နောက်ဆုံးသတင်း/ဆောင်းပါးများ

ကုလား

ဌေးလွင်ဦး
RB News
19.11.2013

ကျွန်တော်တို့ မြန်မာနိုင်ငံ ဧရိယာ ထဲမှာ လူတစ်ဦး၊ လူမျိုး တစ်စုဟာ အစ္စ လာမ် သာသနာကို ကိုးကွယ် လိုက်တာနဲ့ သူ့ကို သက်ဆိုင်ရာ လူမျိုးစုက သူ့ လူမျိုး အဖြစ် လက်မခံ လိုပဲ ကန်ထုတ် ပစ်လေ့ ရှိပါတယ်။ ပြီးတော့ သူ့ကို ကုလား ဆိုတဲ့ လူမျိုး အဖြစ် သတ်မှတ်ပစ် လိုက်ပါတယ်။ အိန္ဒိယ တိုက်က မျိုးနွယ် တစ်ယောက် မြန်မာပြည်ထဲ က အမျိုးသမီး တစ်ဦးနဲ့ အိမ်ထောင် ကျ တယ်။ ကလေးမွေး လာတယ်-၊ အဲ့ဒီ ကပြား လေးက ဗုဒ္ဓဘာသာကို ကိုးကွယ် ရင် သူ့ကို ကုလားမခေါ်ဘူး။ နှာခေါင်း တစ်တောင်လောက် ရှည်နေ ပါစေ၊ မျက်လုံး ဆန်ကောလောက် ကျယ်နေပါစေ၊ အသားသပိတ် လောက် မဲနေ ပါစေ- သူ့ကို ဗမာလို့ သတ်မှတ် လိုက်တော့တယ်။ ကုလားရုပ် ပေါက်လို့ သူ့ကို ကုလားလို့ ခေါ်မိ ရင်တောင် သူက ကျုပ် ကုလား မဟုတ်ဘူး- ဗုဒ္ဓဘာသာ စစ်စစ်ဗျလို့ ဟောက် လိုက်ရင် ခေါ်တဲ့ လူက- ကန်တော့ဗျာ၊ ကန်တော့၊မသိလို့ပါ-၊ဆိုပြီးချက်ချင်းတောင်းပန်တော့တယ်။သူ့ကို မြင်တဲ့ အမြင် ကလည်း သူ့ နှာခေါင်းတွေ ချက်ချင်းပဲ တိုသွား သလိုလို၊ လျှပ်တစ်ပြက် အတွင်း မျက်လုံးပဲ ကျဉ်း သွားသ လိုလို၊ ဖြတ် ကနဲမှာ အ သားပဲ လတ်လာ သလိုလို-၊ ကုလားဆင်-ဗမာလေး ဖြစ်သွား တော့တယ်။

ဗမာ လူမျိုး စစ်စစ်၊ ကရင် လူမျိုး စစ်စစ်၊ မွန်လူမျိုး စစ်စစ် တစ်ဦးဦးက အစ္စလာမ် သာသနာကို သက်ဝင် လိုက်တာနဲ့ သူ့ကို ကြည့်တဲ့ အကြည့်က ချက်ချင်း နှာခေါင်းရှည်၊ မျက်လုံးပြူး၊ မျက်ခုံးထူ၊ အသားမဲ သွားသ လိုလို- ကြည့်သူရဲ့ အမြင် မျက်လုံး သားငယ်အိမ် ထဲမှာကို ကုလား ဆိုတဲ့ အမြင်ဖြစ် သွားတော့တယ်။

ကျွန်တော်တို့ မြန်မာ ပြည်က မွတ်ဆလင်တွေ မှတ်သား ဘို့က အစ္စလာမ် သာသနာကို သက်ဝင် လိုက် တာနဲ့ အဲ့ဒီ လူကို ပတ်ဝန်း ကျင် ကြီးက ကုလား လို့ ခေါ်လိုက် ယုံမျှမက သူတို့ရဲ့ မျက်လုံး သားငယ် အိမ် ထဲ မှာကို အဲ့ဒီ အစ္စလာမ် သာသနာဝင်ရဲ့ ရုပ်ရည်ဟာ သူတို့ သတ်မှတ်တဲ့ ကုလားရုပ် ထွက်သွားပြီ ဆိုတာ ပါပဲ ။ နောက်ဆုံး တရုတ် လူမျိုး အစ္စလာမ် သာသနာဝင် တွေ ကိုတောင် ပန်းသေး ကုလားလို့ သတ်မှတ် ထား တာပါ။

အိန္ဒိယသား စစ်စစ် သို့မဟုတ် သီရိလင်္ကာသား စစ်စစ် အသားမဲ၊ နှာခေါင်းရှည်၊ မျက်လုံး ပြူးတဲ့ လူတစ်ဦး ဗုဒ္ဓ ဘာသာကို ကိုးကွယ်ရင် သူ့ကို ကုလား မခေါ်ဘူး-၊ မတော် တဆ ခေါ်မိရင်တောင် ခေါ်တဲ့လူ ကိုယ် တိုင်က အဲ့ဒီ ကုလားကို ကုလား အစစ်လို့ မသတ်မှတ်ဘူး။ အစ္စလာမ် သာသနာ ကိုးကွယ်သူ ကိုပဲ ရည် ရွယ် သတ်မှတ်ပြီး ကုလားလို့ ခေါ်တွင် နေခြင်းသာ ဖြစ်တယ်။

အခု ကျွန်တော်တို့ မြန်မာ ပြည်က အစ္စလာမ် သာသနာဝင် တွေမှာ လူမျိုးနွယ် ကိုယ်စီ ရှိပါတယ်။ အဲ့ဒီ လူ မျိုးနွယ် ကိုယ်စီဟာ ကိုယ့်လူမျိုး နဲ့ကိုယ် ခိုင်ခိုင် မာမာ ရပ်တည် ရမှာ ပထမ ဦးစားပေး အချက်ပါ။ လူမျိုး တစ်မျိုး ချင်းစီ က ပျောက်ဆုံး တိမ်မြုပ် သွားလို့ မဖြစ်ပါ၊ အတိမ် မြုပ်လည်း မခံနိုင်ပါ။ သို့သော် အစ္စလာမ် သာသနာဝင် ချင်းချင်း ဘုံ အုပ်စု ဖွဲ့တဲ့ အခါ- သတ်မှတ် စရာ ခေါင်းစဉ်ဟာ ကုလား ဆိုတဲ့ စကားလုံးမှ အပ အခြား မရှိပါ။

ပသီ ကိုလည်း ပသီ ကုလားလို့ ခေါ်မယ်။ ပန်းသေး ကိုလည်း ပန်းသေး ကုလားလို့ ခေါ်မယ်။ ရိုဟင်ဂျာ ကိုလည်း ရိုဟင်ဂျာ ကုလား သို့မဟုတ် ရခိုင် ကုလားလို့ ခေါ်မယ်။ ကမန် ကိုလည်း ကမန် ကုလား လို့ခေါ် မယ်။ စူရ်တီ ကိုလည်း စူရ်တီ ကုလားလို့ ခေါ်မယ်။ ဘယ် လူမျိုးနွယ် ဖြစ်ဖြစ် အစ္စလာမ် သာသနာ ကို ကိုးကွယ်ရင် ကုလား ဆိုတဲ့ ဘွဲ့ကတော့ ပါပြီးသား ဖြစ်နေပါပြီ။ ရိုဟင်ဂျာ ပသီ၊ စူရ်တီ ပသီ၊ မေမန် ပသီ၊ ကျူလီယာ ပသီ၊ ကမန် ပသီ၊ ပန်းသေး ပသီ ရယ်လို့ ပသီ ဘွဲ့တွဲ ခေါ်ဘို့ ဆိုတာ စိတ်ကူးယဉ် လို့ကို မရနိုင် ပါ။ အမှန်ကို အမှန် အတိုင်း လက်ခံရဲ သူများ အတွက်သာ တော်လှန်ရေး ဆိုတာ ရှိနေပါတယ်။

ကုလား ဆိုတဲ့ စကားလုံးကို မြန်မာ မွတ်ဆလင်တွေ မရှောင်သင့် တော့ပါ။ ကုလား ဆိုတဲ့ လူမျိုး၊ ကုလား ဆိုတဲ့ အမည် နာမဟာ မြန်မာနိုင်ငံ ရယ်လို့ မဖြစ်တည်မှီ ကတည်းက ရှိနေခဲ့တဲ့ လူမျိုး ဖြစ်ပြီး အခု အချိန် ထိ တည်ဆဲ ခေါ်ဆဲ လူမျိုးလည်းဖြစ်ပါတယ်။ မြန်မာ့ ရာဇ၀င် အဖုံဖုံမှာ- လက်ရှိ မြန်မာ နိုင်ငံက လူ မျိုး တွေဟာ မြန်မာ သတ္တ၊ မွန်သုံးဝ၊ ရှမ်းနှစ်ဆယ့်ခွန်၊ ကုလား ခြောက်ဆယ့်လေး- (စုစုပေါင်း လူမျိုး တစ် ရာ့ တစ်ပါး) နဲ့ ဖွဲ့စည်း ခဲ့တာကို ချည်း ဖေါ်ပြထား ပါတယ်။ ဒီအထောက် အထားက ငြင်းမရနိုင် သလို-၊ လက်ရှိ မြန်မာ နိုင်ငံမှာ ရှိနေတဲ့ လူသား တစ်ဦးကို အပုံ ၁၀၁ ပုံ ပုံလိုက်ရင် သူ့မှာ ကုလားဓါတ် ၆၄ ပုံ ပါဝင်နေ ကြောင်းလည်း သက်သေ ဖြစ်နေ ပါတယ်။ ဒါဟာ မြန်မာနိုင်ငံ တွင်းက လူသား တစ်ဦး တိုင်းရဲ့ ရာနှုန်း ၆၀ ကျော်သော ဓါတ်ဖွဲ့စည်း မှုမှာ ပါဝင် နေခြင်းပါ။ ဒါကြောင့် ကုလား ဆိုတာ မြန်မာနိုင်ငံ အတွင်း က လူတစ်ဦးချင်း အပေါ်မှာ ကျေးဇူး ၆၀ ရာနှုန်း တည်နေတဲ့ ဓါတ်၊ အမည် နာမ တစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ ဂုဏ်ငယ် စရာ မရှိပါ။ (လက်ရှိ ဗမာ ဆိုတဲ့ လူတစ်ဦးကို DNA စစ် လိုက်ရင် အနည်းဆုံး ကုလားဓါတ် ၆၀ ရာနှုန်းတည် ရှိနေတာကို တွေ့ရပါ လိမ့်မယ်။)

မြန်မာ မွတ်ဆလင် ဆိုတဲ့ အမည် နာမက- ဘာသာရေး အသွင်ဆောင်တဲ့ အမည် နာမ ဖြစ်ပါတယ်။ ဒီနာမည် မျိုးကို ကျွန်တော်တို့ ရှောင်ရပါမယ်။ ဒီနာမည် မျိုးဟာ အနာဂါတ် အတွက် လုံးဝ မကောင်းတဲ့ နာမည် ဖြစ်ပါတယ်။ ကျွန်တော် တို့က မြန်မာ မွတ်ဆလင် ခံယူ လိုက်ရင်- ဗုဒ္ဓဘာသာ များက မြန်မာ ဗုဒ္ဓ လူမျိုး ခံယူ လာမယ်။ ခရစ်ယာန်များကမြန်မာ ခရစ်ယာန်လူမျိုး ခံယူလာမယ်- (ကိုယ်တွေ လူမျိုး သတ် မှတ် သလို သူများ သတ်မှတ် တာကို ကန့်ကွက်လို့ မရပါ။) ဒီလို ဖြစ်လာရင် ဘာသာရေး အသွင်ဆောင် ပြီး ပြသနာတွေ အကြီး အကျယ် ဖြစ်လာဦးမှာ သေချာပါတယ်။ ဒါတွေ ကိုလည်း ကြို တင် တွေးရ ပါမယ်။

ကျွန်တော်တို့ မြန်မာ ပြည်က မွတ်ဆလင်တွေ- ကုလား ဆိုတဲ့ ဘုံအုပ်စု အမည် တစ်ခုကို ပြတ်ပြတ် သားသား ရဲရဲ တင်းတင်း ခံယူ ရဲတဲ့ သတ္တိကို ထားဘို့ မေတ္တာ ရပ်ခံ ပါတယ်။ ကုလား ဆိုတာ ဘုံ အမည် နာမ ဖြစ်လို့ ကုလား ခေါင်းစဉ် အောက်မှာ ပသီ၊ ပသျှူး၊ ရိုဟင်ဂျာ၊ ကမန်၊ ပန်းသေး၊ ကျူလီယာ၊ မေမန်၊ စူရ်တီ ပျောက်ဆုံး သွားရ မယ်လို့ မဆိုလိုပါ။ ဘုံခေါင်းစီးက ဘုံခေါင်းစီး၊ လူမျိုး နွယ်က လူမျိုးနွယ်- သီးခြား ခွဲမြင် ဘို့လည်း လိုပါမယ်။ အခု ရှမ်းလူမျိုး များကို ကြည့်ပါ။ အခု ချင်းလူမျိုး များကို ကြည့်ပါ။ အခု ကရင် လူမျိုး များကို ကြည့်ပါ။ အဲ့ဒီ ဘုံအမည် နာမ ရှမ်း၊ ချင်း၊ ကရင် ဆိုတဲ့ ခေါင်းစီး အောက်မှာ သီးခြား မျိုးနွယ် စု တွေ တည်ရှိ နေပါတယ်။

ကျွန်တော် တို့လည်း ကုလား ဆိုတဲ့ အလံ တစ်ခုမှာ လူမျိုးနွယ် တွေဟာ ကြယ်ပွင့်တွေ သဘော ဖြစ် ပါ တယ်။ အလံ မရှိရင်-၊ အောင်လံ စိုက်ထူဘို့ ဖြစ်လာ နိုင်ဘွယ် မရှိတော့ပါ။


မုဟမ္မဒ် တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင် လှုပ်ရှားမှု တာဝန်ခံ
တန်းတူညီမျှ အခွင့်အရေး လှုပ်ရှား ဆောင်ရွက်မှု အဖွဲ့

Comment ရေးရန်

Rohingya Exodus