နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာ တစ်ဦးကို ရခိုင် လူမျိုး (၂၀) ဦးမှ ၀ိုင်းရိုက်၊ ဆေးရုံတွင် သူနာပြုများ ဖိနပ်ဖြင့်ရိုက်

RB News
19.11.2013

ဘူးသီးတောင် ။ ။ ရခိုင် ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ မြောက်ပိုင်း သိမ်တောင်ပြင် ကျေးရွာ အုပ်စု မှ ဒေသခံ ရိုဟင်ဂျာ တစ်ဦးကို ရခိုင် လူမျိုး ၂၀ ဦးက ၀ိုင်းရိုက်သည့် အတွက် ပြင်းထန်စွာ ဒဏ်ရာ ရရှိ ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

နိုဝင်ဘာလ (၁၇) ရက်နေ့တွင် ဘူးသီးတောင် မြို့နယ်၊ မြောက်ပိုင်း သိမ်တောင်ပြင် ကျေးရွာ အုပ်စုမှ ဦးဇာ ဖရ် ဟူစိန်း (ဘ) ဦးနူရ်ဟူစိန်းသည် ဖရုံချောင်း ကျေးရွာသို့ လူမှုရေး ကိစ္စ တစ်ခုဖြင့် လာရောက်ပြီး ညနေ ၆း၃၀ နာရီတွင် မိမိ ရွာသို့ အပြန်တွင် ဖရုံချောင်း ကျေးရွာမှ ရခိုင် လူမျိုး ဦးမောင်လှမြ၊ ဦးမောင်ဖြူ တို့ အပါ အ၀င် ရခိုင် လူမျိုး (၂၀) ဦးတို့က တုတ်၊ ဓါး၊ များဖြင့် ၀ိုင်းဝန်း သေလုမျောပါး ရိုက်၍ ရွာနောက်ဖက် တွင် ပစ်ထား ခဲ့သည်။ 

ရွာသား အချို့က ထိုကဲ့သို့ ထိုးကြိတ် နေသည်ကို အသံကြား၍ ဘူးသီးတောင် ရဲစခန်းသို့ အကြောင်းကြား ပြီး ရိုက်နှက်ခြင်း ခံရသူ ဦးဇာဖရ်ဟူစိန်းကို ဘူးသီးတောင် ရဲစခန်းသို့ ပို့ပေးခဲ့သည်။ ရဲစခန်းမှ ရဲများ က ပြည်သူ့ ဆေးရုံသို့ ပို့ပေးခဲ့ပြီး အတွင်း လူနာအဖြစ်ဆေးကု သနေစဉ် သူနာပြု ဆရာမ များက ဖိနပ် များဖြင့် ရိုက်ပြီး မင်းတို့ အဖေ OIC ဆီမှာ ဆေးကုဟု ပြောဆိုပြီး ဆေးရုံမှ နှင်ထုတ် ခဲ့ကြောင်း ဒေသခံ တစ်ဦး က RB News သို့ ပြောပါသည်။ 

အဆိုပါ ဖြစ်စဉ် များနှင့် ပတ်သက်၍ မြို့နယ် အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့မှူးနှင့် ဒေသ ဆိုင်ရာ အာဏာပိုင် များကို တိုင်တန်း ခဲ့သော်လည်း အရေးယူ ဆောင်ရွက် ပေးခြင်း မရှိဟု သိရှိ ရပါသည်။ ၀ိုင်းဝန်း ရိုက်နှက် ခဲ့သော ရခိုင် လူမျိုး များကို ဖမ်းဆီး အရေးယူခြင်း မရှိဟု ဆိုသည်။ 

ယခင်ကလည်းရိုဟင်ဂျာကျောင်းသားတစ်ဦးဖြစ်သည့်မောင်သန်းနိုင်ကို လ၀က ၀န်ထမ်း များနှင့် သစ်တော ၀န်ထမ်းများက သတ်ဖြတ် ခဲ့သော်လည်း ယခု အချိန်ထိ တရားခံ များကို ဖမ်းဆီးထောင်ချခြင်း မပြု လုပ် သေးကြောင်း ဒေသခံ များမှ ပြောပါသည်။


Comment ရေးရန်

Rohingya Exodus