နောက်ဆုံးသတင်း/ဆောင်းပါးများ

နယ်ခြားစောင့် ရဲတပ်ဖွဲ့ အမည်ကိုသုံး၍ ရွာတာဝန်ခံများက ငွေညှစ်



RB News
25.8.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ လေးမြို့ ကျေးရွာ အုပ်စု၊ ကြာညိုပြင် ကျေးရွာမှ တာဝန်ခံ ညီအစ်ကို နှစ်ဦး တို့သည် နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ အမည်သုံး၍ ဒေသခံများထံမှ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင်မြို့နယ်၊ လေးမြို့ ကျေးရွာ အုပ်စု၊ ကြာညိုပြင် ကျေးရွာမှ တာဝန်ခံ ဦးအာရောဖ်အာမတ်နှင့် ဦးဇော်မြင့်နိုင် တို့သည် ယခင် န.စ.က လက်ထက်တွင် န.စ.က များနှင့် ပူးပေါင်းပြီး ဒေသခံ ရိုဟင်ဂျာများကို အမျိုးမျိုး ခြိမ်းခြောက်၍ ငွေညှစ်ခဲ့ကြသည်။ န.စ.က ဖျက်သိမ်းပြီးနောက် န.စ.က နေရာတွင် အစားထိုး ရောက်ရှိလာသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ဒေသခံများကို အမျိုးမျိုး ခြိမ်းခြောက်၍ ငွေညှစ်လျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

သြဂုတ်လ (၆) ရက်နေ့တွင် ဦးဇော်မြင့်နိုင်နှင့် ဦးအာရောဖ်အာမတ် တို့သည် ကင်းတောင် ကျေးရွာမှ ဦးအနိုဝါရ် ဆာဒဲခ်နှင့် ပူးပေါင်း၍ အဆိုပါ ကျေးရွာမှ ဗလီ ရှေ့ဆောင် ဆရာ ဖြစ်သူ မော်လ၀ီ ဦးအေရ်ရှာဒ် (ဘ) ဦးအဒူဆော်တော်ရ်ကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း အမှတ် (၂၁) သို့ ခေါ်ဆောင်သွားပြီး စစ်ဆေး စေခဲ့သည်။ မော်လ၀ီ ဦးအေရ်ရှာဒ်သည် အပြစ်မဲ့ တစ်ဦး ဖြစ်ပြီး၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ စစ်ဆေးပြီးနောက် ငွေကြေး တစ်စုံတစ်ရာ မပေးရဘဲ လွတ်မြောက် လာခဲ့သည်။

သို့သော်လည်း သြဂုတ် (၇) ရက်နေ့တွင် ဦးဇော်မြင့်နိုင်နှင့် ဦးအာရောဖ်အာမတ် တို့သည် မော်လ၀ီ ဦးအေရ်ရှာဒ်ကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ဗိုလ်ကြီးကို ငွေကျပ် ၃ သောင်း ပေးရမည်ဟု ဆိုကာ အမျိုးမျိုး ခြိမ်းခြောက်၍ ငွေကျပ် ၃ သောင်း ညှစ်ယူခဲ့သည်။

ဦးဇော်မြင့်နိုင်နှင့် အပေါင်းအပါ (၃) ဦး တို့သည် နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ အမည်ကို သုံး၍ ဒေသခံများ ထံမှ ငွေညှစ်ခြင်းများ မကြာခဏ ပြုလုပ်နေသောကြောင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ အကြီးအကဲ ဖြစ်သူ ရဲမှူးချုပ် တင်ကိုကိုမှ တားဆီး အရေးယူ ပေးရန် တောင်းဆိုကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus