နောက်ဆုံးသတင်း/ဆောင်းပါးများ

ဗလီပြုပြင်သည်ဟု စွပ်စွဲ၍ ငွေညှစ်သည့် အပြင် ဗလီ အုတ်နံရံပါ ဖြိုဖျက်ခဲ့

RB News
10.1.2014

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ မြင်းလွှတ် အရှေ့ရွာရှိ ဗလီဟောင်း ကို ပြုပြင် နေ သည် ဟု စွပ်စွဲ၍ ဗလီ ရှေ့ဆောင် ဆရာထံမှ အာဏာပိုင် များက ငွေညှစ် ခဲ့သည့် အပြင် ဗလီ၏ အုတ်နံရံ ကိုလည်း ဖြိုဖျက် ခဲ့ကြောင်း သတင်း ရရှိ ပါသည်။ 

လွန်ခဲ့သည့် ၁၅ ရက်ခန့်က မောင်တော မြို့နယ်၊ တောင်ပိုင်း မြင်းလွှတ် ကျေးရွာရှိ ရဲစခန်းသို့ စခန်းမှူး အ သစ် ရဲအုပ် မြင့်ဦး ရောက်ရှိ လာပြီးနောက် မတရား သဖြင့် ငွေညှစ်မှုများ ပိုမို များပြား လာကြောင်း သိရှိ ရပါသည်။ ရဲအုပ် မြင့်ဦးသည် ယခင် နစက အဖွဲ့တွင် ၄ နှစ်တိတိ တာဝန် ထမ်းဆောင် ခဲ့ပြီး၊ နစက ဖျက် သိမ်းသည့် အချိန်တွင် အမှတ် (၈) နယ်မြေ အင်းဒင် စခန်းမှ စခန်းမှူး ဖြစ်သည်။ 

လွန်ခဲ့သည့် ၁၀ ရက်ခန့်က မြင်းလွှတ် အရှေ့ ရွာရှိ ဗလီဟောင်း (ရှီကာန်ဒေါရ် ဗလီ) ကို ဒေသခံ ရွာသား များမှ ဆေးသုတ် ပြုပြင် လျက်ရှိသည်ဟု စွပ်စွဲ၍ ရဲအုပ် မြင့်ဦးက ဗလီ ရှေ့ဆောင် ဆရာ ဖြစ်သူ မော်လ၀ီ ဦးအေနာမ် အုလ္လာကို စခန်းသို့ ဆင့်ခေါ် ခဲ့ပြီး အတင်း အဓမ္မ ခြိမ်းခြောက်၍ ၀န်ခံ ခိုင်းခဲ့သည်။ အဆိုပါ ဗလီ ကို လွန်ခဲ့သည့် နှစ်ပေါင်း တစ်ရာကျော်က တည်ဆောက် ခဲ့ခြင်း ဖြစ်ပြီး၊ နစက အဖွဲ့ မဖွဲ့စည်းမှီ အချိန်က ခွင့်ပြုချက် မလိုဘဲ အဆောက် အဦ များကို ပြုပြင် ဆောက်လုပ် နိုင်ခဲ့ ချိန်တွင် အုတ်နံရံ၊ သွပ်မိုး အဖြစ် ပြုပြင် ဆောက်လုပ် ခဲ့ခြင်း ဖြစ်သည်။ 

ရဲအုပ် မြင့်ဦးအား ရပ်မိ ရပ်ဖ များက ဗလီ ပြုပြင် နေခြင်းမှာ မမှန်ကန်ကြောင်း ပြော ဆို သော် လည်း၊ မော် လ၀ီ ဦးအေနာမ် အုလ္လာ ထံမှ ငွေကျပ် ၅ သိန်းကို ကျေးရွာ အုပ်ချုပ် ရေးမှူးမှ တဆင့် ညှစ်ယူ ခဲ့သည်။ ထို့အပြင် မြို့နယ် အုပ်ချုပ် ရေးမှူး ရုံးသို့ ဗလီကို ပြုပြင် နေကြောင်း အကြောင်းကြား ခဲ့ရာ၊ မြို့နယ် အုပ် ချုပ် ရေးမှူး ဦးကြည်စန်းက ငွေကျပ် ၁၀ သိန်း ညှစ်ယူ ခဲ့သည်။ ထို့နောက် ဗလီ၏ အုတ်နံရံကို ဖြိုဖျက်ရန် အမိန့် ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ဇန်န၀ါရီလ ၆ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် မြင်းလွှတ် အလယ် ရွာနေ မာဘူ ရာမန် (ဘ) ဦးအဒူ ရှ ကူရ် (အသက် ၂၀ နှစ်) သည် မြင်းလွှတ် ဈေးသို့ သွားနေစဉ် ရဲအုပ် မြင့်ဦး၏ တပ်ဖွဲ့ဝင် တစ်ဦး က ပေါ် တာ ဆွဲရန် ခေါ်သောကြောင့် ထွက်ပြေး ခဲ့ရာ၊ လိုက်လံ ဖမ်းဆီးပြီး စခန်းတွင် ချုပ်နှောင် ထား၍ဘင်္ဂလား ဖုန်းကိုင်ဆောင် သည်ဟုဆိုကာ တရားစွဲထောင်ချမည် ဟုခြိမ်းခြောက်သောကြောင့်ငွေကျပ် ၅ သိန်း ၅ သောင်း   ပေး ပြီး ပြန်လည် လွတ်မြောက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။


Comment ရေးရန်

Rohingya Exodus