နောက်ဆုံးသတင်း/ဆောင်းပါးများ

အိမ်မီးရှို့ခံ ရသည့် မိသားစုကို ခြိမ်းခြောက် ငွေညှစ် နေသဖြင့် တိမ်းရှောင်နေရ

မီးရှို့ခံရသည့်အိမ်

RB News
21.11.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ ဥဒေါင်း ကျေးရွာ အုပ်စု၊ ဇုံမာရွာမှ အိမ်မီးရှို့ ခံရသည့် မိသားစုကို အမျိုးမျိုး ခြိမ်းခြောက်၍ ငွေညှစ်လျက် ရှိသောကြောင့် ထွက်ပြေး တိမ်းရှောင် နေရကြောင်း သ တင်း ရရှိပါသည်။ 

နိုဝင်ဘာလ (၅) ရက်နေ့ ည သန်းခေါင်ယံ (နိုဝင်ဘာလ ၆ ရက်နေ့ နံနက် ၁ နာရီခန့်) တွင် မောင်တော မြို့ နယ်၊ ဥဒေါင်း ကျေးရွာ အုပ်စု၊ ဇုံမာရွာမှ ဦးအဇီဇုလ္လာ (ဘ) မော်လ၀ီ ဟာနီဖ်၏ နေအိမ်ကို ရခိုင် အ စွန်းရောက်ဟု ယူဆ ရသူ များမှ မီးကွင်းပစ် မီးရှို့ ခဲ့သည်။ 

ကျေးရွာ အုပ်စုအုပ် ချုပ်ရေးမှူးဖြစ်သူ ဦးတင်မောင်က အိမ်မီးရှို့ခံရသည့် မိသားစုကို နိုဝင်ဘာလ (၆) ရက်နေ့ နံနက်ပိုင်း တွင် အုပ်ချုပ်ရေးမှူး ရုံးသို့ ဆင့်ခေါ်၍အကယ်၍ အမှုဖွင့်လျှင် မလိုလား အပ် သည့် ပြဿနာ ဖြစ်နိုင်သည်၊ ထိုသို့ ပြဿနာ မဖြစ်ရန်ဟု ဆိုကာ အမျိုးမျိုး ပြောဆို ခြိမ်းခြောက် ၍ ငွေ ကျပ် တစ်သိန်း ယူခဲ့ကြောင်း သိရှိ ရပါသည်။ 

တဖန် နိုဝင်ဘာလ (၈) ရက်နေ့တွင် အုပ်ချုပ်ရေးမှူး ဦးတင်မောင်က ဦးအဇီဇုလ္လာကို နောက်တကြိမ် ဆင့်ခေါ်၍ ပေါ့ဆမီးကြောင့် မီးလောင် သည်ဟု အိမ်ရှင် အတွက် မြို့နယ် ရဲစခန်းတွင် အမှု ဖွင့်ထား သည်ကို ရုပ်သိမ်းရန် လိုသည်ဟု ပြော၍ အမျိုးမျိုး ခြိမ်းခြောက် အကျပ် ကိုင်ကာ ငွေကျပ် ၆ သိန်း ညှစ်ယူ ခဲ့သည်။ 

ထပ်မံ၍ နိုဝင်ဘာလ (၁၃) ရက်နေ့တွင် အုပ်ချုပ်ရေးမှူး ဦးတင်မောင်နှင့် ၎င်း၏ တပည့် ဖြစ်သူ ဦးက ရီမု လ္လာ (ဘ) ဦးဘော်ဒီရောင်း တို့က မောရ၀တီ ရဲကင်း စခန်းမှ ရဲတပ်ဖွဲ့ဝင် ၄ ဦး တို့နှင့် အတူ အိမ်မီးရှို့ ခံရသည့် မိသားစုကို လိုက်လံ ရှာဖွေ ခဲ့ပြီး၊ ဦးအာဇီဇုလ္လာနှင့် နီးစပ်သူ များကို ငွေကျပ် ၂၅ သိန်း မပေးနိုင် ပါက တဖက် နိုင်ငံသို့ ထွက်ပြေး သွားရန် ပြောဆို ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြော ပါသည်။ 

ထိုကဲ့သို့ ခြိမ်းခြောက်မှု ကြောင့် ဦးအာဇီဇုလ္လာနှင့် မိသားစု ၀င်များ ယခု အချိန်ထိ တိမ်းရှောင် နေရကြောင်း သတင်း ရရှိ ပါသည်။

Comment ရေးရန်

Rohingya Exodus