၂၀ ဦးသည် အမှတ် (၁) ရပ်ကွက်၊ လ၀က ရုံးအနီးရှိ တံတား ပေါ်တွင် သောက်စား မူးယစ် ပျော်ပါး လျက် ရှိသော်လည်း ၎င်း လူငယ် များထဲမှ တစ်ဦးကို ကားပေါ်သို့ တင်၍ ကျန်သည့် ၁၉ ဦးကို အိမ်ပြန် ခိုင်း ခဲ့ သည်။ ကားပေါ်တင် ခေါ်သွားသည့် တစ်ဦး ကိုလည်း လ၀က ရုံးအကျော်တွင် ကားပေါ်မှ ပြန်လည် ချခဲ့သည်။ ဥပဒေကို ချိုးဖောက် သူများ ဖြစ်သော်လည်း တရား ဥပဒေ အရ အရေးယူ ဆောင်ရွက်ခြင်း မရှိသည်ကို တွေ့ရှိ ရပါသည်။ 

မောင်တော မြို့ကမ်းနားရှိ စားသောက်ဆိုင်လည်း ညဥ့် သန်းခေါင်ယံ အချိန်ထိ ဖွင့်လှစ် ထားပြီး၊ ရခိုင် လူမျိုးများ ညစဉ် ညတိုင်း သောက်စား မူးယစ် ပျော်ပါး လျက်ရှိသော်လည်း ၎င်းတို့ အတွက် ပုဒ်မ ၁၄၄ မရှိဘဲ၊ အာဏာပိုင် များမှ မသိကျိုးကျွန် ပြုလျက် ရှိကြောင်း သိရှိ ရပါသည်။ 

အောက်တိုဘာလ (၂၂) ရက်နေ့တွင် မြို့မ ကညင်တန်း၊ ခရိုင် အုပ်ချုပ် ရေးမှူး ရုံးနောက် တွင် နေ ထိုင်သော ဦးလူရူစ် အဟမတ်ကို အထက်တန်း ကျောင်းရှေ့တွင် လုံခြုံရေး တာဝန် ယူထားသော စစ်သား များက လမ်းမပေါ်မှ ည ၈း၃၀ နာရီတွင် ဖမ်းဆီး၍ ည ၁၀ နာရီ ကျော်သည့် အထိ ထိန်းသိမ်း ထားခဲ့သည်။ ထို့နောက် ၎င်းအား ပုဒ်မ ၁၄၄ အား ချိုးဖောက်သည်ဟု စွပ်စွဲ၍ ငွေညှစ် ခဲ့သည်။ အပြစ်မဲ့ ဦးအဟမတ် မှ ငွေကျပ် ၁၂၀၀၀၀ (တစ်သိန်း နှစ်သောင်း) ပေးရန် သဘောတူ ခဲ့ရပြီး၊ ညဉ့်နက်ပိုင်းတွင် ပြန်လည် လွှတ်ပေး ခဲ့သည်။ နံနက်ပိုင်းတွင် အဆိုပါ စစ်သားများမှ ၎င်းထံမှ ငွေကျပ် တစ်သိန်း နှစ်သောင်း ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။


Comment ရေးရန်

Rohingya Exodus