နိုင်ငံသား၊ နိုင်ငံမဲ့ နှင့် ရိုဟင်ဂျာ (အပိုင်း- ၄)
ဦးဦးမှော်ဆရာ
20.11.2013
အပိုင်း(၃) မှာတော့ နိုင်ငံမဲ့ဖြစ်စေသော အကြောင်းရင်း တချို့ကိုဖေါ်ပြခဲ့ပြီး ရိုဟင်ဂျာများ ဘယ်အ ချက်ကြောင့် နိုင်ငံ မဲ့ ဖြစ်သွားတာလဲ ဆိုတာ လေ့လာ ခဲ့ပါတယ်။ ခုဆက်လက်ပြီး အပိုင်း (၆) ဖြစ် တဲ့ နိုင် ငံသား အဖြစ်မှ ရုတ်သိမ်းခြင်း (သို့)အဆင်အခြင်ကင်းမဲ့စွာနိုင်ငံသားအဖြစ် မပေးဘဲထားခြင်း နှင့် ၍ လေ့ လာ ကြည့်ပါစို့။
အင်ဒို အာရိ ယန်အနွယ်ဝင် ရိုဟင်ဂျာ လူမျိုးစု သည် ယနေ့ မြန်မာ နိုင်ငံ၊ ရခိုင် ပြည်နယ် အဖြစ် သတ်မှတ် ထားသောဒေသတွင် ရှေးပဝေသဏီထဲက အခြေချနေထိုင်လာခဲ့သော လူမျိုးစုဖြစ်ကြောင်း သမိုင်း ဆိုင် ရာနှင့် ဘာသာဗေဒ ဆိုင်ရာအထောက်အထား များအရ သိခဲ့ရပြီး ဖြစ်သည်။ တဖန် မြန်မာမင်းများ ကရ ခိုင် ဒေသကိုသိမ်းပိုက်ပြီး နောက်ပိုင်းတွင်လည်း မြန်မာဘုရင့် နိုင်ငံတော်၏ နိုင်ငံသားများအဖြစ်နေ ခဲ့ သည်။ ထို့နောက် အင်္ဂလိပ်က ရခိုင်ဒေသအား သိမ်းပိုက်ပြီးနောက် ထုတ်ပြန်သည့်ဒေသ ဆိုင်ရာအုပ်ချုပ် မှု ကော်မရှင် ၏ အစီရင် ခံစာ တွင်လည်း ဤလူမျိုးစုနှင့် ပက်သက်သော အထောက် အထားများ ပါဝင် ခဲ့ သည်။ (သမိုင်းကြောင်း ဆိုင်ရာ ဆောင်းပါး မဟုတ်သည့် အတွက် အကျယ် မရေးတော့ပါ။) တဖန် အင်္ဂ လိပ် အုပ်စိုးစဉ် ကောက်ယူ ခဲ့သော သန်းခေါင် စာရင်း များတွင်လည်း ဤလူမျိုးစုနှင့် ပက်သက်သော အ ချက် အလက်များ ရှိခဲ့သည့် အပြင် လွတ်လပ်ရေး ရပြီးနောက် ပါလီမန် ဒီမိုကရေစီ အစိုးရ လက်ထက် တွင် လည်းCabinet Decision ဖြင့် ရိုဟင်ဂျာ လူမျိုးများကို ပြည်ထောင်စု တိုင်းရင်းသား အဖြစ်အသိအမှတ် ပြုခဲ့ သည်။ ၁၉၇၈ ခုနှစ် ဖေဖေါ်ဝါရီလ မှစ၍ အာဏာရှင် ဦးနေ၀င်းက နိုင်ငံတော် ကောင် စီဝင် ဖြစ် လာသော ရခိုင် လူမျိုး ဦးလှထွန်းဖြူ၊ ဘုံပေါက် သာကျော်၊ ရခိုင် သမိုင်း ပညာရှင် ဦးအေးကျော် တို့၏ အ စီရင်ခံစာ အတု များကို အခြေခံ၍ ရိုဟင်ဂျာလူမျိုးများအား နိုင်ငံခြားသား များအဖြစ် တဖက်သတ်စွပ်စွဲ ပြီး အကြောင် မဲ့ အစုလိုက် အပြုံ လိုက် သတ်ဖြတ်ခြင်း၊ တိုင်းပြည်က နှင်ထုတ်ခြင်းများ ကျူးလွန် ခဲ့ပေ သည်။ ထိုစဉ်က ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေး ခိုလှုံ သွားသော ရိုဟင်ဂျာ များကို UN ၏ ဖိအားပေး မှုကြောင့် မတတ် သာသည့် အဆုံး ၁၉၇၉ ခုနှစ် မေလတွင် နှစ်နိုင်ငံ သဘော တူညီချက် အရ အောက်ပါ အချက် အလက် များနှင့် ပြည့်စုံသော ရိုဟင်ဂျာ ၁၉၅၀၀၀ ကျော်ကို မြန်မာနိုင်ငံ သားများ အဖြစ် အသိ အမှတ် ပြု၍ ပြန် လည် လက်ခံ ခဲ့ရသည်။
(၁) မှတ်ပုံတင် ရှိသူနှင့် အိမ်ထောင်စု စာရင်းဝင် မိသားစု အားလုံး၊
(၂) မြန်မာ နိုင်ငံတွင် အမှန် တကယ် နေထိုင်ကြောင်း ခိုင်လုံသည့် အထောက် အထား ပြနိုင်သူများ၊
ထိုသို့ အချက် အလက် ပြည့်စုံသူ များကိုသာ မြန်မာ နိုင်ငံသား အမှန် တကယ် ဖြစ်သောကြောင့် ဦးနေ၀င်း အစိုးရမှ ပြန်လည် လက်ခံခဲ့ခြင်း ဖြစ်ပါသည်။ ဤကိစ္စနှင့် ပက်သက်၍ ကမ္ဘာ့အလည်တွင် အရှက် တကွဲဖြစ် ခဲ့ရ သည်ကို စိတ်ဆိုးဒေါသ ထွက်နေသော ဦးနေ၀င်းသည် ရခိုင်အမျိုးသားများကို ဦးဆောင်စ ၍ နိုင်ငံသား ဥပဒေ တစ်ရပ် ရေးဆွဲရန်စီစဉ်ခဲ့သည်။ (၁၉၇၉)စက်တင်ဘာလ(၂၂) ရက်နေ့ တွင် နောင် ဖြစ် ပေါ်လာ မည့် နိုင်ငံ သား ဥပဒေနှင့် ပက်သက်သော အဓိက အခြေခံ ရမည့် အချက် များကို ပြောကြား ရာတွင် တိုင်း ရင်း သား ရိုဟင်ဂျာများကို နိုင်ငံခြားသားများ အဖြစ်သာ သတ်မှတ်ထားနိုင်ရန် လမ်းညွှန် ခဲ့ပါသည်။ ဤ သည်မှာ နိုင်ငံ သား ဖြစ်ပြီးသူ ရိုဟင်ဂျာ လူမျိုး များကို အာဏာသုံး၍ နိုင်ငံသား အဖြစ်မှ ရုတ် သိမ်းခြင်း (သို့) အဆင် အခြင် ကင်းမဲ့စွာ နိုင်ငံသား အဖြစ် မပေးဘဲ ထားခြင်းနှင့် ပတ်သက်သော သမိုင်း အကျဉ်းချုပ် ပင်ဖြစ် သည်။
ခွဲခြား သတ်မှတ်ခြင်း (သို့) အဆင် အခြင် ကင်းမဲ့စွာ နိုင်ငံသား အဖြစ် မပေးဘဲ ထားခြင်း တို့နှင့် ပက် သက်သည့် နိုင်ငံတကာ စာချုပ် စာတမ်းများ
နိုင်ငံတော်က မိမိ သဘော အတိုင်း နိုင်ငံသား အဖြစ် ခွင့်ပြုခြင်း (သို့) ငြင်းပယ်ခြင်း စသည့် အခြေခံ မူ သည် လူမျိုးရေး ခွဲခြားမှု ဖြစ်ပေါ်လာရန် အန္တရာယ် ရှိသည်။ ဤအချက်ကို နည်းလမ်း ပေါင်းစုံဖြင့် လူ မျိုးရေး ခွဲ ခြားမှု ပပျောက်ရေး ဆိုင်ရာ ကွန်ဗင်းရှင်း (Convention on the Elimination of all Forms of Racial Discrimination) နှင့် အခြား စာချုပ် စာတမ်းများတွင်ဖေါ်ပြထားသည်။ ၂၀၀၄ ခုနှစ် အောက်တို ဘာ လ (၁) ရက် ရက်စွဲဖြင့် နိုင်ငံသား မဟုတ်သူများ အပေါ် ခွဲခြား ဆက်ဆံမှု ဆိုင်ရာ အထွေထွေ တိုက်တွန်း ချက် (General Recommendation on Discrimination against Non-citizens) ထုတ်ပြန် ရာတွင် ကမ္ဘာ့ ကုလသမဂ္ဂ လူမျိုး ခွဲခြားမှု ပပျောက်ရေး ကော်မတီ (United Nations Committee on the Elimination of Racial Discrimination) က လူမျိုး၊ အသား အရောင်၊ ဆင်းသက်လာသည့် မျိုးရိုး (သို့) နိုင်ငံသား (သို့) တိုင်းရင်းသား လူမျိုးစုအပေါ် အခြေခံ၍ နိုင်ငံသားခံယူခွင့် မပေးဘဲထားခြင်းသည် နိုင်ငံတော်၏ တာဝန် ဖြစ်သော ခွဲခြားမှု မပြုဘဲ နိုင်ငံသား အဖြစ် ခံစားခွင့် ရှိစေရမည် ဆိုသည့် အချက် ကိုလည်း ချိုးဖေါက်ခြင်း ဖြစ် သည်ဟု ဖေါ်ပြ ထားသည်။
ကမ္ဘာ့နိုင်ငံအားလုံးနှင့်သက်ဆိုင်သည့်၁၉၄၈ခုနှစ်အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်း၏အပိုဒ် (၁၅) က အောက်ပါ အတိုင်း ဖေါ်ပြ ထားသည်။
“ဥပဒေအရ မဟုတ်လျှင် မည်သူမျှမိမိ၏ နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ခြင်း မခံစေရ နိုင်ငံသား အ ဖြစ် ပြောင်းလဲ နိုင်သော အခွင့် အရေး ကိုလည်း ငြင်းပယ်ခြင်း မခံစေရ။ လူတိုင်းသည် နိုင်ငံ တစ် နိုင် ငံ ၏ နိုင်ငံသား အဖြစ် ခံယူခွင့် ရှိသည်။”
နိုင်ငံအားလုံး နီးပါးကအတည်ပြုလက်ခံထားပြီးဖြစ်တဲ့ ၁၉၈၉ ခုနှစ် ကလေး သူငယ် အခွင့် အရေး ဆိုင်ရာ ကွန်ဗင်းရှင်း စာချုပ်ကို မြန်မာ နိုင်ငံက ၁၉၉၁ ခုနှစ် သြဂုတ်လ (၁၄) ရက်နေ့မှာ လက်မှတ် ရေး ထိုး ခဲ့ပါ တယ်။ အဲဒီကွန်ဗင်းရှင်းမှာ နိုင်ငံသားဖြစ် မှုနှင် ပက်သက်ပြီး အရေးကြီးတဲ့ အချက်များကိုဒီလိုဖေါ်ပြ ထားပါ တယ်။
အပိုဒ် - ၂ -
“ဤကွန်ဗင်းရှင်း တွင်ပါဝင်သည့် ပါဝင်ဘက် နိုင်ငံ များသည် ဤသဘောတူ စာချုပ်၌ ဖေါ်ပြပါ ရှိသော အခွင့် အရေး များကို လေးစား လိုက်နာပြီး မိမိ တို့၏ အာဏာ ပိုင်နက် အတွင်းရှိ ကလေး သူငယ် တစ်ဦးစီအား ၄င်းကိုယ်တိုင် (သို့) ၄င်း၏ မိဘ (သို့) တရားဝင် အုပ်ထိန်း သူ၏ လူမျိုး၊ အသား အရောင်၊ လိင်၊ ဘာသာ စကား၊ ကိုးကွယ်သည့် ဘာသာ၊ နိုင်ငံရေး ဆိုင်ရာ (သို့) အခြား အတွေး အခေါ် အယူ အဆ၊ နိုင်ငံသား၊ လူမျိုးစု (သို့) ဆင်းသက် လာသည့် လူမှု အဖွဲ့ အစည်း၊ ပစ္စည်း ဥစ္စာ ပိုင်ဆိုင်မှု၊ မသန် စွမ်းမှု၊ မွေးဖွားရာ ဇာတိ (သို့) အခြား အဆင့် အတန်း များကို ခွဲခြားခြင်း မရှိစေရ” ဟု ပြဌါန်း ထား သည်။
နောက်ပြီး နိုင်ငံသား ဖြစ်မှုနှင့် ပက်သက်၍ အပိုဒ်- ၇ (၁) မှာ ဒီလို ဖေါ်ပြထား သေးတယ်။
အပိုဒ် - ၇ (၁) -
“ကလေး သူငယ်ကို မွေးဖွား ပြီးသည်နှင့် တပြိုင်နက် မှတ်ပုံတင် ထားရမည်။ ထို့ပြင် ၄င်းအား မွေးဖွား ပြီးလျှင် အမည် ပေးပိုင်ခွင့်၊ နိုင်ငံသား အဖြစ် ခံယူပိုင်ခွင့် နှင့် တတ်နိုင် သမျှ သူ၏ (သို့) သူမ၏ မိဘ များကို သိရှိခွင့် နှင့် ၄င်းတို့၏ ကြည့်ရှု စောင့်ရှောက် မှုကို ခံယူ စေနိုင်သည့် အခွင့် အရေး ကို ပေးရ မည်။”
ဒီအချက်နှင့် ပတ်သက်ပြီး (၁၉၈၉) ခုနှစ် ကွန်ဗင်းရှင်း စာချုပ်ကို သဘောတူ လက်မှတ်ရေး ထိုးထားတဲ့ သက်ဆိုင်ရာ နိုင်ငံ အစိုးရ များက မိမိတို့ ပြည်တွင်း ဥပဒေဖြင့် လက်တလုံးခြား မလုပ်နိုင် စေရန် ရည်ရွယ် ၍ အပိုဒ်- ၇ (၂) တွင် အောက်ပါ အတိုင်း ဆက်လက် ပြဌါန်း ထားသည်။
အပိုဒ်- ၇ (၂)
“ပါဝင်ဘက် နိုင်ငံ များသည် မိမိတို့၏ အမျိုးသား ဥပဒေနှင့် ဤကဏ္ဍတွင် သက်ဆိုင်သည့် အပြည်ပြည် ဆိုင်ရာ စာချုပ်များပါ တာဝန်များ အထူး သဖြင့် ကလေး သူငယ် အနေဖြင့် နိုင်ငံမဲ့သူ မဖြစ်စေရန် တို့နှင့် အညီ၊ ဤအခွင့် အရေး များကို အထ မြောက် စေခြင်းကို စိတ်ချ ရအောင် ဆောင်ရွက် ရမည်”
အပိုဒ်- ၇ (၂) မှာယခုလိုအသေအချာ ဖေါ်ပြထား ပေမဲ့လည်း မြန်မာ စစ်အစိုးရက (၁၉၉၃) ခုနှစ် ကလေး သူ ငယ် ဥပဒေကို ပြဌာန်းပြီး လက်တလုံးခြား လုပ်ထားကြောင်း တွေ့ရသည်။ ဤဥပဒေ အပိုဒ် (၁၀) တွင် - 'ကလေးသူငယ်တိုင်းသည် နိုင်ငံသားဖြစ် ခွင့်ဆိုင်ရာ အခွင့်အရေး များကို တည်ဆဲ ဥပဒေပါ ပြဌာန်း ချက် များနှင့် အညီ ရရှိစေရမည်။'.. ဟူသော အချက် ထည့်သွင်းထား (၁၉၈၉) ကွန်ဗင်း ရှင်း ကိုလိုက် နာ သယောင်ဖြင့်ပယ်ဖျက်လိုက်ပါသည်။ ဤ ၁၉၉၃ ဥပဒေတွင် ဖေါ်ပြ ထားသော မြန်မာ နိုင်ငံ၏ တည်ဆဲ နိုင် ငံသား ဖြစ်မှု ဥပဒေသည် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကို ဆို လိုခြင်း ဖြစ်သည်။ ယခုလောက် ဆိုလျှင် အစိုးရ၏ မူဝါဒ အပေါ် မှန်းဆ နိုင်ပါ လိမ့်မည်။
မိမိနိုင်ငံအနေဖြင့် သဘောတူ လက်မှတ်ရေးထိုးထားသော နိုင်ငံတကာ စာချုပ်များကို အပြည့်အ၀လေးစား လိုက်နာရန် တာဝန်ရှိသည်။ အစိုးရက ထိုသို့လေးစားလိုက်နာစေရန် လွှတ်တော်က ထိန်းကျောင်း ဖို့တာ ၀န် ရှိပါ သည်။ ထို့ပြင် ကိုယ့်နိုင်ငံ၌ နိုင်ငံသား ဖြစ်ထိုက် သူများ အကြောင်းမဲ့ နိုင်ငံမဲ့ ဘ၀မရောက် စေရန် တိ ကျ ပြည့်စုံသော နိုင်ငံသား ဥပဒေများ ရေးဆွဲရန် လွှတ်တော် ကိုယ်စားလှယ်များတွင် တာဝန်ရှိပါသည်။ တရား ဥပဒေ စိုးမိုးရေးကို တတွတ်တွတ် ရွတ်ဆို နေကြ သူများ ကလည်း ယခု ကိစ္စကို မျက်ကွယ် မပြု သင့်ပါ။
ဒေသတစ်ခု တွင်ရှေးပဝေသဏီထဲက အခြေချနေထိုင် လာခဲ့သော လူမျိုးတစ်မျိုးကိုယခု လို နိုင်ငံသား ဖြစ် ခွင့်နှင့်အခြေခံအခွင့်အရေးများမပေးဘဲထားခြင်းသည်လျော်ကန်သင့်မြတ်မှုရှိပါသလား၊ထိုသို့ပြုလုပ်နေခြင်း သည် အမျိုးသားရေး လိုအပ်ချက်ကြောင့် ဟုဆိုလျှင် ထိုအမျိုး သား ရေး သည် နာဇီဝါဒကဲ့သို့အစွန်းရောက် အမျိုးသားရေး သာ ဖြစ်ပါ လိမ့်မည်။ တိုင်းပြည် လုံခြုံရေး၊ အမျိုးသား လုံခြုံရေးကို ထိပါး မှာ စိုးရိမ်သည် ဟူသော အကြောင်း ပြချက်ဖြင့် နိုင်ငံတကာ လူ့အခွင့် အရေး ဥပဒေများ၊ ပြည်တွင်း ဥပဒေ များကို ချိုးဖေါက် ကျူးလွန်မှု မှန်သမျှ အတွက် မည်သည့် ဆင်ခြေမျှ မရှိပါ။ `တိုင်းပြည် လုံခြုံရေး´ ဆို သည် မှာ နိုင်ငံ တစ်နိုင်ငံရဲ့ အချုပ် အခြာ အာဏာကို အခြား နိုင်ငံ တစ်နိုင်ငံ (သို့) နိုင်ငံ အများက ထိ ပါး စော် ကားခြင်း၊ နိုင်ငံ တစ်နိုင်ငံကို အခြား နိုင်ငံ တစ်နိုင်ငံ (သို့) နိုင်ငံ အများက စစ်မက်ပြု၊ ကျူးကျော် သိမ်း ပိုက် ခြင်း ကိုသာ ယေဘုယျ ဆိုလိုကြောင်း နားလည်ထား ပါသည်။ ရခိုင် ပြည်နယ်သည် ပြည်တွင်း စစ် ဖြစ်နေသော နေရာ၊ နိုင်ငံတစ်ခုနှင့် တခုစစ်ဖြစ်နေသော နေရာ မဟုတ်ပါ။ ထိုမွတ်ဆလင် များ တွင် နိုင် ငံတော် လုံခြုံရေးကိုထိပါးနေသည်ဟူသောဆူပူသောင်းကျန်း မှုလည်း မတွေ့ရှိ ရပါ။ ရခိုင် ပြည် နယ် သည် အဖြူရောင် နယ်မြေ တစ်ခုသာ ဖြစ်သည်။ ယခု ရိုဟင်ဂျာ ပြဿနာကို နိုင်ငံ လုံ ခြုံရေး ကို ထိ ခိုက် သည့် အဆင့်ဟု ဆိုနေခြင်း၊ အမျိုးသားရေး အန္တရာယ် အဖြစ် အသံလွင့် နေခြင်းမှာ တ ကယ့် လက်တွေ့ မှန်မှန် ကန်ကန် ဖြေရှင်း ရမည့် ကိစ္စ များကို ရှောင်လွဲ လို၍ အသွင်ပြောင်း ပုံဖေါ် နေခြင်း သာဖြစ်သည်။ တကယ်ဖြစ်နေသည့် ရောဂါကို စနစ်တကျ Diagnosis လုပ်၍ ကုသခြင်း မရှိ ဘဲ ပျောက်စေ ဆရာ ၏ ရေ မန်း လေးတိုက်၊ အပေါ်ယံ ဆေးသနပ်ခါး လိမ်းလုပ် နေလျှင် ရောဂါ ကျွမ်းပြီး ကုသ မရသည့် အခြေ အနေ မျိုး ဖြစ်သွား နိုင်ကြောင်း တင်ပြလိုက် ရပါသည်။
Ref: UNHCR – Handbook for Parliamentarians- 2005
Human Rights Abuses and Discrimination on Rohingyas
International Crisis Group - Myanmar: A New Peace Initiative – Nov-2011