နောက်ဆုံးသတင်း/ဆောင်းပါးများ

ဥဒေါင်း အုပ်ချုပ်ရေးမှူး ဦးတင်မောင် ငွေညှစ်မှုများ ဆက်လက်ပြုလုပ် လျက်ရှိ

RB News
10.1.2014

မောင်တော ။ ။ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ ဥဒေါင်း ကျေးရွာ အုပ်ချုပ် ရေးမှူး ဦးတင်မောင် သည် ဒေသခံ ရိုဟင်ဂျာ များကို အကြောင်းမဲ့ ဖမ်ဆီး၍ ငွေညှစ် လျက်ရှိကြောင်း သတင်း ရရှိ ပါသည်။ 

ဥဒေါင်း ကျေးရွာ အုပ်ချုပ် ရေးမှူး ဦးတင်မောင်သည် ဇန်န၀ါရီလ (၈) ရက်နေ့ ည ၈ နာရီ အချိန်တွင် လုံ ထိန်း ၄ ဦးနှင့် အတူ ဥဒေါင်း အနောက်ရွာသို့ ၀င်ရောက်၍ ဦးရှောမ်ရှု (ဘ) ဦးအီမာန် ဟူစိန်းကို ဘင်္ဂ လား ဖုန်းကိုင်ဆောင် နေသည်ဟု စွပ်စွဲ၍ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ ထို့နောက် ဦးရှောမ်ရှု ကို ငွေ ကျပ် ၅ သိန်း မပေးလျှင်တရားစွဲ၍ထောင်ချမည်ဟု ခြိမ်းခြောက်သောကြောင့် ငွေကျပ် ၂ သိန်း ပေးပြီးပြန်လည် လွတ်မြောက် လာကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

ယင်းနေ့ည ၁၀ နာရီ အချိန်တွင် ဥဒေါင်း ပါစ်ကိုရီရွာရှိ ယောက္ခမ အိမ်သို့ အလည်အပတ်ရောက် ရှိ နေသော သပြေတောရွာ သားဦးအတာရ်ဟူစိန်း(ဘ) ဦးအဒူဆတာရ် ကိုလည်း ဘင်္ဂလား ဖုန်း ကိုင်ဆောင် သည်ဟု စွပ်စွဲ၍ ဖမ်းဆီးပြီး ငွေကျပ် ၁ သိန်း ၅ သောင်း ညှစ်ယူပြီး ပြန်လည် လွှတ်ပေး ခဲ့ကြောင်း သိရှိ ရပါသည်။ 

ထို့အပြင် ဦးတင်မောင်သည် ဥဒေါင်း ကျေးရွာမှ စက်လှေဖြင့် မလေးရှား နိုင်ငံသို့ ထွက်ခွာ သွားသူ ၁၂၀ ဦး၏ မိဘ များထံမှ ငွေကျပ် ၃ သောင်းစီ ညှစ်ယူ ခဲ့ရာ စုစုပေါင်း ငွေကျပ် ၃၆ သိန်း ရရှိ ခဲ့သော်လည်း၊ ယခု တဖန် အိမ်ထောင်စု စာရင်းမှ ပယ်ဖျက်ရန် မကဖ အဖွဲ့သို့ ပေးရန်ဟု ဆိုကာ ၎င်း၏ တပည့် ဖြစ်သူ ဦးဖော် ယာဇူ (ဘ) ဦးဘော်ဆီရ် မှတဆင့် ငွေကျပ် ၇ ထောင်စီ ပေးရန် ဖိအားပေး လျက်ရှိသည်။ အကယ် ၍ ငွေ ၇ ထောင်စီ မပေးပါက စခန်းသို့ ခေါ်ပြီး ဒဏ်ငွေ နှစ်ဆ ရိုက်မည်ဟု ခြိမ်းခြောက် လျက်ရှိကြောင်း သိရှိ ရပါသည်။


Comment ရေးရန်

Rohingya Exodus