နောက်ဆုံးသတင်း/ဆောင်းပါးများ

WFP မှ ရိက္ခာဖြန့်ဝေမှုကို အာဏာပိုင်များက အနှောက်အယှက်ပေး




Rohingya Eye
RB News
4.6.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာ အုပ်စု (၆) စုတွင် အလုပ်လက်မဲ့ မုဆိုးမ ဖြစ်နေသူများကို WFP မှ ရိက္ခာများ ဖြန့်ဝေပေးခဲ့ရာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ အချို့မှ အနှောက်အယှက် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

မေလ (၃၁) ရက်နေ့နှင့် ဇွန်လ (၁) ရက်နေ့များတွင် မောင်တောမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာ အုပ်စု (၆) စုရှိ အလုပ်လက်မဲ့ ဖြစ်ပြီး စားဝတ် နေရေး ခက်ခဲ နေသည့် မုဆိုးမများကို WFP (ကမ္ဘာ စားနပ်ရိက္ခာ အဖွဲ့) က ဆန်၊ဆီ၊ဆားနှင့် ပဲများကို လူမျိုး ဘာသာ မခွဲခြားဘဲ ဖြန့်ဖြူး ပေးခဲ့သည်။ ငါးခူရ ကျေးရွာ အုပ်စုရှိ WFP ဂိုဒေါင်မှ တဆင့် ဖြန့်ဖြူး ပေးခဲ့ခြင်း ဖြစ်ပြီး၊ ရဲတပ်ရင်းမှူး ရဲမှူးကြီး မိုးညို၏ လက်အောက်မှ ရဲမှူးတစ်ဦး၊ စ.ရ.ဖ နှင့် အခြားသော ဌာနများမှ WFP ၏ ဂိုဒေါင်ကို သွားရောက်၍ စစ်ဆေး မေးမြန်းခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အာဏာပိုင်များက စစ်ဆေး မေးမြန်းရာတွင် ထောက်ပံ့ပေးရခြင်း အကြောင်းရင်းနှင့် ခွင့်ပြုချက် ရရှိပုံများကို မေးမြန်း ခဲ့ရာ၊ WFP မှ တာဝန်ရှိသူများက အလုပ်လက်မဲ့ ဖြစ်နေသည့် မုဆိုးမများကိုသာ ထောက်ပံ့ခြင်း ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။ အာဏာပိုင်များက ကျေးရွာများတွင် ဖြန့်ဖြူးနေမှုများကို ကွင်းဆင်း စစ်ဆေးခဲ့သော်လည်း၊ WFP မှ ဖြေကြားသည့် အတိုင်းသာ အလုပ်လက်မဲ့ ၀င်ငွေမရှိသည့် မုဆိုးမများကိုသာ ထောက်ပံ့နေသည်ကို လေ့လာ သိရှိသွားခဲ့ကြောင်း သိရှိရပါသည်။

သို့သော်လည်း အာဏာပိုင်များက ကျေးရွာ အုပ်စု တစ်စု အတွက် ဆန်အိတ် (၂) အိတ်စီ ပေးရမည်ဟု WFP မှ တောင်းခံ ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ WFP မှ စာရင်း ဇယား အတိအကျဖြင့် နိုင်ငံတော် အစိုးရ၏ ခွင့်ပြုချက်နှင့် လုပ်ကိုင်နေသည့် အတွက် အာဏာပိုင်များ တောင်းခံသည့် ဆန်အိတ် (၁၂) အိတ်ကို မပေးခဲ့ကြောင်း သိရှိရပါသည်။

Comment ရေးရန်

Rohingya Exodus