ဒီမိုကရေစီ ဒင်္ဂါး
ဌေးလွင်ဦး
RB News
5.11.2013
လက်ရှိ ဖြစ်ရပ်တွေ ရုန်းကန် လှုပ်ရှားရမှု တွေဟာ နောင်တစ်ခေတ်မှာ သ မိုင်း ဖြစ်လာ ပါတယ်။ အထူးသဖြင့် မြန်မာ နိုင်ငံဟာ လူတိုင်း မျှော်လင့် ခဲ့တဲ့ ဒီမိုကရေစီ စနစ်အတွက် အခု အချိန်ဟာ အပြောင်းအလဲ ကာလလို့ ဆိုရမှာပါ။ တိုင်းဒေသ တစ်ခုမှာ ပြည်သူ ပြည်သားက အများစုပါ။ သို့သော် သမိုင်းတင် ကျန်ရစ်သူ များက အသင်း အဖွဲ့တစ်ခု သို့မဟုတ် လူအုပ်စု တစ်စု သာ ဖြစ်ပါ တယ်။
မြန်မာနိုင်ငံသားများ တစ်ကယ် လိုချင်တာ ဒီမိုကရေစီ ဆိုတာ ပါ။ ရွေးကောက် ပွဲနိုင် နိုင်ငံရေးကို မျှော်လင့်ခြင်း မဟုတ်ပါ။ ရွေးကောက်ပွဲနိုင် နိုင်ငံရေး စနစ်နဲ့ ဒီမိုကရေစီ စနစ်ဆိုတာ လွ န်စွာ ကွာခြား လှပါတယ်။ ဒီမိုကရေစီ စနစ်ဆိုတာ- တန်းတူ ညီမျှ အခွင့်အရေး+ တိုင်းပြည်ကို ဂုဏ်သိက္ခာ ရှိအောင် ဦးဆောင် နိုင်သူအား ရွေးချယ်တဲ့ စနစ် ဖြစ်ပါတယ်။ အများကြိုက် လိုက်လျှော ဆင်ခြေမှား+ အများကြိုက် သရုပ်ဆောင်အား ရွှေးချယ် တင်မြှောက် တဲ့ စနစ်က နာဇီဝါဒ ဖြစ်ပါတယ်။
ဥပမာ ဟစ်တလာကို ကြည့်ပါ။ သူဟာ အာဏာသိမ်း စစ်ခေါင်းဆောင် တစ်ယောက် မဟုတ်ပါ။ ပထမကမ္ဘာ စစ်ဒဏ်ကို ခံထားရပြီး မွန်းကြပ်နေတဲ့ လူထုကို လူထုကြိုက် အမျိုးသားရေး စကားလုံးများ နဲ့ ရွေးကောက်ပွဲ ၀င်ခဲ့တဲ့ ရွေးကောက်ပွဲနိုင် ခေါင်းဆောင် တစ်ယောက် ဖြစ်ပါတယ်။ လူထုက အဖေ လို့ ခေါ်တွင် ခံခဲ့ရတဲ့ လူသား တစ်ယောက်ပါ။ သူဟာ ဒီမိုကရေစီ စနစ် ဆိုတာထဲက ရွေးကောက်ပွဲ နဲ့ ခေါင်းဆောင် ဖြစ်နိုင်တယ် ဆိုတဲ့ အချက် ကိုပဲ အသုံးချ သွားခဲ့သူ ဖြစ်ပါတယ်။ သူ့ဦးဆောင်မှုနဲ့ ဂျာမ ဏီ နိုင်ငံကြီး ဟာလည်း မှန်းချက်နဲ့ နှမ်းထွက် လွဲခဲ့ရ ပြီး ကမ္ဘာ့ အလယ်မှာ လူမျိုးတုံး သတ်မှုနဲ့ စစ် ရာ ဇ၀တ်မှု ကျူးလွန်တဲ့ နိုင်ငံကြီး ဖြစ်ခဲ့ရပြီး ဘာလင် မြို့ကြီးကိုပင် တိုင်းတစ်ပါး လက်ထဲ ဝေစုခွဲ ပေးခဲ့ရတဲ့ အဖြစ်ကို ကြုံလိုက် ရပါတော့တယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံ ဟာလည်း စစ်ဘေး စစ်ဒဏ်နဲ့ မွန်းကြပ်နေ ခဲ့ရတဲ့ နိုင်ငံ တစ်ခုပါ။ မွန်းကြပ်မှုကို ခံစားရ တဲ့ ပြည်သူတိုင်းမှာ ထွက်ပေါက်ကို မျှော်လင့် စမြဲပါ။- ဒီမိုကရေစီ စနစ်ဆိုတာ သူတို့ရဲ့ ထွက်ပေါက်လို့ သူတို့ ယုံကြည် ခဲ့ပါတယ်။ ဒါပေမယ့် ဒီမိုကရေစီ စနစ်ဆိုတာ ရွေးကောက်ပွဲ ရှိတယ်၊ လူ တစ်ယောက် တည်းက အာဏာ ကို မလွတ်တမ်း ကိုင်ထားလို့ မရသလို စစ်တပ် ကလည်း အာဏာ သိမ်းပြီး (လူထု ငြီးငွေ့ပြီးသား ဖြစ်တဲ့) စစ်အုပ် ချုပ်ရေးနဲ့ သွားလို့ မရဘူး ဆိုတာလောက်ပဲ သိနေခဲ့ ပါ တယ်။ ဒီအသိ လောက်ကိုပဲ မြန်မာ့ ခေါင်းဆောင် များက လူထုကို လမ်းပြ ခဲ့ပါတယ်။ ပြီးတော့ စစ်အုပ် ချုပ်ရေးနဲ့ အာဏာပိုင် တို့ကို အာဏာကို ရာသက်ပန် ကိုင်မထားနိုင် တဲ့အခါ- လူထု အကြိုက်နဲ့ သမ္မတ လုပ်မယ့် ဟန်ပြင်နေ သူများက လူထုဆီက မဲရစေဘို့ လူထု အကြိုက် လိုက်ပြီး အလိုက်သင့် ဟန်ရေးပြ ခဲ့ပါ တော့တယ်။
တစ်ကယ်တော့ လူထုဆိုတာ သာမန် ရိုးရိုး လက်လုပ် လက်စားများ ပါတယ်။ သူတို့ ဘ၀ပြေလည် နေရင် သူတို့က အုပ်ချုပ်ရေး ဘက်ကို စိတ်ဝင်စားမှာ မဟုတ်ပါ။ ဘ၀များ ကြပ်တည်း လွန်းလို့- အုပ်ချုပ်သူ မကောင်းလို့ ဆိုပြီး အုပ်ချုပ်သူ အဟောင်း များကို အော်ဟစ် ဆဲဆို မောင်းထုတ် လိုပြီး သူတို့ အတွက် ကြားဘူး နားဝ စကားလုံး ဒီမို ကရေစီ ဆိုတာကို ကျယ်ကျယ် ပြောနိုင်သူကို မျှော်လင့် ခဲ့တဲ့ အဆင့်ပဲ ရှိပါတယ်။ တစ်ကယ်တော့ ဒီမိုကရေစီ စနစ်ဟာ- တန်းတူညီမျှ အခွင့်အရေးနဲ့ တိုင်းပြည်ကို ဂုဏ်သိက္ခာ ရှိအောင် ဦးဆောင်မယ့် သူအား ရွေးချယ်မှု ဆိုတဲ့ ခေါင်း၊ ပန်း ခွဲမရနိုင်တဲ့ ဒင်္ဂါး တစ်ခုသာ ဖြစ်ပါတယ်။ ဒီမိုကရေစီ ဆိုတဲ့ ဒင်္ဂါး တစ်ပြားပေါ်က တန်းတူညီမျှ အခွင့်အရေးကို ဖယ်လိုက်ရင် ဖြစ်စေ၊ သို့မဟုတ် တိုင်းပြည်ကို ဂုဏ်သိက္ခာ ရှိအောင် ဦးဆောင် နိုင်မယ့် သူအား ရွေးချယ် ခွင့်ကို ဖြစ်စေ ဖယ်လိုက်ရင်- ဒီမိုကရေစီ ဒင်္ဂါးလည်း အလိုလို ပျက်ပယ် သွားပါတယ်။
အခုတော့- မြန်မာ့ပြည်မှာ ဒီမိုကရေစီလို့ အသံ အကျယ်ဆုံး အော်ဟစ်နေတဲ့ ပုဂ္ဂိုလ်တွေ ကိုယ်တိုင်က တန်းတူ ညီမျှ အခွင့်အရေး ဆိုတာ ခဏထား လိုက်ဦး- လူ့အခွင့်အရေး ဆိုတာတောင် သူတို့နဲ့ မဆိုင် သလိုလို ကမ္ဘာသိ ပြောလိုက်တာက ရှိသေးတယ်။
တိုင်းပြည်ကို သိက္ခာ ရှိအောင် ဦးဆောင် သူအား ရွေးချယ်နိုင်ခွင့် ဆိုတာလည်း အလွန် ကျယ်ပြန့်ပါတယ်။ တိုင်းသူ ပြည်သား များရဲ့ သိက္ခာ ဆိုတာမှာ ပညာတတ်မှု၊ စားဝတ်နေရေး ပြေလည်မှု၊ ကျမ္မာ ရွှင်လန်းမှု၊ လူနဲ့ လူ့ ကျင့်ဝတ်များကို သိတတ်မှု၊ ဆွေမျိုး၊ မိတ်ဆွေ၊ ပတ်ဝန်းကျင် ကမ္ဘာသူ ကမ္ဘာသား များနဲ့ ပြေလည် ကြည်ဖြူစွာ ဆက်ဆံတတ်မှု၊ ဘ၀ လုံခြုံမှု စတာတွေ အားလုံး ပါဝင်တယ်။ အခုတော့ တိုင်း သူ ပြည် သားတွေကို သိက္ခာရှိ အောင် သယ်ပိုး လမ်းပြမယ့်အစား- လူထု အကြိုက်ကို လိုက်နေ ရတာက ပိုများ လွန်း နေတာကို တွေ့ရပြန်တယ်။ လူထု အကြိုက်ကို လိုက်ရသူဟာ လူထုလောက် ပညာမတတ် လို့-သာ ဖြစ်ပြီး လူထုကို ဦးဆောင် သယ်ပိုးနိုင်သူ မဟုတ်လို့ ဆိုတာ ရှင်းလင်းပါတယ်။ လူထုကို အမှန် တ ရား ကို တင်ပြနိုင်သူ- အမှန် တရားဘက်ကို သယ်ပိုးနိုင် သူသာ လူထု ခေါင်းဆောင် ဖြစ်မှာပါ။ အမှန် တရားကို မတင်ပြရဲ သူဟာ လည်း သိမ်ငယ် တတ်သူ သာ ဖြစ်ပါတယ်။ အမှန် တရားကို လူထုကို တင်ပြလို့ လူထုက မုန်းဘို့ မရှိဘူး ဆိုတာလောက်တော့ ခေါင်းဆောင် ဖြစ်ချင်သူတွေ သိနားလည်ဘို့ သင့်ပါတယ်။
မြေသိမ်းယာသိမ်း ကိစ္စကို လိုက်ဖြေရှင်း နေဘို့ မလိုပါ။- လယ်သမားတွေ လယ်လုပ်စား စရာမလိုဘဲ ချမ်းသာ ကြွယ်ဝ သွားအောင် ဆောင်ကြဉ်း ပေးနိုင်ဘို့သာ လိုပါတယ်။ သူတို့ဘ၀ တစ်ကယ် ချမ်းသာ သွား ရင် အဲ့ဒီ လယ် မြေတွေကို နိုင်ငံအတွက် သူတို့ကိုယ်တိုင် ရက်ရက် ရောရော လှုဒါန်းလာ ပါလိမ့်မယ်။- အဲ့ လို ဆောင်ကြဉ်းပေး နိုင်တဲ့ ခေါင်းဆောင် မျိုးသာ လူ့ဂုဏ်သိက္ခာကို မြှင့် တင် ပေးနိုင် တဲ့ ခေါင်းဆောင် မျိုး ဖြစ်လာမှာပါ။ ဒီမိုကရေစီ ခေါင်းဆောင် ဖြစ် လာမှာပါ။
မြန်မာနိုင်ငံသူ နိုင်ငံသားတွေ ထပ်ဆင့် ကံမဆိုး စေချင်ပါ။ ဒီမိုကရေစီကို တစ်ကယ် နားလည်ပြီး ဒီမိုကရေစီပန်း တိုင်ကို တစ်ကယ် သယ်ပိုးနိုင်တဲ့ ခေါင်းဆောင်ကောင်းတွေ ပေါ်လာဘို့သာ ဆုတောင်းရ ပါတော့မယ်။
ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement