နောက်ဆုံးသတင်း/ဆောင်းပါးများ

ပြည်နယ် လွှတ်တော် အမတ်များသို့ အိတ်ဖွင့်ပေးစာ



သို့

ဒေါက်တာ ဘရှီရ် အာမတ်နှင့် ဦးအောင်မျိုးမင်း
ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ
ဘူးသီးတောင်နှင့် မောင်တော မြို့နယ်
ရခိုင် ပြည်နယ်

အကြောင်း အရာ ။ ။ ဒုချီရာတန်း ဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် များမှ ဖြစ် ရပ်မှန်ကို သတင်း ထုတ်ပြန် ပေးပါရန် မေတ္တာ ရပ်ခံခြင်း။

ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ ဒုချီရာတန်း ကျေးရွာတွင် ဇန်န၀ါရီလ (၁၃) ရက်နေ့မှ စ၍ ဖြစ်ပေါ် လျက်ရှိသော ဖြစ်စဉ် များနှင့် ပတ်သက်၍ ကျွန်တော့်အား မျက်မြင် သက်သေ များမှ အောက်ပါ အတိုင်း ထွက်ဆို ထားပါသည်။

(၁) မောင်တော မြို့တွင် အလုပ်လုပ်ရန် မေယု တောင်တန်းမှ လာနေသည့် ရိုဟင်ဂျာ လူမျိုး (၈) ဦးကို ဒုချီရာတန်း ကျေးရွာ အုပ်ချုပ် ရေးမှူး ဦးအောင်ဇံဖြူက ဇန်န၀ါရီလ ၁၂ ရက် နေ့တွင် ဖမ်းဆီး၍ သတ်ဖြတ် ခဲ့သည်။

(၂) ရိုဟင်ဂျာ (၈) ဦးကို သတ်ဖြတ်၍ မြှပ်နှံ ထားသည့် နေရာကို ဒုချီရာတန်း ရွာသား အချို့မှ သိရှိ သွား သည်ကို နှုတ်ပိတ်ရန် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း ဦးဆောင်၍ ဇန်န၀ါရီလ (၁၃) ရက်နေ့ ညပိုင်းတွင် ဒုချီရာတန်း ရွာကို ၀င်ရောက် စီးနင်းပြီး အမျိုးသမီးငယ် တစ်ဦးကိုပါ မုဒိန်းကျင့် ခဲ့သည်။ ထိုနေရာတွင် အခင်း ဖြစ်ပွားပြီး၊ ရဲတပ်ဖွဲ့ဝင် များ၏ ပစ်ခတ်မှုကြောင့် ရိုဟင်ဂျာ နှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ ရသည်။

(၃) တဖန် ထိုနေ့ ည ၁၂ နာရီတွင် တစ်ကြိမ်၊ ဇန်န၀ါရီလ ၁၄ ရက်နေ့ နံနက် ၄ နာရီတွင် တစ်ကြိမ် လုံ ခြုံရေး တပ်ဖွဲ့ဝင် များ၏ ပစ်ခတ် မှုကြောင့် ရွာသူ ရွာသား များစွာ သေဆုံး ခဲ့ရသည်။ ထို့နောက် ဒုချီရာ တန်း ရွာသူ ရွာသား အများစု ရွာမှ ထွက်ပြေး တိမ်းရှောင် ခဲ့ရပြီး၊ ကျန်နေ ခဲ့သည့် ရွာသူ ရွာ သားပေါင်း များစွာကို လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ ရခိုင် အစွန်း ရောက်များ ၀င်ရောက်၍ သတ်ဖြတ် ခဲ့သည့် အပြင်၊ ဒုချီရာ တန်း ရွာသူ ရွာသား များ၏ ပိုင်ဆိုင်မှု ပေါင်းများစွာ ကိုလည်း လုယက် ခဲ့သည်။

(၄) ဒုချီရာတန်း ရွာတွင် အသတ် ခံရသည့် သူများ၏ အလောင်း များကို ဇန်န၀ါရီလ (၁၈) ရက်နေ့ ညပိုင်း တွင် ကုန်တင် ကားကြီး ၃ စီးဖြင့် အလုံ ပိတ်၍ ရသေ့တောင် မြို့နယ် ဘက်သို့ သယ်ဆောင် သွား သည်။ 

အထက်တွင် ဖော်ပြ ထားသည့် အချက် အလက် များကို လူကြီးမင်းများ ဂေါ်ဒူသာရ ကျေးရွာသို့ ပြည်နယ် ၀န်ကြီးချုပ်နှင့် အတူ သွားသည့် ခရီးစဉ်တွင် ဒေသခံ ပြည်သူ များမှ တင်ပြ ထားသည်ဟု သိရှိရ ပါသည်။

ပြည်ထာင်စုအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဌာန၊မြန်မာ့အသံနှင့် နိုင်ငံတော်ပိုင် သတင်းစာ များမှ မှား ယွင်း စွာ သတင်း ထုတ်ပြန် နေခြင်း များကြောင့် ဒေသခံ ပြည်သူများ အလွန် ဆုံးရှုံး နစ်နာနေ ပါသည်။ သို့ဖြစ် ပါ၍ မှန်ကန်သည့် သတင်း ထုတ်ပြန် ပေးရန် လူကြီးမင်း များတွင် တာဝန် ရှိကြောင်း ပြောကြား လိုပါ သည်။

ကျွန်တော်များ ပြည်သူ များသည် လူကြီးမင်း များအား ကျွန်တော်များ ပြည်သူများ အတွက် မားမား မတ် မတ် ရပ်တည်ရန် ရွေးချယ်၍ ကျွန်တော် များ၏ ကိုယ်စား လှယ်များ အဖြစ် ထားရှိခြင်း ဖြစ်သည်။ 

လူကြီးမင်းများ အနေဖြင့် မည်သည့် အကြောင်း တစ်စုံ တစ်ရာ ကိုမှ မငှဲ့ကွက်ဘဲ ကျွန်တော်များ ပြည်သူ များ အတွက် မားမား မတ်မတ် ရပ်တည်၍ ဂေါ်ဒူသာရ ကျေးရွာတွင် ပြည်သူများ ပြောကြား ခဲ့သည် များကို တစ်ခု မကျန် အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာ ဖြင့်ရေးသား၍ ဤနေ့မှစ၍ (၃) ရက် အတွင်း သတင်း ထုတ်ပြန် ပေးပါရန် လေးစားစွာ ပန်ကြားအပ် ပါသည်။

လေးစားလျက်

နေဆန်းလွင်
ဒေသခံရိုဟင်ဂျာများကိုယ်စား
ခေတ္တ - ဂျာမဏီ


ဆက်သွယ်ရန် - 
ဖုန်း - +49 179 6535213
အီးမေးလ် - nslwin@btgwest.com

Comment ရေးရန်

Rohingya Exodus