နောက်ဆုံးသတင်း/ဆောင်းပါးများ

ဒုချီရာတန်း ပတ်ဝန်းကျင် ရွာများမှ ဒေသခံ များကို အစည်း အဝေး ခေါ်ထား

RB News
7.2.2014

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း ဒုချီရာတန်း ကျေးရွာ အုပ်စု ပတ်ဝန်းကျင်ရှိ ဒေသခံ များကို အာဏာပိုင် များက အစည်း အဝေး တက်ရောက်ရန် ခေါ်ယူ ထားကြောင်း သတင်း ရရှိပါသည်။

မောင်တော မြို့နယ်၊ တောင်ပိုင်း ဒုချီရာတန်း ကျေးရွာ အုပ်စု အနီး ပတ်ဝန်းကျင်ရှိ ပန်းတောပြင်၊ ညောင်ချောင်း၊ ဘဂုံးနား (တပ်ဦးချောင်း)၊ ပဒင်း၊ ဒုညောင်ပင်ကြီး၊ ဒုချီရာတန်း၊ ဂေါ်ဒူသာရနှင့် ပညောင်ပင်ကြီး ကျေးရွာ အုပ်စု များမှ အုပ်ချုပ် ရေးမှူး များနှင့် စာရေးများ၊ ကျေးရွာ အုပ်စု တစ်စုလျှင် ရပ်မိ ရပ်ဖ ၅ ဦးစီ၊ မော်လ၀ီ (ဘာသာရေး ဆရာ) ၃ ဦးစီနှင့် ရာအိမ်မှူး ၄ ဦးစီကို ဖေဖော်ဝါရီ ၈ ရက်နေ့ နံနက် ၈ နာရီတွင် ဘဂုံးနားရှိ မူလတန်း လွန်ကျောင်းသို့ လာရောက်၍ အစည်း အဝေး တက်ရောက်ရန် ဒေသ ဆိုင်ရာ အာဏာပိုင် များက နှိုးဆော် ထားကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

အစည်း အဝေး ခေါ်ယူ ရခြင်းမှာ ယမန်နေ့က ဖွဲ့စည်းလိုက်သော ဒုချီရာတန်း ဖြစ်စဉ် စုံစမ်းရေး ကော်မရှင်နှင့် ဆက်နွယ် နေသည်ဟု ယူဆ ရပြီး၊ ဒေသခံ များကို စုံစမ်းရေး ကော်မရှင် လာပါက လိမ်ညာ ခိုင်းရန် အစည်း အဝေး ခေါ်ရခြင်း ဖြစ်သည်ဟု ဒေသခံ များက ဝေဖန် သုံးသပ် နေကြသည်။ 

၂၀၁၂ ခုနှစ် အကြမ်းဖက် မှုများနှင့် ပတ်သက်၍ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်း ခဲ့သော်လည်း အစိုးရ အလိုကျ အစီရင်ခံစာ ကိုသာ တင်သွင်း ခဲ့ပြီး၊ ယခု စုံစမ်းရေး ကော်မရှင်နှင့် ပတ်သက်၍ ဒေသခံ များက မျှော်လင့်ချက် တစ်စုံတစ်ရာ မရှိကြောင်း RB News သို့ ပြောပါသည်။


Comment ရေးရန်

Rohingya Exodus