UNICEF မှ ထောက်ပံ့ကြေး များကို ကျောင်းတာဝန်ခံမှ ဖြတ်စား လျက်ရှိ
RB News
8.12.2013
မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ မြို့မ တောင်ရပ်ကွက် ရှိ အထက်တန်း ကျောင်းမှ မူလတန်း ကျောင်းသား/သူ များကို UNICEF မှ ပေးအပ်သည့် ထောက်ပံ့ကြေး များကို ကျောင်း တာဝန် ခံက ဖြတ်စားသည့် အပြင် အခြား အကြောင်းများ ပြ၍ ငွေကြေး ကောက်ခံမှု များ ပြုလုပ် လျက်ရှိကြောင်း သတင်း ရရှိ ပါသည်။
မောင်တော မြို့နယ်၊ မြို့မ တောင်ရပ်ကွက် ရှိ အထက်တန်း ကျောင်းကို မူလတန်းနှင့် အလယ်တန်း ဟူ ၍ နှစ် ပိုင်း ခွဲ၍ ပညာ သင်ကြား လျက်ရှိသည်။ မူလတန်း အဆင့်တွင် ကျောင်းသား ၄၀၀ ရှိရာ ကျောင်း သား/သူ များအားလုံးမှာ ရိုဟင်ဂျာ လူမျိုး များဖြစ်သည်။ UNICEF မှ မူလတန်း ကျောင်းသား/သူ များအ တွက် ထောက်ပံ့သည့် ငွေကျပ် ၁၀၀၀ စီမှ ကျောင်းတာဝန် ခံ ဖြစ်သူ ဒေါ်ကြည်သိန်းက ၅၀၀ စီ ဖြတ် ယူ၍ ကျောင်းသား/သူ များကို ၅၀၀ ကျပ်စီသာ ပေးအပ် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြော ပါသည်။
ထို့အပြင် ကျောင်းတွင် စာသင်ခန်း (၂၀) ခန်း သာရှိပြီး၊ စာသင်ခန်း တိုင်းတွင် သောက်ရေသန့် ဗူးကြီး တစ် ဗူးစီ ထားရမည် ဟုဆိုကာ ကျောင်းသား/သူ စုစုပေါင်း ၉၀၀ ထံမှ ကျောင်းတာဝန်ခံ ဒေါ်ကြည်သိန်း က ငွေကျပ် ၂၀၀ စီ ကောက်ခံ လျက်ရှိကြောင်း သိရှိ ရပါသည်။
ကျောင်းချိန် အတွင်းတွင်လည်း ကျောင်းဆရာ/မ များသည် ကျောင်းအပြင် သို့သွား ၍ ဈေးဝယ်ခြင်း၊ မိမိ တို့၏ ကိုယ်ရေး ကိုယ်တာ ကိစ္စ များအတွက် သွားနေခြင်း တို့အပြင် စာ သင်ခန်း အတွင်း တွင်လည်း MP3 Player များဖြင့် သီချင်း နားထောင် နေခြင်းများ ပြုလုပ်ပြီး၊ ကျောင်းသား/သူ များကို ပုံမှန် စာ သင်ကြား မပေးခြင်း များ ပြုလုပ် လျက်ရှိသည်။
ထိုကဲ့သို့ စည်းကမ်း မပြည့်ဝ၊ အရည်အချင်း နည်းပါးသည့် ဆရာ/မ များကြောင့် ပညာအမှန် တကယ် လို လားသည့် ကျောင်းသား/သူ များ၏ ပညာရေး အတွက် အထူး စိုးရိမ်ဖွယ် ဖြစ်နေကြောင်း ဒေသခံ များ မှ ပြောပါသည်။