နောက်ဆုံးသတင်း/ဆောင်းပါးများ

ဦးအထွန်းချေ၏ ညှဉ်းပန်းနှိပ်စက်၊ ငွေညှစ်မှု များကို အစိုးရမှ အရေးယူခြင်း မရှိ

RB News
7.10.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ ကွမ်းသီးပင် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးအ ထွန်းချေ သည် ဒေသခံ ရွာသား များကို နည်းမျိုးစုံဖြင့် ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်ခြင်း များကို နေ့ စဉ် ပြုလုပ်လျက်ရှိ သော်လည်း နိုင်ငံတော် အစိုးရမှ ယခုအချိန်ထိ အရေးယူခြင်း မရှိဘဲ၊ ဒေသခံ များမှာ အဆိုပါ အုပ်ချုပ်ရေးမှူး၏ လူမဆန်စွာ နှိပ်စက်မှု များကို နေ့စဉ် ခံစား နေရ ပါသည်။ 

အောက်တိုဘာလ (၂) ရက်နေ့ နံနက် ၇း၃၀ နာရီတွင် ကွမ်းသီးပင် ကျေးရွာ အုပ်စုမှ ဒေသခံ တစ်ဦး ဖြစ် သူ ဦးဟာ မိတ် ဟူစိန်း (ဘ) ဦးအဘူ ရှားမား (အသက် ၃၂ နှစ်) သည် ကွမ်းသီးပင် ကျေးရွာဈေးသို့ ဆန်ဝယ်ရန် သွားခဲ့ရာ အုပ်ချုပ်ရေးမှူး ဦးအထွန်းချေက မင်းအတွက် တိုင်ထားတာ ရှိတယ် - လိုက်ခဲ့ဟု ဆိုကာ အုပ်ချုပ်ရေးမှူး ရုံးသို့ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ အုပ်ချုပ်ရေးမှူး ရုံး၌ ဦးဟာမိတ်ဟူစိန်း ကို ခာက်ပေါက် ထိပ်တုံးတွင် ထိပ်တုံး ခတ်ထားပြီး လူမဆန်စွာ ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ် ခဲ့ကြောင်းဒေ သခံ တစ်ဦးက RB News သို့ပြောပါသည်။ထို့အပြင် ဦးအထွန်းချေ၏အလိုကျ အတိုင်း ၀န်ခံချက် များရေး၍ လက်မှတ်ရေးထိုး ခိုင်းခဲ့သည်။ ဦးအထွန်းချေ သည်အောက်တိုဘာလ(၃) ရက်နေ့ တွင် မောင်တော မြို့ နယ် အုပ်ချုပ်ရေးမှူး ရုံးသို့ အစည်းအဝေး သွားပြီး ယင်းနေ့တွင် ပြန်လည် ရောက်ရှိ ခဲ့သော်လည်း မ တရား သဖြင့် ဖမ်းဆီး ထားသူကို ပြန်လည် လွှတ်မပေး ခဲ့ဘဲ၊ အောက်တိုဘာလ (၅) ရက်နေ့ထိ ထိပ်တုံး ခတ်၍ ထားခဲ့ပြီးနောက် ညပိုင်းတွင် ငွေညှစ်၍ ပြန်လည် လွှတ်ပေး ခဲ့ကြောင်း သိရှိ ရသည်။ 

ဆန်သွားဝယ် နေသည့် ဦးဟာမိတ် ဟူစိန်း အဖမ်းခံရသည့် အတွက် ၎င်း၏ မိသားစု ၀င်များ ထမင်း ချက်ရန် ဆန်မရှိ ခဲ့သဖြင့် ထမင်းငတ် ခဲ့ကြောင်း အဆိုပါဒေသခံမှဆိုသည်။ ဦးအထွန်းချေက ယခင်က ၎င်းငွေညှစ် ခဲ့သည့် သူများကို ဥက္ကဌ ဟောင်းများ ဖြစ်သည့် ဦးဟူဆောင်နှင့် ဦးဆာဂျီ တို့အား အကူ အ ညီ တောင်း၍ ငွေမညှစ် ခဲ့ကြောင်း ခံဝန်ချက်များ လက်မှတ် ရေးထိုး ပေးရန် စည်းရုံးလျက် ရှိကြောင်း သိရှိ ရပါသည်။ 

ယခုအခါလက်ထပ်ခွင့်ကို ကျေးရွာ အုပ်ချုပ်ရေးမှူး များထံ အာဏာကုန် လွှဲအပ် ထားသည်ကို ဦးအ ထွန်းချေမှ လက်ထပ်ခွင့် ပိတ်ပင်၍ အာဏာကို အလွှဲသုံးစား ပြုလုပ်လျက် ရှိသည်။ ဦးအထွန်းချေ၏ စာရေး ဖြစ်သူ ဦးသူရိန် မိုးကျော် သည် လွန်ခဲ့သည် နှစ်လ ခန့်မှ စ၍ မြေခွန် ပြေစာ တစ်စောင်လျှင် ၅၀၀ ကျပ်မှ ၅၀၀၀ ကျပ်ထိ ကောက်ခံလျက်ရှိသည်။ ကွမ်းသီးပင်ကျေးရွာ အုပ်စုတွင် မြေခွန် ပြေစာ ထမ်းဆောင် ရသူ ၁၀၀၀ ကျော် ရှိသည်။ 

“ကျွန်တော်တို့ ရွာမှ မြေခွန် ပြေစာ ပေးရတဲ့သူ ၁၀၀၀ ကျော်ရှိတယ်။ တစ်စောင်ကို ၅၀၀ ကနေ ၅၀၀၀ ထိ ကောက်နေတယ်။ အဲဒီတော့ ၀င်ငွေ ဘယ်လောက် ရမယ် ဆိုတာ ခန့်မှန်းလို့ ရပါတယ်။ အဲဒါတွေ အပြင် ဒေသခံ ရိုဟင်ဂျာ တွေကို နေ့စဉ် နေ့တိုင်း ညှဉ်းပန်း နှိပ်စက်ပြီး ငွေညှစ် နေတာ ကနေလည်း လစဉ် သိန်း ရာဂဏန်းနဲ့ ရနေတယ်။ အခု ဆိုရင် လက်ထပ် ထိမ်းမြားခွင့် လည်း ပိတ်ထားတယ်။ ကျွန်တော် တို့တွေ အထက် အာဏာပိုင် တွေကို တိုင်တာလည်း အရေး မယူဘူး။ မီဒီယာ ကနေ တ ဆင့် ပြောတော့ လည်း အရေး မယူဘူး။ သန့်ရှင်းတဲ့ အစိုးရ၊ ဒီမိုကရေစီ အစိုးရလို့ နိုင်ငံတော် သမ္မတက အမြဲပြော နေ တယ်။ နိုင်ငံတော် သမ္မတရဲ့ အပြောနဲ့ အလုပ်နဲ့ ညီအောင် အမြန်ဆုံး အရေးယူ ဆောင်ရွက် ပေးစေ ချင် တယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။


Comment ရေးရန်

Rohingya Exodus