နောက်ဆုံးသတင်း/ဆောင်းပါးများ

ကင်းတောင် ကျေးရွာ အုပ်ချုပ်ရေးမှူးက ဒေသခံများထံမှ ငွေညှစ်

RB News
19.11.2013

ဘူးသီးတောင် ။ ။ ရခိုင် ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ ကင်းတောင် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းသည် ဒေသခံ ရိုဟင်ဂျာ များထံမှ နည်းလမ်း အမျိုးမျိုးဖြင့် ငွေကြေး မြောက်မြားစွာ ညှစ်ယူ ခဲ့ကြောင်း သတင်း ရရှိ ပါသည်။ 

ကင်းတောင်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်သိန်း၊ ၎င်း၏အကူစာရေး ဦးအာရပ် အုလ္လာနှင့် တ ပည့် ဖြစ်သူ ဖြူမောင် တို့သည် ဆင်းရဲ နွမ်းပါးသည့် ဒေသခံ တောင်သူ လယ်သမား များထံမှ နည်းလမ်း အမျိုးမျိုးဖြင့် ငွေညှစ် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

အဆိုပါ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းသည် ကင်းတောင် မြောက်ရွာနေ ဦးမိုဟာမတ် အီဆက် (ဘ) ဦးအော်လီ အာမတ်ကို လူကုန်ကူးမှုတွင် ပါဝင် ပတ်သက် နေသည်ဟု လုပ်ကြံ စွပ်စွဲ၍ မြို့နယ် အုပ် ချုပ်ရေးမှူးနှင့် ရဲစခန်းမှူး တို့ကို ပေးရန်ဟု ဆိုပြီး ငွေကျပ် သိန်း ၂၀ ညှစ်ယူ ခဲ့သည်။ 

ကင်းတောင် မြောက်ရွာနေ မောင်ဒေါ်ဘီရ် ကို တရား မ၀င် လက်ထပ် ပေါင်းသင်း နေသည်ဟု စွပ်စွဲ၍ အ ထက် အာဏာပိုင် များကို ပေးရန် ဆို၍ ဦးအောင်သိန်းမှ ငွေကျပ် ၄ သိန်း ညှစ်ယူ ခဲ့သည်။ ဦးယူနုစ် (ဘ) ဦးနော်ဇီရ် အာမတ် ကိုလည်း တရားမ၀င် ပေါင်းသင်း နေသည်ဟု စွပ်စွဲ၍ ဦးအောင်သိန်းက ငွေကျပ် ၃ သိန်း ညှစ်ယူ ခဲ့သည်။ 

ကင်းတောင်ကျေးရွာနေ အာဘူလ်ဘော်ရှောရ် (ဘ) ဦးအော်လီဘောက်ရှူကို ကင်းချောင်းရွာမှ ဦးအောင် သာကျော် ၏ သမီး ကိစ္စနှင့် ပတ်သက် နေသည်ဟု ဆိုကာ ဦးအောင်သိန်းက ငွေကျပ် ၅ သိန်း ညှစ်ယူ ခဲ့ သည်။ 

ထိုသို့ ငွေညှစ်ရုံ သာမကဒေသခံများကို ရိုက်နှက် နှိပ်စက်ခြင်း၊ ဂုဏ်သိက္ခာ ညိုးနွမ်းအောင် ညစ်ညမ်းစွာ ဆဲဆိုကြိမ်းမောင်းခြင်းများပြုလုပ်ကြောင်းဒေသခံများမှပြောပါသည်။ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်သိန်း သည် ငွေညှစ်သည့် အခါတိုင်းတွင် အထက် အာဏာပိုင် နာမည် များကို အလွဲသုံးစား ပြုလုပ်၍ အာဏာ ပိုင် များကို ပေးရမည်ဟု ဆိုကာ နည်းလမ်း အမျိုးမျိုးဖြင့် ညှဉ်းပန်း နှိပ်စက် ခြိမ်းခြောက်၍ ဆင်းရဲ နွမ်းပါး သည့် တောင်သူ လယ်သမား များကို နေ့စဉ်နှင့် အမျှ ဒုက္ခ ပေးလျက် ရှိကြောင်း သိရှိ ရပါသည်။


Comment ရေးရန်

Rohingya Exodus