နောက်ဆုံးသတင်း/ဆောင်းပါးများ

OIC နှင့် ရခိုင်ပြည်နယ် ကော်မတီတို့ ပူးတွဲ ကြေညာချက်



RB News
19.11.2013

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီနှင့် အစ္စ လာမစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) တို့ ပူးတွဲ ထုတ်ပြန်ကြေညာချက်။

နေ့စွဲ - နိုဝင်ဘာလ ၁၇ ရက်၊ ၂၀၁၃

၁။ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်မှ ၁၆ ရက်နေ့ အကြားတွင် မြန်မာနိုင်ငံ အစိုးရ၏ ဖိတ်ကြား မှုဖြင့် အို အိုင်စီ အထွေထွေ အတွင်းရေးမှူး၊ ဂျီဘူတီနှင့်တူရကီ နိုင်ငံခြားရေး ဝန်ကြီးများ၊ ဘင်္ဂလားဒေ့ရှ်၊ အီဂျစ်၊ အင်ဒိုနီးရှား၊ မလေးရှားနှင့်ဆော်ဒီ အာရေးဗီးယားနိုင်ငံများ၏နိုင်ငံခြားရေးဝန်ကြီးဌာနမှအဆင့်မြင့် ကိုယ်စား လှယ် များမှ မြန်မာ နိုင်ငံသို့သွားရောက်လည်ပတ် ခဲ့ပါသည်။

၂။ ထိုသို့ သွားရောက် လည်ပတ် ရာတွင် မြန်မာပြည်သူ များ၏ လိုလားမှုနှင့် ကိုက်ညီသည့် ငြိမ်းချမ်း သာ ယာရေး၊ တည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် လူမှု စီးပွား တိုးတက်ရေး တို့အား အာမ ခံ ပေးစေ ရန် အတွက် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ဦးဆောင်မှု အောက်တွင် ပြောင်းလဲ တိုးတက် နေသော မြန် မာ နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် အုပ်ချုပ်ရေး ကဏ္ဍ အပြောင်း အလဲ များအား အိုအိုင်စီ ကိုယ်စားလှယ် များမှ ကိုယ်တိုင် ကိုယ်ကြ တွေ့မြင် နိုင်သည့် ထူးကဲသော အခွင့် အလမ်းများ ရရှိခဲ့ ပါသည်။

၃။လူမှုအသိုင်းအဝိုင်း၏ ကဏ္ဍအသီးသီးတွင် ကိုးကွယ်သည့် ဘာသာနှင့် လူမှုအသိုင်းအဝိုင်း မတူသူများအ ကြားပြောဆို ညှိနှိုင်းမှုများ၊ နားလည်မှုများ ရှိစေရန် အားပေး ကူညီခြင်း ဖြင့်သော် လည်းကောင်း၊ ယင်းသို့ သင့်မြတ်မှုလမ်းကြောင်း ပေါ်သို့ ရောက်ရှိ လာစေရန် အသိုင်း အဝိုင်း ခေါင်းဆောင် များအား အထောက် အကူပြုခြင်းဖြင့်သော်လည်းကောင်း ယှဉ်တွဲနေထိုင်ကြသူများ အကြားပြန်လည် သင့်မြတ်ရေး၊ သည်းခံခွင့် လွှတ်ရေး၊ငြိမ်းချမ်းစွာအတူတကွ နေထိုင်ရေး တို့အား ရှေ့ရှု၍ လုပ်ဆောင် နေသော နိုင်ငံတော် အစိုးရ၏ ကြိုးပမ်း ဆောင်ရွက်နေမှု များအား [အိုအိုင်စီ] ကိုယ်စားလှယ် များမှ အားပေး ထောက် ခံကြောင်း ဖော်ပြ ခဲ့သည်။

၎။ ရခိုင် ပြည်နယ် အပါ အဝင် [မြန်မာ နိုင်ငံတွင်] အကြမ်းဖက် မှုများအားလုံး ချုပ်ငြိမ်း စေရန်၊ ပြည်သူ များအား အကြမ်းဖက်မှု အန္တရာယ် များမှ ကာကွယ် ပေးနိုင် ရန်နှင့် လူ့အခွင့် အရေးနှင့် အခြေခံ လွတ်လပ်ခွင့် တို့အား အပြည့် အဝ လေးစားမှု ရှိစေရေး အတွက် အာမခံချက်များ ပေးနိုင်ရန် နိုင်ငံတော် အစိုးရမှ သံဌိဓါန်ထားမှုများနှင့် အမျိုးမျိုးသော ထုတ်ပြန် ကြေညာချက် များအား [အိုအိုင်စီ] ကိုယ်စားလှယ် များမှ ကြိုဆိုခဲ့ ပါသည်။

၅။ အထူးသဖြင့် အကြမ်းဖက်မှု ကျူးလွန် သူများအား ဥပဒေနှင့် အညီ ထိရောက်စွာ အပြစ်ပေး အရေးယူ သွားမည် ဖြစ်ကြောင်း မတ်လ ၁၈ ရက်၂၀၁၃ ခုနှစ်တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ထုတ်ပြန်ခဲ့ သည့် ကြေညာ ချက်၊ ရခိုင် ပြည်နယ် တည်ငြိမ်အေး ချမ်းရေးနှင့်ဖွံ့ဖြိုး တိုးတက်မှု အကောင် အ ထည် ဖော်ရေး ဗဟို ကော် မတီ ဖွဲ့စည်း ထားရှိမှု နှင့် အောက် တို ဘာလ ၁ ရက် ၂၀၁၃ ခုနှစ်တွင် ဘာ သာ ကြီး ငါးခု မှ ခေါင်းဆောင် များ အား သမ္မတ ဦးသိန်းစိန်ပြောကြား ခဲ့မှု များမှာ အထူး အရေး ကြီး ကြောင်း တွေ့ရှိ ရပြီး [အိုအိုင်စီ] ကိုယ်စားလှယ် များမှ ယင်းလုပ်ဆောင် ချက်များအား မှတ်တမ်းတင် ခဲ့ပါသည်။

၆။ မြန်မာ နိုင်ငံတော် အစိုးရမှာ အပြည်ပြည် ဆိုင်ရာ အသိုင်း အဝိုင်း များနှင့် ဆက်ဆံရေး ထားရှိ သကဲ့သို့ အိုအိုင်စီနှင့် အိုအိုင်စီ အဖွဲ့ဝင် နိုင်ငံ များနှင့်လည်း ပူးပေါင်း ဆောင်ရွက်ရန် အဆင်သင့် ရှိနေမှုနှင့် လာရောက် လည်ပတ်ရန် အတွက် ဖိတ်ကြား ခဲ့မှု တို့အား ကျေးဇူးတင် ရှိပါကြောင်း [အိုအိုင်စီ] ကိုယ်စား လှယ် များမှ လေးနက်စွာ ပြောကြား ခဲ့ပါသည်။ အကျိုးတူ စီးပွားနှင့် လူမှုရေး ဖွံ့ဖြိုး တိုးတက်မှု များအား ညှိနှိုင်း ဆောင်ရွက် ပေးနေသည့် လှုပ်ရှား ဆောင်ရွက်မှု ကော်မတီအား ကြီးကြပ် ဆောင်ရွက် ပေးနေမှု များနှင့် လာရောက် လည်ပတ်စဉ် အတွင်းစီစဉ်ဆောင်ရွက် ပေးမှုများ၊ ဒုသမ္မတ ဒေါက်တာ စိုင်း ခမ်းမောက် ဦးဆောင်သည့် ဗဟို ကော်မတီနှင့် တွေ့ဆုံ နိုင်ရေး အတွက် စီစဉ် ပေးမှု များအား ကိုယ်စားလှယ် များ မှ ကျေးဇူးတင် ခဲ့ပါသည်။

၇။ နိုင်ငံတော် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ အပါအဝင် တည်ဆဲ ဥပဒေ များအား အပြည်ပြည် ဆိုင်ရာ စံနှုန်းများ၊ ဒီမိုကရေစီ အခြေခံ မူများနှင့် ကိုက်ညီမှု ရှိစေရန် ပြန်လည် စမ်းစစ် မှုများ ပြု လုပ် နေ သည့် မြန် မာ နိုင်ငံတော် အစိုးရ၏ အစဉ် တစိုက် ကြိုးပမ်း ဆောင်ရွက် မှုအား ကိုယ်စားလှယ် များမှ ကျေးဇူးတင် ခဲ့ပါ သည်။ အခြေခံ လွတ်လပ်ခွင့် များအား ကန့်သတ် ချုပ်ချယ် ထားသည့် ဥပဒေ များအား ဖျက်သိမ်း ပေးရေး အပါအဝင် တရား ဥပဒေ ရေးရာ ပြုပြင် ပြောင်းလဲ မှုများအား ဆက်လက်ပြုလုပ် ပါရန် အစိုးရအား [အိုအိုင်စီ] ကိုယ်စားလှယ် များမှ တိုက်တွန်း နှိုးဆော်ခဲ့ ပါသည်။

၈။ ရခိုင် ပြည်နယ် အပါအဝင် လူ့အခွင့် အရေး၊ နိုင်ငံသား ဖြစ်တည်ရေး၊ စီးပွားရေး အခွင့် အလမ်း များနှင့် လူမျိုးစု- ဘာသာစု လူနည်းစု များနှင့် သက်ဆိုင်သည့် တိုးတက်မှု များနှင့် စပ်လျဉ်း၍ နိုင်ငံ အတွင်း ကြုံတွေ့ ရင်ဆိုင် နေရသော အခက် အခဲ များအား ကျော်လွားရန် အတွက် ကြိုးပမ်း ဆောင်ရွက် နေမှု များနှင့် သံဌိဓါန် ချထားမှု များအား မြန်မာ အာဏာပိုင်များမှ ရှင်းလင်း တင်ပြ ခဲ့သည် များကိုလည်း ကိုယ်စားလှယ် များမှ မှတ်တမ်း တင်ထား ခဲ့ပါသည်။

၉။ ရခိုင် ပြည်နယ် အပါအဝင် မြန်မာ နိုင်ငံရှိ လူ့အသိုင်း အဝိုင်းများ အတွင်း လိုအပ် နေသည့် ဖွံ့ဖြိုး တိုး တက်ရေး၊ လူသားချင်း စာနာ ထောက်ထားသည့် အကူ အညီ များနှင့် ပြန်လည် နေရာ ချထားရေး အကူ အညီ များကို အစိုးရမှ ကြိုးပမ်း လုပ်ဆောင် နေမှု များအား ထောက်ပံ့ ကူညီ ပေးရန်နှင့် လက်ရှိ လုပ်ဆောင် နေကြသော လူသားချင်း စာနာ ထောက်ထားသည့် အကူ အညီ များနှင့် ပြန်လည် နေရာ ချထားရေး အကူ အညီ များကို ထပ်လောင်း ကူညီ ပေးနိုင်ရန် အိုအိုင်စီ အဖွဲ့ဝင် နိုင်ငံများ၊ လူမှု အဖွဲ့ အစည်းများမှထောက်ပံ့ကူညီပေးရန်အဆင်သင့်ရှိနေပါကြောင်း ကိုယ်စားလှယ် များမှ ထုတ်ဖော် ပြောကြား ခဲ့ပါသည်။ ယင်းသို့ ထောက်ပံ့ ကူညီ ပေးရာတွင် လူမျိုးစု၊ မျိုးနွယ်စုနှင့် ကိုးကွယ် သည့် ဘာသာများ အပေါ် အခြေခံသည့် ခွဲခြားမှုများ မရှိဘဲ [ညီတူ ညီမျှ] အိုအိုင်စီနှင့် အိုအိုင်စီ အဖွဲ့ ဝင် နိုင်ငံ များမှ ထောက်ပံ့ ကူညီ ပေးသွားမည် ဖြစ်ကြောင်း နိုင်ငံတော် အစိုးရအား အာမခံ ပြောကြား ခဲ့ပါသည်။ ဤမူဝါဒ အပေါ် အခြေခံ၍ လူသားချင်း စာနာ ထောက်ထားမှု အကူအညီ များအား ခွဲခြားမှု ကင်းမဲ့ စွာ ဖြင့် ဆောင်ရွက် သွားစေရန် အတွက် မြန်မာ နိုင်ငံတော် အစိုးရမှ တဆင့် ထောက်ပံ့ ကူညီမှုများ ပြုလုပ် သွားမည် ဖြစ်ကြောင်း နှစ်ဖက် သဘော တူညီ ခဲ့ပါသည်။

၁၀။ “ထိခိုက်နစ်နာသည့်လူမှုအသိုင်းအဝိုင်းမနှစ်ရပ်လုံးအတွက်ရည်ရွယ်၍ခွဲခြားမှုကင်းမဲ့သော လူသားချင်း စာနာ ထောက်ထားသည့် အကူ အညီ များနှင့် အခြားသော ထောက်ပံ့ အကူ အညီ များအား အစ္စလာ မစ် နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့၏ အဖွဲ့ဝင် နိုင်ငံများ အပါ အဝင် မည် သည့် နေ ရာ ဒေသမှ မဆို ကမ်းလှမ်း လာသော အကူ အညီ များအား လက်ခံရန်နှင့် ကူညီနိုင်မှု လမ်းကြောင်း များ အား ဖွင့်လှစ် ထားပေးရန် အတွက်မြန်မာ နိုင်ငံ အစိုးရမှ အဆင်သင့် ရှိနေသည်” ဟု ကုလသမဂ္ဂ အထွေထွေ ညီလာ ခံ တွင်မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်ပြောကြား ခဲ့မှုအားလည်း ကျေနပ် အားရ ပါကြောင်း [အိုအိုင်စီ] ကိုယ်စား လှယ်များမှ ထုတ်ဖော်ပြော ဆိုခဲ့ပါသည်။ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ အမျိုးသား စည်းလုံး ညီ ညွတ်မှုနှင့် ပြည်တွင်းရေး ကိစ္စရပ်တို့အား ဝင်ရောက် စွတ်ဖက်မှု မပြုလုပ်ရေး မူဝါဒအား အပြည့် အဝ လေး စားပြီး လူသားများ အချင်းချင်း ဘုံတူညီကြသည် ဟူသောလူသားစိတ်ဓါတ်ဖြင့် သာ မြန်မာ နိုင် ငံတော် အစိုးရ အား ထောက် ပံ့ ကူညီ ပေးသွားမည် ဖြစ်ကြောင်း၊ ယင်းသို့ ထောက် ပံ့ ကူညီ ပေးရာ တွင် လို အပ် ချက်များနှင့် သင့်တင့်လျှော်ညီမှု ရှိစေရေး၊ အခက် အခဲ များအား မှတ်တမ်း တင်နိုင်ရေး တို့အတွက် အစိုးရ အားလိုအပ်သည့်အကူအညီများပေးနိုင်စေရန်သတင်းအချက်အလက် များ ဖလှယ်ကြ မည် ဖြစ်ကြောင်းနှင့် အိုအိုင်စီ၏ အဖက်ဖက်မှ ပါဝင်ကူညီပေးမှုအား အစိုးရ ဖက်မှ ဆက်လက်၍ ညှိနှိုင်း ဆောင် ရွက် ပေး လို သည့် ဘုံတူညီချက် စိတ်သဘောထားများ ရှိကြောင်း မြန်မာနိုင်ငံတော် အစိုးရနှင့် [အိုအိုင်စီ] ကိုယ် စား လှယ်များ ဖော်ပြ ခဲ့ပါသည်။

၁၁။ အိုအိုင်စီ ကိုယ်စားလှယ် များနှင့် အိုအိုင်စီ အဖွဲ့ဝင် နိုင်ငံ များမှာ မြန်မာ နိုင်ငံ အတွင်း အမျိုး သား ပြန် လည် သင့်မြတ် ရေးနှင့် ပြည့်စုံသည့် ဒီမိုကရေစီနှင့် ငြိမ်းချမ်း၍ တည်ငြိမ်မှု ရှိသော လူမှု ဖူလုံရေး တို့အ တွက် ဆက်လက် ဆောင်ရွက် ရာတွင် ကူညီပေးလို စိတ်ရှိကြောင်း ထုတ်ဖော် ပြောဆိုခဲ့မှု များ အား မြန် မာ နိုင်ငံတော် အစိုးရမှ အသိ အမှတ် ပြုခဲ့ ပါသည်။

မှတ်ချက်။ အိုအိုင်စီ ကိုယ်စားလှယ်များ မြန်မာ နိုင်ငံသို့ သွားရောက် လည်ပတ်ခဲ့ ပြီးနောက် နိုဝင်ဘာလ ၁၇ ရက်နေ့ နေ့စွဲ့ဖြင့် ထုတ်ပြန် ကြေညာ ခဲ့သည့် “Joint Communiqué between the Central Committee for Implementation of Stability and Development in the Rakhine State of the Republic of the Union of Myanmar and OIC” အား O’Laie Manzu မှ ဆီလျော်အာင် ဘာသာပြန် ထားပါသည်။

Comment ရေးရန်

Rohingya Exodus