နောက်ဆုံးသတင်း/ဆောင်းပါးများ

ရွာအုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီး ငွေညှစ်

MYRAF
RB News
7.2.2014

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ ညောင်ချောင်း ကျေးရွာ (ကာဒိရ် ဘိလ်) အုပ်ချုပ်ရေး အဖွဲ့တစ်ဦးအား ရဲများက ဖမ်းဆီး၍ ငွေညှစ် ခဲ့ကြောင်း သတင်း ရရှိ ပါသည်။

မောင်တော မြို့နယ်၊ ညောင်ချောင်း ကျေးရွာမှ အုပ်ချုပ်ရေး အဖွဲ့ဝင် တစ်ဦး ဖြစ်သည့် ဦးဟာဘဲစ် အာမတ် (ဘ) ဦးအီမာန် ဟူဆောင်းသည် ယနေ့ နေ့လည် ၁း၃၀ နာရီ အချိန်တွင် မောင်တော မြို့သို့ သွားနေစဉ် မြို့သူကြီးနှင့် မြို့မ ကညင်တန်း ရွာကြားရှိ တံတားမှ ရဲကင်း စခန်းက ရဲများက ၂၀၁၂ အကြမ်းဖက် မှုများတွင် ပါဝင်သည်ဟု စွပ်စွဲ၍ ဖမ်းဆီး၍ မောင်တော ရဲစခန်းသို့ ပို့ဆောင် ချုပ်နှောင် ထားခဲ့သည်။ 

နေ့လည် ၃း၃၀ နာရီ အချိန်တွင် ညောင်ချောင်း ကျေးရွာ အုပ်ချုပ် ရေးမှူးက မောင်တော မြို့နယ် ရဲစခန်းသို့ လိုက်သွား၍ ဖမ်းဆီး ခံရသူ ဦးဟာဘဲစ် အာမတ်သည် လူကောင်း တစ်ဦး ဖြစ်ကြောင်း၊ ရွာအုပ်ချုပ်ရေး အဖွဲ့ဝင် တစ်ဦး ဖြစ်ကြောင်း၊ မည်သည့် အကြမ်းဖက် မှုတွင်မှ ပါဝင် ပတ်သက်မှု မရှိကြောင်းကို ရှင်းပြ၍ အာမခံ သော်လည်း ရဲအရာရှိ တစ်ဦးက “မင်းတို့ ဘင်္ဂလီတိုင်းဟာ မွေးလာ ကတည်းက တရားခံ တွေဖြစ်တယ်။ အဲဒါကြောင့် လွှတ်ပေးဖို့ ငါးသောင်း ပေးရမယ်” ဟု ပြောဆို သဖြင့် နောက်ဆုံးတွင် ငွေ ငါးသောင်း ပေး၍ ပြန်လည် လွတ်မြောက် လာခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။


Comment ရေးရန်

Rohingya Exodus