နောက်ဆုံးသတင်း/ဆောင်းပါးများ

မွေးတိုး၊ ထွက်ခွာသူများ စာရင်းသွင်း ပယ်ဖျက်ရန် ငွေကောက်ခံ၍ အာဏာပိုင်များ ခွဲဝေယူ

RB News
8.12.2013

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ ကျီးကန်းပြင် ကျေးရွာ အုပ်စုတွင် ယခုနှစ် အ တွင်း မွေးဖွားသည့် ကလေးများ၊ နိုင်ငံခြားသို့ ထွက်သွားသူများကို အိမ်ထောင်စု စာရင်းတွင် ပြင်ဆင်ရန် အတွက်ဆိုကာ အာဏာပိုင် များမှ ငွေကောက်ခံပြီး ခွဲဝေ ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တော မြို့နယ်၊ ကျီးကန်းပြင် ကျေးရွာ အုပ်စုတွင် လူဦးရေ ၁၀၀၀၀ ခန့်ရှိရာ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ မှ နိုဝင်ဘာလ (၂၅) ရက်နေ့ အတွင်း အာဏာပိုင် များ၏ ညှဉ်းပန်း နှိပ်စက်မှု ဒဏ်ကြောင့် နိုင်ငံခြားသို့ ထွက်သွားသူ ဦးရေ ၉၅၀ ရှိကြောင်း သိရှိ ရသည်။ ထိုကာလတွင် မွေးဖွားသူ ကလေး ဦးရေ ၁၅၀ ရှိသည်။ 

နိုဝင်ဘာလ (၂၅) ရက်နေ့ မှစ၍ အာဏာပိုင် များက နိုင်ငံခြားသို့ ထွက်ခွာ သွားသူ များကို အိမ်ထောင်စု စာရင်းမှ ပယ်ဖျက်ရန်၊ မွေးဖွားသည့် ကလေး များကို အိမ်ထောင်စု စာရင်းတွင် ထည့်သွင်းရန် အတွက် ဆို ကာ တစ်ဦး အတွက် ငွေကျပ် ၃၀၀၀ စီကို ကျေးရွာ အုပ်ချုပ် ရေးမှူး ရုံးမှ ကောက်ခံ ခဲ့ သည်။ နိုင်ငံခြားသို့ ထွက်ခွာ သွားသူ ၉၅၀ နှင့် မွေးဖွားသည့် ကလေး ၁၅၀ - စုစုပေါင်း ၁၁၀၀ အတွက် ငွေကျပ် ၃၃ သိန်း ရရှိ ခဲ့သည်ဟု ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

ငွေများ ကောက်ခံရာတွင် ကျေးရွာ အုပ်ချုပ် ရေးမှူး ဦးဇကရီယာ နှင့် အဖွဲ့က ကောက်ခံ ခဲ့သော်လည်း ၎င်းငွေ၏ သုံးချိုး တစ်ချိုးကို ရွာအုပ်ချုပ် ရေးအဖွဲ့ ကရခဲ့ပြီး၊ ကျန်သည့် သုံးချိုး နှစ်ချိုး (၂၂ သိန်း) ကို ဒေသ ဆိုင်ရာ အာဏာပိုင်များ၊ လ၀ကနှင့် စစ်တပ်မှ ဗိုလ်ကြီး တစ်ဦး တို့ကို ပေးခဲ့ ရကြောင်း သိရှိ ရပါသည်။ 

အိမ်ထောင်စု စာရင်းမှပယ်ဖျက်ရန်၊ မွေးဖွားသည့် ကလေးကို အိမ်ထောင်စု စာရင်းတွင် ထည့်သွင်း ရန် နိုင် ငံတော် မှငွေကြေးတစ်စုံတ စ်ရာပေးရန်လို အပ်ကြောင်း ဥပဒေပြဌာန်း ထားခြင်း မရှိသော်လည်း၊ဒေ သ ဆိုင်ရာ အာဏာပိုင် များက နည်းလမ်း အမျိုးမျိုးဖြင့် ငွေညှစ်ရန် အမြဲတစေ ကြံဆ ၍ ဒေသခံ များ ၀န် ထိုး ၀န် ပိုး ဖြစ်လာရန် ပြုလုပ် လျက်ရှိသည်။ ကျီးကန်းပြင် ရွာတွင် ကောက် ခံ သည့် ငွေကျပ် ၃၀၀၀ စီမှာ အာဏာပိုင် များ၏ ကိုယ်ကျိုး အတွက် ကြံဖန်၍ ကောက်ခံ ခဲ့ခြင်း ဖြစ်သည်။


Comment ရေးရန်

Rohingya Exodus