နောက်ဆုံးသတင်း/ဆောင်းပါးများ

စုံ/ကော်တွင် ဦးလှသိန်း ပါဝင်ခြင်းကို ဒေသခံများ မကြိုဆို

RB News
7.2.2014

မောင်တော ။ ။ ဒုချီရာတန်း ဖြစ်စဉ် များကို စုံစမ်းရန် ပြည်ထောင်စု အစိုးရက စုံစမ်းရေး ကော်မရှင် တစ်ရပ်ကို ယမန်နေ့က ဖွဲ့စည်း ခဲ့ပြီး၊ နိုင်ငံတော် သတင်းစာ များတွင် ယနေ့ တရားဝင် ကြေညာ ခဲ့သည်။ ၂၀၁၂ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကို စုံစမ်းစစ်ဆေးရန် ၂၇ဦးပါဝင်သည့် စုံစမ်းရေး ကော် မရှင် ကို ဖွဲ့စည်း ခဲ့စဉ်က ရိုဟင်ဂျာ လူမျိုး တစ်ဦးမှ မပါဝင် ခဲ့သော်လည်း ယခု ဖွဲ့စည်းသည့် ၁၀ ဦးပါ စုံစမ်းရေး ကော်မရှင်တွင် မောင်တော မြို့မှ ရိုဟင်ဂျာ တစ်ဦးကို အဖွဲ့ဝင် အဖြစ် ထည့်သွင်း ထားသည် ကို တွေ့ရှိ ရသည်။ 

ယခု ဖွဲ့စည်းသည့် စုံစမ်းရေး ကော်မရှင်တွင် ရိုဟင်ဂျာ ရပ်မိ ရပ်ဖ ဦးလှသိန်း (ခ) ဦးမော်ဂျီဟူလာ ပါဝင်ခြင်း ကို ဒေသခံ များက မကြိုဆိုကြောင်း RB News သို့ ပြောပါသည်။ 

ဦးလှသိန်းသည် မောင်တော မြို့နယ်၊ မြို့မတောင် ရပ်ကွက်တွင် နေထိုင်သူ တစ်ဦး ဖြစ်ပြီး၊ မောင်တော မြို့နယ်ရှိ သတင်း တပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ တို့၏ တပည့် တစ်ဦးသာ ဖြစ်ကြောင်း၊ ၎င်းကို ၂၀၁၂ ခုနှစ် ဇွန်လ တွင် ဖြစ်ပွား ခဲ့သည့် အကြမ်းဖက် မှုတွင်လည်း အစိုးရမှ အသုံးချ ခဲ့ကြောင်း၊ ယခု စုံစမ်းရေး ကော်မ ရှင် တွင် ဒေသခံ များ၏ ဆန္ဒ မပါဝင်ဘဲ ခန့်ထားခြင်း ဖြစ်ကြောင်း ဒေသခံ များက RB News သို့ ပြော သည်။ 

မောင်တော မြို့နယ် အတွင်းတွင် ဆရာဝန်များ၊ ကျောင်းဆရာများ၊ ရှေ့နေများနှင့် အခြားသော ပညာရှင် များ ရှိသော်လည်း ပညာ အရည်အချင်း အလွန် နည်းပါးသည့် ဦးလှသိန်းကို ရွေးချယ်၍ စုံစမ်းရေး ကော် မရှင်တွင် ခန့်အပ်ခြင်းမှာ အစိုးရ အလိုကျ လိုက်ပြောမည့်သူကို တမင် ရွေးချယ်ခြင်း သာ ဖြစ်သည်ဟု ဆို သည်။ 

ဒေသခံ များက ပြည်ထောင်စု လွှတ်တော်တွင် ရိုဟင်ဂျာ အမတ်များ ရှိသော်လည်း ၂၀၁၂ ခုနှစ် စုံ စမ်းရေး ကော် မရှင် တွင်လည်း မပါဝင် စေခဲ့သည့် အပြင် ယခုလည်း ထည့်သွင်းခြင်း မရှိသဖြင့် ယခု စုံစမ်းရေး ကော်မရှင် မှာလည်းယခင်ကဲ့သို့ပင် အစိုးရ အလိုကျ အစီရင်ခံမည့် အဖွဲ့ တစ်ခု သာ ဖြစ်ကြောင်း၊ အမျိုးသား လူ့အခွင့် အရေး ကော်မရှင် လာစဉ် အခါ ကလည်း အဖြစ်မှန်ကို တင်ပြ ခဲ့သော်လည်း လိမ်ညာ၍သာ အစီရင်ခံကြောင်း၊ ထို့ကြောင့် ဒေသခံ များက နိုင်ငံတကာမှ လွတ်လပ်စွာ လာရောက်၍ စုံစမ်းမည့် စုံစမ်းရေး ကော်မရှင် တစ်ရပ်ကိုသာ လိုလားသည်ဟု RB News သို့ ပြောပါသည်။



Comment ရေးရန်

Rohingya Exodus