မြန်မာမွတ်ဆလင် အစု
ဌေးလွင်ဦး
RB News
14.10.2013
ယခုပြောသည့် မြန်မာ မွတ်ဆလင် အစုဆိုသည်မှာ ဦးရာဇတ်ခေတ်မှ ဗိုလ် ချုပ် အောင်ဆန်းနှင့် သဘောတူ သတ်မှတ် ခဲ့သည့် ဗမာ မွတ်ဆလင် ဆို သည့် ဝေါဟာရကို ကိုယ်စား မပြုပါ။ ဆရာကြီး ဦးရာဇတ်နှင့် ဗိုလ်ချုပ်၏ ကက် ဘိနက်တို့ သဘောတူ သတ်မှတ် ခဲ့သည့် ဗမာ မွတ်ဆလင် ဆိုသည်မှာ အဓိက ရှေးဗမာမင်း များလက် ကပင် ရှိနေခဲ့သည့် ပသီ၊ မြေတူးနှင့် ဇေဘာ ဒီ ခေါ် သွေးနှော အုပ်စု များကိုသာ သတ်မှတ် ခဲ့ခြင်း ဖြစ်ပြီး၊ ရိုဟင်ဂျာ၊ ကမန်၊ ရခိုင် မွတ်ဆလင်၊ ပသျှူး၊ ပန်းသေး နှင့် အခြား အိန္ဒိယ အနွယ် လူမျိုး အုပ်စု များ မပါဝင် ခဲ့ပါ။ သို့ မဟုတ် ထိုအုပ်စု များက မိမိတို့ ကိုယ် မိမိတို့ ဗမာ မွတ် ဆလင်ဟု မခံယူ ခဲ့ပါ။
ယခု ကျွန်ုပ် ပြောလိုသော မြန်မာ မွတ်ဆလင် အစု ဆိုသည်မှာ မြန်မာ နိုင်ငံ ဧရိယာ နယ်နိမိတ် အတွင်း တွင် ဘိုးစဉ် ဘောင်ဆက် နေထိုင်ပြီး ဖြစ်သော၊ မြန်မာ့ရေ၊ မြန်မာ့ မြေကို အခြား အရာ အားလုံးထက် သံယောဇဉ် ကြီးသော၊ မိမိကိုယ် မိမိ မြန်မာ နိုင်ငံသားဟု အသွေး အသား ထဲမှပင် ခံယူ ထားသော၊ မိ မိ ရေမြေ အတွက် အသက် ပေးရပ် တည်မည်ဟု စိတ်နှလုံး ပိုက်ထားသော မြန်မာ နိုင်ငံဘွား မျိုးနွယ် အစ္စ လာမ် သာသနာဝင် တို့၏ ဘုံခေါင်းစီး တစ် ရပ်ကို ဆိုလို ပါသည်။ ထိုခေါင်းစီးသည် လူမျိုး တစ်မျိုး အနေ ဖြင့် ကိုယ်စား ပြုခြင်း မဟုတ်ဘဲ-၊ ဘုံတူညီချက် ခေါင်းစီး တစ်ရပ် အနေ ဖြင့်သာ သတ်မှတ် ရ မည် ဖြစ် သည်။ တစ်နည်း အားဖြင့် မြန်မာ မွတ်ဆလင် အစု ဟုသတ် မှတ်လျှင် ပိုမို သင့်လျှော် မည်ဟု ဆင်ခြင် ပါ သည်။
မြန်မာ နိုင်ငံတွင် သတ်မှတ် ထားသော လူမျိုးနွယ် အစု (ဥပမာ ကချင် အစု၊ ကရင် အစု၊ ဗမာ အစု) ကဲ့သို့ သတ် မှတ်လေလျှင်- မြန်မာ မွတ်ဆလင် အစုတွင်လည်း သီးသန့် လူမျိုး အစုများ တည်ရှိ လာမည် ဖြစ် သည်။ ထိုအထဲ တွင် ရှေးမြန်မာ မင်းများ လက်ထက် ကပင် အသိ အမှတ် ပြုပြီး အစုများနှင့် အင်္ဂလိပ် လက်အောက်ခံ ဖြစ်ပြီး ဖြစ်တည် လာသော အစုများ ပါဝင် နိုင်သည်။
၎င်းတို့ အနက် မြန်မာ့ သမိုင်း ပြန်တမ်းဝင် အစု များမှာ- ပသီ၊ ပန်းသေး၊ မြေတူး၊ သုံးထောင့် ခုနစ်ရာ၊ ရိုဟင်ဂျာ၊ ကမန်၊ ရခိုင် မွတ်ဆလင်၊ ဗမာ မွတ်ဆလင် (ဇေရ်ဘာဒီ) နှင့် ပသျှူး တို့ ဖြစ်ပြီး- စူရ်တီ၊ မေမန်၊ ကျူလီယာ၊ ဘင်္ဂလီ၊ နဆာ ပူရီ၊ ကာကာ စသည် တို့မှာ ပြန်တမ်းဝင် အုပ်စုများ မဟုတ်ခဲ့ပါ။
ပသီ နှင့် ပန်းသေး လူမျိုးစု တို့အား မြန်မာ နိုင်ငံ ထူထောင်စ ပုဂံခေတ်ဦး ကပင် မှတ်တမ်း တင်ပြီး ရှိနေ ခဲ့သည်။ ပသီ ဟူသည် - ဖာရ်စီ ဘာသာ စာပေဖြင့် ရေးသား မှတ်တမ်း ပြုသော ဘုရားစာ များကို ကိုး ကွယ် ယုံကြည်သူများဟု အစွဲပြု ခေါ်ဆိုရာမှ ဖာရ်စီ- ဖာသီ-ပသီဟုခေါ်ပုံ ပြောင်းလဲ ခဲ့ခြင်း ဖြစ်သည်။ ရှးဦး မှတ်တမ်း များအရ သထုံ ပြည်မှ ရောက်လာသော သူရဲကောင်း ဗျတ္တ နှင့် သားတော် များ ရွှေဖျင်း ကြီး၊ ရွှေဖျင်းလေး တို့ကို အကြောင်းပြု မှတ်တမ်း တင်မှုတွင် တွေ့ရသည်။ ဗျတ္တသည် လည်းကောင်း ရွှေ ဖျင်းညီနောင် သည်လည်းကောင်း သာမန် လူသားများ မဟုတ်ဘဲ- သူတို့အား လက်ခံ ယုံကြည် သည့် နောက် လိုက်များ ရှိနေခြင်းကြောင့် ထိုစဉ် အခါ ကပင် ပသီ လူမျိုးစုမှာ ပုဂံပြည်တွင် အင်အားစု တစ် ရပ်နှင့် ရှိနေခဲ့ မည်မှာ သေချာသည်။ ထို့ပြင် ဗျတ္တအား ခေါ် ဆောင်ခဲ့ရာ အရပ် ဒေသမှာ အရှေ့ အလယ် ပိုင်း အာရဗ်ပြည်မှ မဟုတ်ဘဲ သထုံပြည်မှ ဖြစ်သည် ဟူသည့် သမိုင်း အလျှောက် ထိုခေတ် ထို အခါ က ပင် အောက်မြန်မာ ပြည်တွင် ပသီ သို့မဟုတ် အခြားသော အမည် နာမဖြင့် အစ္စလာမ် သာသ နာ ၀င် များရှိနေပြီဟု သက်သေဖြစ်နေသည်။ မြန်မာပြည် တောင်ပိုင်း ဖြစ်သော ဘိတ်၊ ထား ၀ယ်၊ ကော့သောင်းမြို့ တို့ သည်လည်း မွတ်ဆလင် ကုန်သည်များ ထူထောင် ခဲ့ရာ မြို့များ ဖြစ်ကြောင်း သမိုင်း အခိုင် အမာရှိပြီး ထိုဒေသတွင် အေဒီ ၁၁ ရာစု မတိုင်မှီ ကတည်းက အစ္စလာမ့် ယုံကြည်ချက် ဖြစ်သည့် ကလေမာဟ် (လာအိလာဟ အိလောလ္လာဟ်) စာတန်းထိုး ဒင်္ဂါးကို သုံးခဲ့ကြောင်း သမိုင်း အခိုင်အမာ ရှိနေခဲ့သည်။ သို့ဖြစ်၍ ပသီ လူမျိုးစုသည် မြန်မာ နိုင်ငံဟု ထူထည်စဉ် ကတည်းက သို့မဟုတ် ထိုထက် စောသော ကာလကပင် ရှိနေခဲ့ သော ပြန်တမ်းဝင် လူမျိုးစု ဖြစ်သည်။
ပန်းသေး- ဤလူမျိုးစု၏ ဇစ်မြစ်မှာ တရုတ်ပြည် ယူနန် ဒေသမှ ဖြစ်၍ မြန်မာပြည် ထဲသို့ ပုဂံခေတ် သို့မ ဟုတ် ထို မတိုင်မှီ ကတည်းက စတင် အခြေချ ခဲ့သော လူမျိုးစု ဖြစ်သည်။ အစော ဦးဆုံး မှတ် တမ်းများ အဖြစ် ပုဂံခေတ် ကျန်စစ်သား ဆေးရေး ဂူနံရံ ပန်းချီကား များတွင် ပုံဖေါ် တွေ့ ရပြီး ပု ဂံခေတ် ကျောက်စာ များတွင်လည်း မှတ်တမ်း များ ခိုင်ခိုင် မာမာ ရှိခဲ့သည်။
မြေတူး- လူမျိုးစုသည် ပသီ၊ ပန်းသေး လူမျိုးစုထက် နောက်ကျ၍ အေဒီ ၅၁၃ ခုတွင် သံလျှင် နေပြည်တော် တစ် ၀ှမ်း အခြေချ နေထိုင်သည့် စစ်မှုထမ်း၊ ကုန်သည် လူအစု အဝေး ဖြစ်ခဲ့သည်။ နတ်သျှင်နောင် အ သတ်ခံ ရပြီး နောက် ထိုလူမျိုးစုအား မြန်မာပြည် အလယ်ပိုင်း ကျောက်ဆည် ခရိုင် အတွင်း ရွာပေါင်း ၃၈ ရွာ နေရာချထား ပေးခဲ့သည်။ ဤလူမျိုးစု တွင်လည်း သမိုင်းကို ပြန်လှန်လျှင် ငဇင်ကာ အား တိုက်ထုတ်ရန် ရခိုင် စစ်တပ် မွတ် ဆလင် စစ်သည် အများအပြား ပါဝင် ခဲ့သည်။ ထို့ကြောင့် ထို မြေတူး လူမျိုးစုတွင် ရခိုင် ဒေသခံ မွတ်ဆလင် စစ် သည်များ များစွာ ပါဝင်ခဲ့ပြီး အခြားသော အိန္ဒိယ တိုက်နယ်မှ မွတ်ဆ လင် များ ပါဝင် နိုင်သည်။
သုံးထောင့် ခုနစ်ရာ အေဒီ ၁၆၉၈- ၁၇၂၄ စနေမင်း လက်ထက် ရခိုင်နယ်မှ ဖမ်းဆီး ခေါ်ဆောင် လာ ခဲ့သော စစ်သုံ့ပန်းနှင့် အချွေ အရံများ ဖြစ်သည်။ ထိုလူမျိုးစုအား တောင်ငူ၊ ရမည်းသင်း၊ မိတ္ထိလာ နှင့် ယခင်မြေတူး လူမျိုးစု တို့အား နေရာချ ပေးခဲ့သည့် ဒေသ များတွင် နေထိုင် စေခဲ့သည်။ ထိုလူမျိုးစု သည် မြန်မာပြည်မ ထဲသို့ မြေတူး လူမျိုးစု၏ နောက်တွင် ရောက်ရှိ ခဲ့သော်လည်း မူလ ဇာတိ အားဖြင့် ရခိုင် ဒေသမှ ကမန် လူမျိုးစုနှင့် ရခိုင် မွတ်ဆလင် များသာ ဖြစ်ခဲ့သည်။
ရိုဟင်ဂျာ ဤလူမျိုးစုသည် ရခိုင်ဟု ခေါ်ဆိုသည့် မဟာဝိဟိက (မဟာဝိုဟင်က) တိုင်း၏ မူလ ဘူတ လူမျိုးစု ဖြစ် ပြီး- လွန်ခဲ့သော နှစ်ပေါင်း ၄၀၀၀ ကျော် သို့မဟုတ် ထို့ထက် နှစ်ပေါင်း များစွာ ရှေးကျ၍- နီပေါလ် အာသံ မဏိပူရ ကုန်းမြင့်ဘက်မှ ဆင်းသက် လာသော လူမျိုးစု ဖြစ်သည်။ (ဘင်္ဂလား အနွယ် မဟုတ်ပေ၊)။ ရိုးရာ လယ် ယာ ချောင်းမြောင်း လုပ်ကိုင် စားသောက်သော လူမျိုးစု ဖြစ်၍ မင်းမှုထမ်းခြင်း၊ စစ်မှုထမ်း ခြင်းများတွင် ၀ါသနာ မရှိခဲ့သည့် အလျှောက် သမိုင်း စဉ်ဆက် ဖိနှိပ် ချုပ်ချယ်ခံ ခဲ့ရသော လူမျိုး စု ဖြစ်ခဲ့သည်။ ရခိုင် ဒေသသည် မြန်မာ ပြည်မမှ သီးခြား အုပ်ချုပ်မှု သမိုင်းဖြင့် ရပ်တည် ခဲ့သဖြင့် ရိုဟင် ဂျာ၊ ကမန်နှင့် ရခိုင် မွတ်ဆလင် တို့၏ သမိုင်းမှာ ရခိုင်း သမိုင်း ဖြင့်သာ ဆက်စပ်လျှက် ရှိခဲ့သည်။
ကမန် ဤလူမျိုးစုအား လွတ်လပ်ရေး ရပြီး မြန်မာ အစိုးရ အဆက်ဆက် တိုင်းရင်းသား စာရင်းတွင် ဖေါ်ပြခဲ့ သည်။ အေဒီ ၁၆၆၀ ၀န်းကျင် ရှားရှူဂျာ မင်းသားနှင့် အချွေ အရံများ ခိုလှုံ လာပြီးနောက်မှ ကမန် ဟူသော အမည် နာမ ပေါ်ပေါက် လာခြင်း မဟုတ်ဘဲ အေဒီ ၁၂၃၄ ငနှလုံးမင်း လက်ထက်ပင် ထိုကမန် ဆိုသည့် အ မည် နာမအား ရခိုင် သမိုင်း များတွင် ဖေါ်ပြပြီး ဖြစ်သည်။ ကမန် တို့သည် ရခိုင် ဘုရင့် နိုင် ငံတော် ၏ လေးတပ် စစ်သည် တော်များ ဖြစ်ခဲ့သည်။ မဂို အင်ပါယာမှ စစ်ကူများ၊ နည်းပြ များနှင့် ရ ခိုင်လေး တပ်မတော် အတွင်း ထမ်းဆောင်ခဲ့ သော ရခိုင်နယ်မှ လူအမျိုးမျိုး ပါဝင်သည့် စစ်သား များမှ အစ္စလာမ် သာသနာသို့ ကူးပြောင်း ခဲ့သည့် လူမျိုးစု ဖြစ်သည်။
ရခိုင် မွတ်ဆလင်- ဤလူမျိုးစုအား ယခု နောက်ပိုင်းတွင် ကမန် လူမျိုးစုနှင့် ရောပြွန်း နားလည် လာကြ သည်။ အမှန် မှာ ရခိုင် လူမျိုးဟု ခေါ်သည့် ရှေးဦး ဗမာ လူမျိုးနွယ် အစုမှ အစ္စလာမ် သာသနာသို့ ကူးပြောင်း သက်ဝင် လာသော လူမျိုးစု ဖြစ်သည်။ ရခိုင် ဘုရင်များ လက်ထက်က ရခိုင် ဗုဒ္ဓ၀င် များမှ အစ္စ လာမ် သာသနာသို့ ကူးပြောင်း သက်ဝင် ခဲ့သူများ ရှိကြောင်း ယခင် နိုင်ငံတော် ကောင်စီ ၀င်ဟောင်း သတင်းစာ ဆရာကြီး ဦးလှထွန်းဖြူ ပြုစုသော ရခိုင် ပြည်နယ် တိုင်းရင်းသား လူမျိုးများ အကြောင်းတွင် အတည်ပြု ဖေါ်ပြ ထားသည် များကို တွေ့ရသည်။ (ရခိုင် မွတ် ဆလင်နှင့် ကမန် တို့မှာ ဘာသာ စကား၊ ဓလေ့၊ ထုံးထမ်း တူညီ သူများ ဖြစ်သည်။)
ဗမာ မွတ်ဆလင်- ဤလူမျိုးစုသည် များသော အားဖြင့် ကိုလိုနီ ခေတ်တွင် ၀င်ရောက် လာသော အိန္ဒိယ မျိုးနွယ် တစ်ခုခုနှင့် မြန်မာ နိုင်ငံမှ တိုင်းရင်းသားဝင် တစ်ခုခုတို့ သွေးနှောသော ကပြား လူမျိုးစုမှ အစ္စလာမ် သာသနာအား ကိုးကွယ်သူများ ဖြစ်သည်။ သွေးမနှောသည့် အိန္ဒိယ မျိုးနွယ် အစစ် ရပ်တည် သူများက ၎င်းတို့ကို ဇေရ်ဘာဒီ (ကပြား) များဟု ခေါ်၍ နောင်သော် ဇေရ်ဘာဒီ လူမျိုးဟု ဖြစ်လာ ခဲ့သည်။ အိန္ဒိယ မျိုးနွယ် မျိုးရိုး မပျက် နေထိုင်ခဲ့ သော စူရ်တီ၊ ဟန်ဒူစတန်နီ၊ မေမန်၊ ကျူလီယာ၊ ဘင်္ဂလီ၊ နဆာ ပူရီ စသည် တို့က မြန်မာ နိုင်ငံ အတွင်း ယခင်ရှိ ပြီး ဖြစ်သော ပသီ၊ မြေဒူး၊ သုံးထောင့်ခုနစ်ရာ တို့ကိုလည်း ကပြား များ ဟု သတ်မှတ်ကာ ဇေရ်ဘာဒီ များဟု ခေါ်ဝေါ်ခဲ့ရာမှ ဇေရ်ဘာဒီ ဟူသည့် ခေါင်းစဉ် အောက်တွင် ပန်းသေးနှင့် ပသျှူးမှ လွဲ၍ရှေး မြန်မာပြည်ဘွား အစ္စလာမ် သာသနာဝင်အား လုံးဇေရ်ဘာဒီ ဟူသောခေါင်း စဉ် က ကို လိုနီခေတ် ကပြား များနှင့် ရှေးဟောင်း မြန်မာပြည် ဘွား မွတ်ဆလင် အားလုံး ကို မြို့ လိုက် တော့ သည်။ အခြား တစ်ဘက်တွင် ရှေးမြန်မာ ရာဇ၀င် မှတ်တမ်း များက လည်း မြန် မာ ပြည် ဘွား အစ္စလာမ် သာသနာ ၀င်မှန်လျှင် လူမျိုးနွယ် မခွဲတော့ဘဲ ပသီ များဟု မှတ်တမ်း တင်ခဲ့ သည်များ ရှိနေ၍ ပသီတို့ အနေဖြင့် ဇေရ်ဘာဒီ ခေါင်းစဉ် အောက်တွင် သွပ်သွင်း ခံရရန် လွယ်ကူမှု တစ်ခု ဖြစ် ခဲ့သည်။
မြန်မာနိုင်ငံ လွတ်လပ်ရေး ရယူစဉ် ဆရာကြီး ဦးရာဇတ်နှင့် ဗိုလ်ချုပ် အောင်ဆန်း တို့၏ သဘော တူညီမှု အရ ထို ဇေရ်ဘာဒီ အုပ်စုဝင်အား ဗမာ မွတ်ဆလင် ဟူသည့် ခေါင်းစဉ်ဖြင့် တရားဝင် တိုင်းရင်းသား သတ် မှတ် ပေးခဲ့ သည်။ (သို့သော် ထိုခေတ် ထိုအခါက ဇေရ်ဘာဒီ ဟု ဗမာ မွတ်ဆလင်ဟု ခံယူသော သူ များ မှာဗမာ ပြည်မတွင်း မှ ကပြား များသာ ဖြစ်၍- ရှမ်း၊ ကရင်၊ ကချင်၊ ရခိုင် စသည့် တိုင်းရင်း သား ဒေသ မှ ကပြား များမှာ ဗမာ မွတ်ဆလင် ဟု မခံယူ ခဲ့ပေ၊)
ပသျှူး- ပသျှူး လူမျိုး တို့သည် မာလာယု (မလေး) မျိုးနွယ်များ ဖြစ်သည်။ ၎င်းတို့သည်မြန်မာ နိုင် ငံ တောင်ပိုင်း ဒေသ အထူး သဖြင့် ဘုတ်ပြင်း မြို့နယ် များတွင် အနေများ ခဲ့သည်။ ၎င်း တို့သည် မလေး ရှားဘက်မှ ကျူးကျော် ၀င်ရောက်လာ သူများမဟုတ်ဘဲ -မလေးမျိုးနွ ယ်များ၏ မူလ ဘူတ ဖြစ်သော မြန် မာနိုင်ငံ တောင်ပိုင်း ဖျားအား မြန်မာ ဘုရင် များက သိမ်းပိုက် ဧရိယာ ချဲ့ထွင် လိုက် ခြင်း သာ ဖြစ်သည်။
အထက် ဖေါ်ပြပါ လူမျိုးစု များမှာ မြန်မာ နိုင်ငံ အတွင်း တရားဝင် ပြန်တမ်းဝင် သမိုင်း မှတ်တမ်းဖြင့် တည် ရှိ ခဲ့သော အစ္စလာမ် သာသနာကို ကိုးကွယ်သည့် လူမျိုးစုများ ဖြစ်ခဲ့၍-၊ ယခုအခါ သမိုင်း ဖျောက် ခြင်းကို ခံနေ ရသူများ ဖြစ်သည်။
အခြား အခြားသော ရှမ်းပြည်ရှိ မွတ်ဆလင်များ သို့မဟုတ် ရှမ်းနှင့် ကပြား မွတ်ဆလင်များ၊ ကရင်၊ ကချင်၊ ချင်း၊ မွန် စသော တိုင်းရင်းသား ဒေသ များမှ မွတ်ဆလင်များ သို့မဟုတ် ကပြားများ အနေ ဖြင့်လည်း မိမိ တို့ အား သန် သည့် အလျှောက် မိမိ လူမျိုးကို ခံယူ သတ်မှတ် နိုင်ခွင့် ရှိပေသည်။ သို့မဟုတ် မြန်မာ နိုင်ငံ ဧရိယာ တွင်းတွင် နေ ထိုင်ကြီးပြင်း သောကြောင့် ၎င်းတို့ အနေဖြင့် မြန်မာ မွတ်ဆလင် အစုတွင် သဘော ဆန္ဒ အလျှောက် ပါဝင်ခွင့် ရှိ ပေသည်။
အိန္ဒိယ မျိုးနွယ် မျိုးရိုး မပျက် နေထိုင်ခဲ့ သော စူရ်တီ၊ ဟန်ဒူစတန်နီ၊ မေမန်၊ ကျူလီယာ၊ ဘင်္ဂလီ၊ နဆာပူရီ၊ မဂို စသည် တို့မှာ ကိုလိုနီခေတ်တွင် မြန်မာ နိုင်ငံသို့ အကြောင်း အမျိုးမျိုးဖြင့် ၀င်ရောက် လာသူ များ ဖြစ် သည်။ (ရှေး ယခင် မြန်မာမင်းများ လက်ထက် တွင်လည်း အကြောင်း အမျိုးမျိုးဖြင့် ၀င်ရောက် ကူးသန်း အခြေချ နေသူများ ရှိခဲ့ နိုင်သည်၊ သို့သော် လူဦးရေ ပြောပ လောက်မည် မဟုတ်ဘဲ ပသီ အစု ထဲတွင် ပါဝင် သွားနိုင်ခဲ့သည်။) သူတို့သည်သူတို့ ကိုယ်သူတို့ ဗမာမွတ်ဆလင်ဟု လည်းကောင်း၊ ပသီဟု လည်းကောင်း ဘယ်စဉ် အခါ ကမျှ မခံယူ ခဲ့ဘဲ သီးသန့် ရပ်တည်သူများ ဖြစ်သည်။ ယခုခေတ် တွင်လည်း သီးသန့် ရပ်တည် နေဆဲပင် ဖြစ်သည်။ သက်ဆိုင်ရာ လူမျိုး စု အသီးသီးတွင် ကိုယ်ပိုင် စကား၊ ကိုယ်ပိုင် ဓလေ့၊ ကိုယ်ပိုင် စာပေ၊ ကိုယ်ပိုင် လူ့အဖွဲ့ အစည်းများ ရှိနေသည်။
ကျွန်ုပ်တို့ ပြန်တမ်းဝင် မြန်မာ မွတ်ဆလင် အစု အနေဖြင့် ၎င်းတို့အား မြန်မာ မွတ်ဆလင် အစုတွင် ထည့် သွင်း ရေတွက် လိုလျှင် ၎င်းတို့ထံမှ သဘော တူညီမှုကို အရင် အဦး ရယူရမည် ဖြစ်သည်။ ကျွန်ုပ်တို့ သဘောဖြင့် ကိုယ်ပိုင် ဆုံးဖြတ်၍ ကျွန်ုပ်တို့ မြန်မာ မွတ်ဆလင် အစု လူဦးရေ များပြားစေဟု ထည့်သွင်းရန် မဖြစ်နိုင်ပေ။ ဤသည် နိုင်ငံရေးနှင့် လူမျိုးရေး အရ အုပ်စုခွဲ သတ်မှတ်ခြင်း ဖြစ်၍ ဘာသာ ရေးရာ ကိစ္စများနှင့် မပတ်သက်ချေ။
အဆိုပါ အိန္ဒိယ မျိုးနွယ် အစု များသည် မြန်မာ နိုင်ငံ အတွင်းသို့ ကိုလိုနီ ခေတ်တွင်မှ ၀င်ရောက် လာသော အခြားသော လူမျိုးအစု ဥပမာ နောက်ပိုင်း ၀င်ရောက် ခဲ့သော တရုတ် လူမျိုး အစုများ၊ အိန္ဒိယ အနွယ် ဗုဒ္ဓဘာသာ ၀င်၊ ခရစ်ယာန် ဘာသာဝင်၊ ဟိန္ဒူ ဘာသာဝင်နှင့် အခြား အခြားသော အုပ်စုဝင် များကဲ့ သို့ ဖြစ်သည်။ ခေတ်စနစ် နှင့် ခေတ်ကာလ အလျှောက် ထိုအစု များကိုလည်း ကမ္ဘာ့ စံချိန်နှင့် အညီ ဥပဒေ ပြဌာန်းလျှက် နိုင်ငံသား ပြုပိုင်ခွင့် များ နိုင်ငံသား ဖြစ်ခွင့်များ ပေးရမည်သာ ဖြစ်သည်။
(မှတ်ချက်- အကယ်၍ မြန်မာ တစ်နိုင်ငံ လုံးရှိ အစ္စလာမ် သာသနာဝင်တို့ အနေဖြင့် ညီညွတ်သော အုပ်စု တစ်စု ဖြစ်တည် လာစေရန် အသင်း အဖွဲ့ ဖွဲ့စည်းမည် ဆိုပါက- မြန်မာ မွတ်ဆလင် အစုတွင် ပါဝင်သည့် လူမျိုးစု တစ်စု ချင်းစီသည် အရင် အဦး မိမိတို့၏ လူမျိုးစု အလျှောက် အသင်း အဖွဲ့များ ဖွဲ့စည်း ရမည် ဖြစ်ပြီး ထိုလူမျိုးစုမှ သက်ဆိုင်ရာ လူမျိုးစု လူထု ကိုယ်စားလှယ်များ ရွေးကောက် ရမည် ဖြစ်သည်။ သို့ပြီးမှ ထိုလူမျိုးစု ကိုယ်စားလှယ် များ သို့မဟုတ် သက်ဆိုင်ရာ လူမျိုးစု ခေါင်းဆောင်များ စုစည်းလျှက် United Myanmar Muslims သို့မဟုတ် အခြား သင့်လျှော်သည့် အမည် နာမ တစ်ခုကို ဘုံသဘော တူ ရွေးချယ်လျှက် ဖွဲ့စည်း သင့်သည်။ အဆိုပါ ဖြစ်တည် လာမည့် အဖွဲ့အစည်း တွင်လည်း လူနည်းသည် များသည်ကို မသတ်မှတ်ဘဲ လူမျိုးစု တစ်စုလျှင် ကိုယ်စားလှယ် ၂ ဦး သို့မဟုတ် ၃ ဦး သတ်မှတ်ပြီး- အလှည့်ကျ ဥက္ကဌ တာဝန် သို့မဟုတ် အခြား သင့်လျှော်သည့် အသုံး အနှုန်း ဖြင့် - ဖွဲ့စည်းပုံ စနစ်တ ကျ ပြုစုလျှက် ဖွဲ့စည်း ထူထောင် ရသင့် ပေသည်။)
ဌေးလွင်ဦး
ဦးဆောင် လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement