နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျောက်တော်မြို့မှ လူငယ်တစ်ဦးကို ရခိုင်များ အကြမ်းဖက် တိုက်ခိုက်

Hla
RB News
16.2.2014

ကျောက်တော် ။ ။ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝ ကျေးရွာမှ ရိုဟင်ဂျာ လူငယ် တစ်ဦး ကို ရခိုင် အစွန်းရောက် များက အကြမ်းဖက် တိုက်ခိုက်သဖြင့် မျက်စိထိမှန်၍ ဒဏ်ရာ ပြင်း ထန်စွာ ရရှိ ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေပိုင်းတွင် ကျောက်တော် မြို့နယ်၊ အပေါက်ဝ ကျေးရွာမှ ရော်ဟီးမုလ္လာ (ဘ) ဦးဆာလေအာမတ် (အသက် ၁၇ နှစ်) သည် မိသားစုများ စားဝတ် နေရေး အတွက် ကုလားတန်မြစ် တွင် ပိုက်ချ၍ ငါးဖမ်း နေစဉ် ရခိုင် အစွန်းရောက် များမှ စက်လှေ တစ်စီးဖြင့် လိုက်လာပြီး လေးခွဖြင့် ပစ် ခတ်၍ တိုက်ခိုက်ရာ မျက်စိသို့ ထိမှန်ပြီး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ဆင်းရဲ နွမ်းပါးသည့် မိသားစုသည် ရော်ဟီးမုလ္လာ၏ ဒဏ်ရာကို ဆေးကုသ ပေးရန် မလွယ်ကူ သောကြောင့် မျက်စိကန်း ရမည့် အခြေ အနေတွင် ရှိနေကြောင်း သိရှိ ရပါသည်။ 

အဆိုပါ လူငယ်ကို တိုက်ခိုက်သည့် အဖွဲ့မှာ ဦးထွန်းဝင်း (စစ်တွေ) ဦးဆောင်သည့် ရခိုင် လူငယ်များ ကွန်ယက် ဖြစ်ပြီး၊ ထိုအဖွဲ့သည် ရခိုင်ပြည်နယ် တောင်ပိုင်းရှိ မြို့နယ် များတွင် ရေလမ်း၊ ကုန်းလမ်းမှ သွားလာသော ရိုဟင်ဂျာ များကို စောင့်ဆိုင်း၍ တိုက်ခိုက်ခြင်း၊ လုယက်ခြင်း၊ သတ်ဖြတ်ခြင်း များကို မကြာ ခ ဏ ပြု လုပ်သည့် အဖွဲ့ဖြစ်ကြောင်း ဒေသခံ များမှ ပြောပါသည်။

ကျောက်တော်မြို့ - ကုလားတန်မြစ် (ဓါတ်ပုံ - Google)


Comment ရေးရန်

Rohingya Exodus