နောက်ဆုံးသတင်း/ဆောင်းပါးများ

တပ်ရင်း ၃၅၂ မှ ရိုဟင်ဂျာ အမျိုးသမီး တစ်ဦးကို အုပ်စုဖွဲ့ မုဒိန်းကျင့် သတ်ဖြတ်




RB News
4.6.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ ဘောက်ရှုဖွေရာ (အောင်ဇံ) ကျေးရွာအုပ်စုမှ ရိုဟင်ဂျာ အမျိုးသမီး တစ်ဦးကို အုပ်စုဖွဲ့ မုဒိန်းကျင့်၍ သတ်ဖြတ်လိုက်ကြောင်း သတင်း ရရှိပါသည်။

ဇွန်လ (၃) ရက်နေ့ ည ၉ နာရီ အချိန်တွင် မြန်မာ့ တပ်မတော် တပ်ရင်း ၃၅၂ မှာ တပ်မတော်သား အချို့သည် မောင်တောမြို့နယ် မြောက်ပိုင်း၊ ဘောက်ရှုဖွေရာ (အောင်ဇံ) ကျေးရွာ အုပ်စု၊ ဆာလေတောင် ကျေးရွာရှိ ဦးဇော်ကီရ် အာမတ်၏ နေအိမ်သို့ ၀င်ရောက်ခဲ့သည်။ ထို့နောက် ဦးဇော်ကီရ်အာမတ်၏ ဇနီး ဖြစ်သူ ဒေါ်အနိုဝါရ်ဘေဂမ်ကို အုပ်စုလိုက် မုဒိန်းကျင့် ခဲ့သည်။

ဒေါ်အနိုဝါရ်ဘေဂမ်သည် လူမဆန်သည့် စစ်သားများ မုဒိန်းကျင့် နေစဉ်ပင် သေဆုံးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ လူမဆန်သည့် စစ်သားများသည် တစ်ဦးပြီး တစ်ဦး မုဒိန်းကျင့် ခဲ့ကြပြီး၊ လေးယောက်မြောက်တွင် တိရိစ္ဆာန် သဖွယ် စစ်သားများ၏ လူမဆန်မှုကြောင့် ဒေါ်အနိုဝါရ်ဘေဂမ် သေဆုံးခဲ့ရသည်။

လွန်ခဲ့သည့် ရက်ပိုင်းကလည်း မောင်တောခရိုင်မှ ရိုဟင်ဂျာ အမျိုးသမီး တစ်ဦးကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ အမှတ် (၄) နယ်မြေ တာဝန်ခံ ရဲမှူး ဝေလင်းကိုနှင့် ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင် တို့က အုပ်စုလိုက် မုဒိန်းကျင့် ခဲ့သော်လည်း သက်ဆိုင်ရာ အာဏာပိုင်များက အရေးယူ ဆောင်ရွက် ပေးခြင်း မရှိခဲ့ပေ။

ဇွန်လ (၃) ရက်နေ့က ဒေါ်အနိုဝါရ်ဘေဂမ်ကို မုဒိန်းကျင့်၍ သတ်ဖြတ်လိုက်ခြင်းနှင့် ပတ်သက်၍လည်း အထက် အာဏာပိုင်များမှ အရေးယူ ဆောင်ရွက် ပေးခြင်း မရှိဟု ဒေသခံများက ပြောပါသည်။

နေပြည်တော် ဗဟိုအစိုးရနှင့် စစ်တွေ ပြည်နယ် အစိုးရ တို့မှ နယ်မြေ အာဏာပိုင်များ၏ ရက်စက်မှု များကို သိရှိသော်လည်း အရေးယူ ဆောင်ရွက် ပေးခြင်း မရှိသည်မှာ ရိုဟင်ဂျာ များကို ညှဉ်းပန်း နှိပ်စက် သတ်ဖြတ်ရေး မူဝါဒသည် မြန်မာ အစိုးရ ကိုယ်တိုင် ချမှတ် ထားသည့် မူဝါဒ ဖြစ်သည့် အတွက်ကြောင့် ဖြစ်သည်။

Comment ရေးရန်

Rohingya Exodus