နောက်ဆုံးသတင်း/ဆောင်းပါးများ

ဒုချီရာတန်း စုံ/ကော်ကို Civil Rights Movement မှလက်မခံကြောင်း ကြေညာချက်



ထုတ်ပြန် ကြေညာချက် ၂/၂၀၁၄ 
၂၀၁၄ ခု ဖေဖေါ်ဝါရီ ၈ ရက်

အစိုးရ လက်ကိုင် ဒုချီရာတန်း စုံစမ်း စစ်ဆေးရေး ကော်မရှင်အား လုံးဝ လက်မခံကြောင်း ထုတ်ပြန် ကြေညာချက်

၂၀၁၄ ဇန်န၀ါရီ ၁၃ ရက်နေ့ အစုလိုက် အပြုံလိုက် လူသတ်မှု ကျူးလွန် ခဲ့သည့် ရာဇ၀တ် မှုနှင့် ဇန်န၀ါရီလ ၂၈ ရက်နေ့ လက်ရာဖျောက် မီးရှို့ပစ်မှု ကြီးအား- မြန်မာ အစိုးရမှ နည်းအမျိုးမျိုးဖြင့် ဗြောင်တိုက် လိမ်ညာ ခဲ့ပြီ ဖြစ်ကြောင်း ကမ္ဘာ့ အသိုင်း အ၀ိုင်းမှ ခရေစေ့ တွင်းကျ သိပြီး ဖြစ်သည်။

သို့သော် မြန်မာ အစိုးရ အနေဖြင့် ကမ္ဘာမှ အယုံ အကြည် လုံးဝ ကင်းမဲ့ နေသော လုပ်ရိုး လုပ်စဉ် အတိုင်း လက်သပ်မွေး လူတစ်စုဖြင့် ဒုချီရာတန်း စုံစမ်း စစ်ဆေးရေး ကော်မရှင် တစ်ရပ်ကို ဖွဲ့စည်းလျက် ပြည်တွင်းနေ ပြည်သူ လူထုအား လှည့်စားရန် ထပ်မံ ကြံစည် ခြင်းအား- ၎င်းတို့ ကျူးလွန် ခဲ့သည့် လူမျိုးတုံး သတ်မှု၏ သက်သေ အထောက် အထား များကို ထပ်ဆင့် ဖျောက်ဖျက်ရန် ကြံစည်မှု အဖြစ် ကျွန်ုပ်တို့ Civil Rights Movement အဖွဲ့မှ တိတိ ကျကျ မှတ်တမ်း ပြုစု ထားသည်။

၎င်းတို့၏ လက်သပ်မွေး ကော်မရှင်အား ဖွဲ့စည်းသည့် ရည်ရွယ်ချက်- ၂ (ဂ) မှာပင် မိမိတို့၏ လူမျိုးတုံး သတ်မှု ကျူးလွန် ခဲ့ခြင်းအား ဖုံးကွယ်သည့် အနေဖြင့် အပြစ်မဲ့ ကျူးလွန် ခံရသူ တို့အား အပြစ်ပုံချ အပြစ် ပေးရန်သာ ရည်ရွယ်ကြောင်း ကိုလည်း ရှင်းရှင်း လင်းလင်း ဖေါ်ပြထား ပါသည်။ ထိုအချက်အား ကမ္ဘာ့ အဖွဲ့ အစည်း တိုင်းမှ သိရှိ စေရန် ကျွန်ုပ်တို့ Civil Rights Movement မှာ မလွဲမသွေ ဆောင်ရွက် သွားမည် ဖြစ်သည်။

အဆိုပါ အစုလိုက် အပြုံလိုက် လူသတ်မှု ကြီးအား ကမ္ဘာမှ ယုံကြည် စိတ်ချ ရသည့် စုံစမ်း စစ်ဆေးရေး အဖွဲ့ တစ်ရပ် မဖြစ်မနေ ၀င်ရောက် နိုင်ရန် ကမ္ဘာ့ အသိုင်း အ၀ိုင်းအား ချဉ်းကပ်လျက် တစိုက် မတ်မတ် ဆောင်ရွက် သွားမည် ဖြစ်သည်။


မိုးကျော်
အထွေထွေ ညွှန်ကြားရေးမှုး
တန်းတူညီမျှ အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှု အဖွဲ့

Comment ရေးရန်

Rohingya Exodus